Sales Hotline : 09448001653       Download App



ဘွဲ့မရသေးတဲ့ ကျောင်းသားတွေအတွက် USA မှာ အလုပ်သင် သွားရောက်လုပ်ကိုင်နိုင်မယ့် အခွင့်အရေး

 

 

၂၀၂၃ ခုနှစ်အတွက် ဘွဲ့မရသေးတဲ့ ကျောင်းသား/သူတွေ USA မှာ အလုပ်သင်ဆင်းနိုင်မယ့်  RIPS လို့ခေါ်တဲ့ Research in Industrial Projects for Students နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 

 

ဒီပရောဂျက်ဟာဆိုရင် Industry တွေ Public Sector တွေက Sponsor ပေးထားတဲ့ Real-World Research Projects တွေကို အသင်းအဖွဲ့တွေနဲ့အတူ လုပ်ဆောင်ရမှာပါ။ တွက်ချက်မှုအပိုင်းကို အဓိက လုပ်ဆောင်ရမှာဖြစ်လို့ သင်္ချာဘာသာရပ်ကို အထူးတစ်လည် စိတ်ဝင်စားသူများ လျှောက်ထားသင့်ပါတယ်။ အလုပ်သင် ကာလကတော့ (၉) လကြာမြင့်မှာပါ။

 

အဖွဲ့တစ်ဖွဲ့ချင်းစီကို ၄င်းတို့ရဲ့ ပညာရေးဆိုင်ရာ အကြံပေး နဲ့ လုပ်ငန်းဆိုင်ရာ အကြံအဉာဏ်ပံ့ပိုးမှုများဖြင့် ကျောင်းသားများ အနေနဲ့ ပရိုဂရမ်တစ်ခုကို သုတေသနပြုလုပ်ရမယ့်အပြင် ထွက်လာတဲ့ရလာဒ်များကိုလည်း ပရိုဂရမ်အပြီးမှာ နှုတ်ဖြင့်ဖြစ်စေ စာဖြင့်ဖြစ်စေ တင်ပြပေးရမှာပဲဖြစ်ပါတယ်။

 

ဒီအလုပ်သင်ပရိုဂရမ်ကို ပါဝင်ခြင်းအားဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်_

 

  • Stipend of $4,000

  • Travel allowance

  • Housing and meals allowance on campus

  • Site-visit with sponsors (subject to confirmation)

  • Partial support for future travel to select conferences

  • Round trip to Los Angeles 

  • Foreign students (studying in the US or abroad) are eligible

  • Graduating seniors are eligible

 

ဒီပရိုဂရမ်ကို လျှောက်ထားရန်အတွက် လိုအပ်ချက်များကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်_

  • အနည်းဆုံး အသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်ရမည်

  • မည်သည့်နိုင်ငံသားမဆို လျှောက်ထားနိုင်သည်

  • ဘွဲ့ရပြီးသူ (သို့) လက်ရှိမှာ တက္ကသိုလ်တက်ရောက်နေဆဲ ကျောင်းသားဖြစ်ရမည်

  • နိုင်ငံတကာမှကျောင်းသားဖြစ်ရပါမယ်

 

လိုအပ်သော အထောက်အထားများမှာ အောက်ပါအတိုင်းဖြစ်သည်_

  •  Detailed Resume/CV

  • Academic Transcripts 

  • Two Reference Letters (to be submitted online by the reference writers at this site)

 

လျှောက်ထားရမယ့် နောက်ဆုံးရက် (Deadline) ကတော့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့ပါ။လျှောက်ထားဖို့အတွက် လမ်းညွှန်ချက် အဆင့်ဆင့်နဲ့ Application Form Link ကို အောက်မှာဖော်ပြထားတဲ့ လင့်ခ်မှတစ်ဆင့် ဝင်ရောက်ကြည့်ရှု လျှောက်ထားနိုင်ပါတယ်။

Direction & Application Form Link > https://bit.ly/3FCxQpO

Program အကြောင်း နဲ့ ပတ်သက်ပြီးလည်း အသေးစိတ်အချက်အလက်များကို အောက်ပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Program Link > https://bit.ly/3FglYsk

 

Latest Post International Read 1140 times