Sales Hotline : 09448001653       Download App



အသက်ကန့်သတ်ချက်မရှိ လျှောက်ထားနိုင်တဲ့ US World Bank ကအလုပ်သင် အခွင့်အရေး

၂၀၂၃ ခုနှစ် ၊ နှစ်သစ်မှာ အမေရိကန်နိုင်ငံ World Bank အဖွဲ့အစည်းကြီးမှ ခေါ်ယူသော အလုပ်သင်အခွင့်အရေးတစ်ခုအကြောင်း မျှဝေပေးချင်ပါတယ်။ မြန်မာနိုင်ငံသားများ လျှောက်ထားနိုင်တဲ့ United State World Bank Organization ကနေ ခေါ်ယူတဲ့အလုပ်သင်အခွင့်အရေးမှာ Summer Internship  နဲ့ Winter Internship ဆို နှစ်ခု ခွဲခြားထားပြီး တစ်နှစ်ကို နှစ်ကြိမ်ခေါ်ယူပါတယ်။ 

 

အခုတစ်ခါပြောပြပေးသွားမှာက Summer Internship Program ပါ။ Application Period ကတော့ December 1 မှ January 31 အထိဖြစ်ပြီး နှစ်စဥ်ခေါ်ယူပါတယ်။ ဒီ အလုပ်သင်ပရိုဂရမ်မှာ မေလ မှ စက်တင်ဘာလအထိ ၄ လ ဒါမှမဟုတ် ၄ လနဲ့အထက် ကြာမြင့်မှာဖြစ်ပြီး ဒီပရိုဂရမ်ပြီးဆုံးသွားတဲ့ အချိန်ကျရင်လည်း World Bank ရဲ့ တစ်နေရာကနေ ပါဝင်လုပ်ကိုင်နိုင်ဖို့ အခွင့်အလမ်းတွေ ရရှိနိုင်ပါတယ်။

ဒါဆိုရင် ဘယ်လိုနေရာမျိုးတွေအတွက် အလုပ်သင်လျှောက်ထားနိုင်လည်း ကြည့်ကြရအောင်။ များသောအားဖြင့် Operation ပိုင်းကိုမှ Front Line အတွက် ခေါ်ယူပါတယ်။ လျှောက်ထားနိုင်တဲ့ Field တွေ အနေနဲ့ကတော့ _

 

  • Economics 

  • Finance

  • Human Development ( public health, education, nutrition, population)

  • social sciences (anthropology, sociology)

  • Agriculture

  • Environment

  •  Engineering

  • Natural resources management

  • Private sector development

  • Accounting

  • Communications

  • Human Resources Management

  •  Information Technology

  •  Treasury နှင့် တစ်ခြားသော ကော်ပိုရိတ်ဌာနတွေပါဝင်ပါတယ်။

 

ဘယ်လိုလူတွေလျှောက်ထားနိုင်လဲဆိုတော့ လျှောက်ထားသူဟာ Undergraduate Degree ကိုင်ဆောင်ထားပြီး လက်ရှိမှာ Master ဘွဲ့တတ်ရောက်နေဆဲ ဒါမှမဟုတ် တတ်ရောက်ပြီးသူ ဖြစ်ရပါမယ်။

 

အသက်အရွယ်အားဖြင့် ကန့်သတ်ထားခြင်း မရှိပါဘူး။ အင်္ဂလိပ်စာ ကျွမ်းကျင်ဖို့တော့ လိုအပ်ပါတယ်။ ဘာသာစကားကို အင်္ဂလိပ်စာအပြင် ပြင်သစ်၊ စပိန်၊ ရုရှား၊ အာရပ်၊ ပေါ်တူဂီ နဲ့ တရုတ် စတဲ့ထဲက တစ်ခုခု ကျွမ်းကျင်တတ်မြောက်ထားရင် ပိုအဆင်ပြေပါတယ်။ ကွန်ပြူတာနဲ့ပတ်သက်ပြီး ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်တာကို ပိုသဘောကျပါတယ်။ အမျိုးသမီးများကို ပိုဦးစားပေးပါ။ ကိုယ်ကျောင်းပြီးထားတဲ့ ဘယ်ဘာသာရပ်မဆို လျှောက်ထားလို့ရပါတယ်။


 

Advertisement

Click Here > Ko Thein Zaw’s

 

ဒီ အလုပ်သင်ပရိုဂရမ်ကို လျှောက်ထားခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်_

 

  • အလုပ်လုပ်တဲ့ နာရီအလိုက် တွက်ချက်ပေးမည့် အလုပ်သင်လစာ

  • ခရီးသွားစရိတ် ( Travel Allowance ) အဖြစ် USD 3000

  • ဝါရှင်တန်ဒီစီအခြေစိုက် ရုံးကြီးတွင် လုပ်ကိုင်ရမည့် အခွင့်အရေး

  • ခေတ်မှီနည်းပညာများ နှင့် ကိုယ်ရွေးချယ်လိုက်တဲ့ နယ်ပယ်အလိုက် ပညာရပ်များကို လေ့လာသင်ယူခွင့်

 

လျှောက်ထားရမယ့် Process ကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်_

 

  • လျှောက်ထားရာတွင် CV Form, Statement of Interest, Proof of Enrollment in a Graduate Degree စတဲ့အထောက်အထားတွေကို ပူးတွဲတင်ပြရပါမယ်။ 

  • အရင်ဆုံး World Bank ရဲ့ Website ကို သွားပြီး သင့်ရဲ့ အီးမေးလ်နဲ့ အကောင့်တစ်ခု Register လုပ်ရပါမယ်။ 

  • Website ကပေးတဲ့ Application Form ကိုဖြည့်ပြီး အထက်မှာ ဖော်ပြထားတဲ့ စာရွက်စာတမ်းတွေကို တစ်ပါတည်း ပူးတွဲတင်ပြပေးရပါမယ်။ 

  • * ပြပြီး မေးထားတဲ့မေးခွန်းတွေကို မဖြစ်မနေ ဖြေပေးရပါမယ်။ ဖောင်ဖြည့်ချိန်စုစုပေါင်း မိနစ် ၉၀ ပေးထားပါတယ်။ မိနစ် ၉၀ ကျော်သွားရင် System Time Out ဖြစ်တတ်လို့ပါ။ 

  • ဖုန်းနံပါတ်ဖြည့်တဲ့အခါ (Country Code + City Code + Ph Number) ဆိုပြီး တိတိကျကျ ဖြည့်ပေးပါ။ 

  • Special Character သုံးလို့မရပါဘူး။ (E.g -  â-<>&#â, etc.)

  • Upload လုပ်မယ့် ဖိုင်တွေကို .doc, .docx, pdf သုံးလို့ရပါတယ်။ Pdf File ကတော့ အကောင်းဆုံးပါ။

  • File Size တစ်ခုချင်းစီကို 5Mb ထက်ပိုလို့မရပါဘူး။

  • လျှောက်လွှာ Submit လုပ်ပြီးတာနဲ့ ပြန်ဖျက်တာတို့ ပြန်ပြင်တာတို့ လုံးဝလုပ်လို့မရပါဘူး။

  • လျှောက်လွှာမှာကိုယ့်ကိုဆက်သွယ်လို့ရမည့် Contact Information တွေကို ပြည့်စုံမှန်ကန်အောင်ဖြည့်ပေးပါ။

  • Application Process ပြီးဆုံးသွားပြီဆိုရင် သင့်ဆီကို လျှောက်လွှာနံပါတ်ပေးပို့မယ့် အီးမေးလ်အတည်ပြုချက်ရရှိမှာပဲဖြစ်ပါတယ်။

 

Application Form ကို အောက်မှာ ပေးထားတဲ့ လင့်ခ်မှတစ်ဆင့် ဝင်ရောက်နိုင်ပါတယ်။

 

Application Form Link > https://bit.ly/3GFQqxJ

 

ဒီ US World Bank Summer Internship Program အကြောင်းကို အသေးစိတ်ထပ်ပြီး လေ့လာသိရှိချင်တယ်ဆိုရင်တော့ Official Website ဖြစ်တဲ့ https://bit.ly/3Gcx6XA မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

International Latest Post Vocational Read 1916 times