Sales Hotline : 09448001653       Download App



အမေရိကန်နိုင်ငံ USIP အဖွဲ့အစည်းကြီးမှ အခမဲ့ Certificate ရယူနိုင်မည့် အွန်လိုင်းပရိုဂရမ်များ

 

IELTS,TOEFL ဘာမှ မလိုအပ်တဲ့ အမေရိကန်နိုင်ငံရဲ့ အဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ United State Institute of Peace (USIP) မှ Certificate အခမဲ့ပေးအပ်တဲ့ ပရိုဂရမ်များအကြောင်း မိတ်ဆက်ပေးချင်ပါတယ်။

 

USIP ဆိုတာကတော့ လက်ရှိမှာ ငြိမ်းချမ်းရေးကိုတည်ဆောက်ချင်သော ကျောင်းသား/သူများ၊ ဘွဲ့ရများ၊ ကျွမ်းကျင်ပညာရှင်များ၊ ကမ္ဘာကြီးကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ရန် စိတ်ဝင်စားသူများအားလုံးအတွက် အလွန်တန်ဖိုးရှိတဲ့ သင်ကြားရေးပလက်ဖောင်းတစ်ခုပါ။

 

ဒီအတွက်လည်း သင်တန်းများကို အင်တာနက်ရှိရုံဖြင့် ကြိုက်တဲ့အချိန်ကြိုက်တဲ့နေရာမှာ လေ့လာခွင့်ရအောင် ပြုလုပ်ပေးထားပြီး လူတစ်ဦးချင်းစီအတွက် ကမ္ဘာတစ်ဝှမ်းက ပဋိပက္ခစီမံခန့်ခွဲမှုနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာ ကျယ်ပြန့်တဲ့ အကြောင်းအရာများကို သိရှိလေ့လာခွင့်ရစေမှာပါ။ 



ဘယ်လိုလူတွေလျှောက်ထားလို့ရလဲကြည့်ရအောင်_

 

  • ကမ္ဘာတစ်ဝှမ်းမှ ကျောင်းသားများ၊ဘွဲ့ရများ၊ငြိမ်းချမ်းရေးတည်ဆောက်သူများ နှင့် ကျွမ်းကျင်ပညာရှင်များ

  • စစ်ဘေးသင့်ဒေသများမှ စိတ်ပါဝင်စားသူများလျှောက်ထားရန် အထူးသင့်တော်သည်

  • မည်သည့် အသက်အရွယ်မဆို လျှောက်ထားနိုင်သည်

  • ပညာရေး Background မှ လာသောသူများ လျှောက်ထားရန် အထူးသင့်တော်သည်

  • IELTS,TOEFL,GRE စသည့်အမှတ်များ မလိုအပ်ပါ


 

Advertisement

Click Here > Ko Nyein Maung

ဒါဆို ဘယ်လိုသင်တန်းတွေ တတ်ရောက်လို့ရလဲကြည့်လိုက်ကြရအောင်_

 

  • Introduction to Peacebuilding

  • Conflict Analysis

  • Negotiation : Shaping the Conflict Landscape

  • Mediating Violent Conflict

  • Nonviolent Action

  • Designing Community-Based Dialogue

  • Preparing for Peacebuilding

  • Good Governance after Conflict

  • Media and Arts for Peace

  • Design, Monitoring, and Evaluation for Programming in Fragile Environments

  • Religion and Peacebuilding

  • Gender Inclusivity in Peacebuilding

စတဲ့သင်တန်းတွေကို တတ်ရောက်နိုင်မှာပဲဖြစ်ပါတယ်။ 

 

ဒီသင်တန်းတွေကနေ ဘယ်လိုအကျိုးကျေးဇူးတွေရရှိမလဲဆိုတာကတော့ အောက်မှာ ဖော်ပြပေးထားပါတယ်_

 

  • အရည်အသွေးပြည့်မှီကောင်းမွန်တဲ့ သင်ခန်းစာများကို သင်ယူနိုင်ခြင်း

  • ကိုယ်ကြိုက်တဲ့အချိန်ရွေးတတ်နိုင်သောကြောင့် သက်တောင့်သက်သာရှိခြင်း

  • ရွေးချယ်တတ်ရောက်စရာ ဘာသာရပ်/ခေါင်းစဥ်များပြားခြင်း

  • ကုန်ကျစရိတ်လုံးဝလုံးဝမရှိခြင်း

  • ကိုယ်ပိုင်အသိ/အတွေးအခေါ် အရည်အချင်းများ တိုးတတ်လာခြင်း

  • သင်တန်းပြီးဆုံးပါက အခမဲ့ သင်တန်းဆင်းလက်မှတ်ရရှိခြင်း

 

သင်တန်းတွေကို စိတ်ပါဝင်စားလို့ လျှောက်ထားချင်တယ်ဆိုရင်တော့ အောက်မှာ ပြောထားတဲ့အတိုင်း အဆင့်ဆင့် လုပ်ဆောင်ပြီး လျှောက်ထားနိုင်ပါတယ်_

 

  • ပထမဦးဆုံး USIP ရဲ့ Official Website ကိုသွားပါ ပြီးရင် “Education & Training” Section ထဲကိုဝင်ပါ

  • တတ်ရောက်နိုင်တဲ့သင်တန်းတွေကိုရှာဖွေပြီး စိတ်ဝင်စားတဲ့ သင်တန်းကိုရွေးချယ်ပါ

  • ကိုယ်ရွေးချယ်လိုက်တဲ့သင်တန်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို Topic ကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်

  • ထို့နောက် စာရင်းသွင်းဖို့အတွက် “Enroll” button ကိုနှိပ်ပါ

  • USIP Acc မရှိသေးရင် အကောင့်ဖွင့်ပါ ပြီးရင် စာရင်းသွင်းတဲ့ လုပ်ငန်းစဥ်ကို ဆက်လက်လုပ်ဆောင်ပါ

  • စာရင်းသွင်းခြင်းလုပ်ငန်းစဥ်ပြီးမြောက်အောင်မြင်ပါက အတည်ပြုစာတစ်စောင်ကို အီးမေးလ်ဖြင့် လက်ခံရရှိမှာပဲဖြစ်ပါတယ်။ ဒါဆိုအဆင်ပြေတဲ့အချိန် သင်တန်းစတတ်လို့ရပါပြီ။ 

 

အောက်မှာပေးထားတဲ့ Registration Link ကနေပြီး သင်တန်းတွေကို အခုပဲလေ့လာလျှောက်ထားလိုက်ကြရအောင်….


Registration Link >

https://www.usip.org/academy/online-micro-courses

International Latest Post University / College Read 917 times