၁၀ တန်း (သို့) ၁၁ တန်း ပြီးထားတဲ့ မြန်မာကျောင်းသား၊ ကျောင်းသူတွေအတွက် ကမ္ဘာ့အဆင့်မြင့် တက္ကသိုလ်တွေမှာ ဝင်ခွင့် ရရှိဖို့ လမ်းကြောင်းတစ်ခုဖြစ်တဲ့ IB ဒီပလိုမာ ပရိုဂရမ်အတွက် ပညာသင်ဆု စတင် လျှောက်ထားနိုင်ပါပြီ။
IB Diploma Programme အကြောင်း အသေးစိတ် ဖတ်ရှုရန်
>> https://www.edge.com.mm/article/-ib-diploma.html
ဒီပညာသင်ဆုကို UWC (United World Colleges) အဖွဲ့အစည်းမှ ပေးအပ်တာဖြစ်ပြီး နှစ်စဉ် လျှောက်လွှာလက်ခံကာ ပညာသင်ဆုအတွက် ထိုက်တန်တဲ့ ကျောင်းသားတွေ ရွေးချယ် ခေါ်ယူလျက်ရှိပါတယ်။
UWC အဖွဲ့အစည်းနဲ့ ပညာသင်ဆုအကြောင်း အသေးစိတ် ဖတ်ရှုရန်
>> https://www.edge.com.mm/article/-ibdp-uwc.html
ပညာသင်ဆု လျှောက်ထားလိုသူတွေအတွက်
- မြန်မာနိုင်ငံသားဖြစ်ရပါမယ်။
- အသက် (၁၅) နှစ်ကနေ (၁၈) နှစ်အတွင်း ရှိရပါမယ်။ (ဇန်နဝါရီ ၁၊ ၂၀၀၈ မှ ဩဂုတ် ၁၊ ၂၀၁၂ အတွင်း မွေးဖွားသူ)
- ၁၀ တန်း (သို့) ၁၁ တန်း ပြီးထားပြီသူဖြစ်ရပါမယ်။ (IGCSE/GED ပြီးထားသူများလည်း လျှောက်ထားနိုင်)
- English Pre-intermediate Level ရှိထားသင့်ပါတယ်။ (SAT/ACT/IELTS/TOEFL/Duolingo ဖြေထားစရာ မလိုအပ်)
- ကိုယ်ပိုင်အသုံးပြုနေတဲ့ အီမေးလ်တစ်ခု ရှိရပါမယ်။
ပညာသင်ဆု ရရှိရင် တက်ရောက်နိုင်မယ့် ကျောင်းများ
၁။ UWC Robert Bosch College (Germany)
၂။ UWC South East Asia (Singapore)
၃။ Pearson College UWC (Canada)
၄။ UWC Changshu China (China)
၅။ UWC Mahindra College (India)
၆။ UWC Dilijan (Armenia)
၇။ UWC Costa Rica (Costa Rica)
၈။ UWC Thailand (Thailand)
၉။ UWC Li Po Chun (Hong Kong)
၁၀။ UWC Atlantic College (UK)
ပြင်ဆင်ထားရမယ့် စာရွက်စာတမ်းများ
- မှတ်ပုံတင်
- ပတ်စ်ပို့ (ပညာသင်ဆု လျှောက်ထားချိန် မရှိသေးရင် ရပေမဲ့ မရှိသေးရင်တော့ လျှောက်ထားဖို့ အကြံပြုပါတယ် )
- အိမ်ထောင်စုစာရင်း
- ပညာရေးနောက်ခံနှင့် အမှတ်စာရင်း ( ဥပမာ - G9 နှင့် G10 အမှတ်စာရင်းများ)
- လျှောက်လွှာမှာ ပါမယ့် အက်ဆေး (၁) ပုဒ်နှင့် မေးခွန်းတို (၂) ပုဒ်
- (၁) မိနစ်စာ မိတ်ဆက် ဗီဒီယို (ဖိုင်အရွယ်စား 50 MB ထက် မကြီးရ)
- ထောက်ခံစာ (၂) စောင် (Academic and Non-academic)
- မိဘအုပ်ထိန်းသူ သဘောတူညီချက် ( မိဘ (သို့) အုပ်ထိန်းသူနှစ်ယောက်က UWC မှာ ကျောင်းတက်ဖို့ သဘောတူကြောင်း၊ ကုန်ကျစရာရှိလာခဲ့ရင်လည်း ထောက်ပံ့ပေးဖို့ သဘောတူညီကြောင်း ဖောင်မှာ ဖြည့်စွက်ပေးရမှာ ဖြစ်ပါတယ်)
လျှောက်ထားရမယ့်ပုံစံ
Application Form မှာ ဖြည့်ရမယ့် အပိုင်း (၁၂) ပိုင်း ပါဝင်ပါတယ်။ အဲ့ဒီမှာ မဖြစ်မနေ ဖြည့်ရမယ့် အပိုင်းက (၉) ခုပဲ ရှိပါတယ်။ နောက်ဆုံး (၃) ပိုင်းကတော့ မိမိနဲ့ မသက်ဆိုင်ရင် မဖြည့်ဘဲ ထားလို့ရပါတယ်။
Task 1 to 5 - လျှောက်လွှာတင်တဲ့သူ ဖြည့်ရပါမယ်။
Task 6 to 7 - Academic နဲ့ Non-academic ထောက်ခံစာ ရေးပေးမယ်သူ ဖြည့်ရပါမယ်။
Task 8 to 9 - အုပ်ထိန်းသူ (၂) ဦးက ဖြည့်ရမယ့် အပိုင်းဖြစ်ပါတယ်။
Task 6 မှ 9 အတွက် လျှောက်လွှာတင်တဲ့သူက ထောက်ခံစာ ရေးပေးမယ့်သူတွေရဲ့ အချက်အလက်ကို လျှောက်လွှာမှာ ဖြည့်ပြီး Send request လုပ်ရမှာ ဖြစ်ပါတယ်။ ဒါမှ သက်ဆိုင်ရာသူတွေဆီကို သူတို့ ဖြည့်ရမယ့် Reference နဲ့ Authorization ဖောင် ရောက်သွားမှာ ဖြစ်ပါတယ်။
အကြံပေးချင်တာကတော့ Application ဖောင်ဖွင့်ပြီးပြီဆိုတာနဲ့ အရင်ဆုံး Task 6 မှ 9 ကို အရင်လုပ်ပါ။ ပြီးမှ ကိုယ်တိုင်ဖြည့်ရမယ့် Task 1 မှ 5 ကို ဖြည့်ပါ။ Task 1 မှ 5 မှာရှိတဲ့ တချို့မေးခွန်းတွေက Optional (မဖြေလည်းရ) ဖြစ်တဲ့အတွက် ကိုယ်နဲ့ မသက်ဆိုင်ရင် ကျော်လို့ရပါတယ်။
လျှောက်လွှာလက်ခံမည့်ရက်
လျှောက်လွှာကို ၂၀၂၆ ခုနှစ် စက်တင်ဘာလလ (၃၀) ရက်နေ့မှစပြီး နိုဝင်ဘာလ (၃၀) ရက်နေ့အထိ အောက်ကလင့်ခ်ကနေတဆင့် လျှောက်ထာနိုင်ပါတယ်။ Application deadline မတိုင်ခင်ထိ တစ်နေ့ နည်းနည်းစီ ဖောင်ကို ဖြည့်ပြီး Save လုပ်သွားလို့ ရပါတယ်။
> https://apply.uwc.org/prog/mm2027
အရည်အချင်းစစ်စာမေးပွဲ (Aptitude Test) ကို ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့မှာ ဖြေဆိုရမှာဖြစ်ပြီး စာမေးပွဲရလဒ်ကို ဒီဇင်ဘာလ (၈) ရက်နေ့မှာ ကြေညာပေးမှာ ဖြစ်ပါတယ်။
လျှောက်လွှာ စိစစ်အကဲဖြတ်ခြင်းကို ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့ကနေ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး Interview စစ်ဆေးမှုကတော့ ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့မှ ဖေဖော်ဝါရီလ (၁၄) ရက်နေ့အထိ ဖြစ်ပါတယ်။
ပညာသင်ဆုနဲ့ ပတ်သက်ပြီး မေးမြန်းစရာ တစ်စုံတစ်ရာရှိပါက UWC Myanmar National Committee ရဲ့ Page Messenger မှာ သွားရောက် စုံစမ်းနိုင်ပါတယ်။
>> https://www.facebook.com/uwcmyanmarnc
===================================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။