Sales Hotline : 09448001653    



မိမိနဲ့ကိုက်ညီမယ့် အလုပ်အကိုင်အမျိုးအစားကို ဆန်းစစ်ကြည့်နိုင်မယ့် Website

 

 

ဘယ်အသက်မွေးဝမ်းကြောင်းအလုပ်က သင်နဲ့ အသင့်တော်ဆုံးဖြစ်မလဲ။ တစ်ခါတစ်လေမှာ ကိုယ်ဝါသနာပါတာက တစ်ခု၊ ကိုယ် လျှောက်နေရတဲ့ အသက်မွေးဝမ်းလမ်းကြောင်းက တစ်ခုစီ သီးခြားဖြစ်နေတတ်ပါတယ်။ဒါမှမဟုတ်လည်း ကိုယ်တကယ်ဝါသနာပါပြီး လုပ်ချင်တဲ့ အလုပ်က ဘာလဲဆိုတာမျိုး ဝေခွဲမရဖြစ်နေတတ်ပါတယ်။ 

 

ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် ဝက်ဘ်ဆိုဒ်လင့်ခ်လေးကို ဝင်ရောက်ပြီး သင့်ရဲ့ ဝါသနာကဘာလဲ၊ ဘယ်လို အသက်မွေးလမ်းကြောင်း အလုပ်အကိုင်မျိုးကို ရွေးချယ်သင့်တာလဲ အခမဲ့ ဆန်းစစ်ကြည့်လိုက်ရကြရအောင်နော်။

 

ဒီအခမဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အရည်အချင်းစစ်ဆေးနိုင်တဲ့ test လေးက သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးအမျိုးအစားအလိုက် စရိုက်လက္ခဏာကို အခြေခံပြီး မည်သည့် အလုပ်ပတ်ဝန်းကျင် နှင့် အလုပ်အကိုင်တွေကတော့ သင့်အတွက် အသင့်တော်ဆုံးဖြစ်တယ်ဆိုတာကို လေ့လာနိုင်မှာပါ။

 

ရလာဒ်အနေနဲ့ သင့်အတွက် ရွေးချယ်စရာ အသက်မွေးဝမ်းလမ်းကြောင်း အလုပ်အကိုင်စာရင်းကို စစ်ထုတ်နိုင်ပြီး မှန်ကန်တဲ့ လမ်းကြောင်းကို လမ်းညွှန်ပြသပေးနိုင်မှာ ဖြစ်ပါတယ်။ သင့်အတွက် အောင်မြင်မှု လမ်းကြောင်း အခွင့်အလမ်းများလည်း တိုးလာမှာ အမှန်ပါပဲ။ ဒီတော့ ရလာဒ်ကို အခုပဲ စမ်းသပ်ကြည့်လိုက်ရအောင်နော်။ 

 

ဖြေဆိုရမယ့် Test လေးအတွက် လမ်းညွှန်ချက်တွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

 

ပထမဦးစွာ အောက်မှာ ဖော်ပြထားတဲ့ ဝက်ဘ်ဆိုဒ်လင့်ခ်ထဲကို ဝင်ပါ။ 

 

ကိုယ်ရွေးချယ်လိုတာကို အမှန်ခြစ်လုပ်ပြီး ကိုယ်မကြိုက်တာကို အမှားခြစ်နှိပ်ပြီး ရွေးချယ်ပါ။ 

 

ဖြေဆိုချိန်ကတော့ ငါးမိနစ် မှ ဆယ်မိနစ်ကြား ကြာမြင့်မှာပါ။ အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ လေးပုံတွဲ ပုံ ၁၅ ပုံကို သင်မြင်တွေ့ရပါမယ်။ သင်အနှစ်သက်ဆုံးသော အလုပ်အကိုင် နဲ့ ပတ်သက်တဲ့ ပုံရယ်၊ သင့်အတွက် ဆွဲဆောင်မှု အနည်းဆုံး တစ်ခုရယ်ကို ရွေးချယ်ပါ။

 

ဝင်ငွေပေါ်အခြေခံပြီး မရွေးချယ်ပါနဲ့။ ဥပမာ - သင် နှစ်သက်တာကြောင့် မဟုတ်ပဲ ဒီအလုပ်ကတော့ ဝင်ငွေပိုရမှာမို့ ရွေးချယ်လိုက်တယ် ဆိုတာမျိုးကို ရှောင်ရှားပါ။ ကျား/မ ၊ လူမျိုးရေးအပေါ်လည်း အခြေခံပြီး မရွေးချယ်ပါနဲ့။ ပြထားတဲ့ အလုပ်အမျိုးစားကို သင်ကိုယ်တိုင် လုပ်ဆောင်နေတယ်လို့ မြင်ယောင်ကြည့်ရုံနဲ့တင် လုပ်ချင်စိတ် ရှိ/မရှိ အပေါ်ပဲ အခြေခံပြီး ရွေးချယ်ကြည့်ပါ။ 

 

မေးခွန်း (၁၅) ခုလုံး ရွေးချယ်လို့အပြီးမှာ သင့်ရဲ့  education level, Background questions (ကျား/မ၊ အသက်၊ နိုင်ငံ၊ ပညာရေး၊ ဘာလို့ ဒီ test ကိုဖြေတာလဲ၊ လက်ရှိဘာလုပ်နေတာလဲ၊ ဘယ်အပိုင်းမှာလုပ်နေတာလဲ) စတဲ့အချက်လေးတွေကို ပေးထားတဲ့အထဲကနေ ရွေးချယ်ပေးရပါမယ်။ 

 

ဒါဆိုရင်တော့ သင့်ရဲ့ ရွေးချယ်ဖြေဆိုမှုအပိုင်း ပြီးသွားပြီမို့ ရလာတဲ့ ရလာဒ်ကို ကြည့်ရှုသုံးသပ်လို့ရပါပြီ။ ဒါဆို အချိန်တွေဆွဲမနေပဲ သင့်ရဲ့ အလုပ်အကိုင်လမ်းကြောင်းအမှန်ကဘာလဲ ရွေးချယ်သုံးသပ် နိုင်ဖို့အတွက် အခုပဲဖြေဆိုကြည့်လိုက်ရအောင်နော်။ 

 

Website Test Link >>> >>> https://www.123test.com/career-test/

 

Knowledge Vocational University / College Read 964 times