Sales Hotline : 09448001653       Download App



ဘွဲ့မရသေးတဲ့ လူငယ်တွေ အထူးလျှောက်ထားနိုင်တဲ့ US က Merit Scholarship

 

 

လက်ရှိမှာ တက္ကသိုလ်ပထမနှစ် တက်ရောက်နေသူတွေနဲ့ နိုင်ငံတကာက ဘွဲ့ကြိုကျောင်းသား၊ ကျောင်းသူတွေအတွက် အမေရိကန်နိုင်ငံ University of Dayton က နှစ်စဥ်ချီးမြှင့်နေတဲ့ Undergraduate Scholarship တစ်ခုအကြောင်း ပြောပြပေးချင်ပါတယ်။ 

 

ဒီပညာတော်သင်ဆုကိုတော့ Merit Scholarship လို့ ခေါ်ပြီး အမေရိကန်နိုင်ငံရဲ့ Catholic Research University တစ်ခုဖြစ်တဲ့ University of Dayton က လက်ခံခေါ်ယူပေးနေတာပါ။ ပညာတော်သင်ဆုတွေအနေနဲ့က နှစ်စဥ် Undergraduate Level ကနေ Doctoral Level အထိ ခေါ်ယူပေးပါတယ်။

 

ဒါဆို Merit Scholarship နဲ့ပတ်သက်ပြီး အောက်မှာ အသေးစိတ်ဖော်ပြပေးထားပါတယ်။

 

ဘယ်သူတွေလျှောက်ထားလို့ရမှာလဲ_

 

လက်ရှိမှာ တက္ကသိုလ်တက်ရောက်နေသော နိုင်ငံတကာမှ ကျောင်းသား၊ ကျောင်းသူများ 

 

ဘယ်ဘာသာတွေ လျှောက်ထားလို့ရမှာလဲ_

 

  • Engineering

  • Law

  • Education

  • Health Science

  • Business Administration

  • Arts & Science



လျှောက်ထားဖို့အတွက် ဘာတွေလိုအပ်မလဲ_

 

လျှောက်ထားသူအနေနဲ့ ကောင်းမွန်တဲ့ ပညာရေးမှတ်တမ်း ရှိထားဖို့ လိုအပ်ပါတယ်။ လျှောက်ထားရာတွင် Scholarship Level နေရာမှာ Bachelor Degree Level ကို လျှောက်ထားရမှာပါ။ လျှောက်လွှာနဲ့ အတူ စာရွက်စာတမ်းအပြည့်အစုံ ပူးတွဲတင်ပြဖို့ လိုအပ်ပါတယ်။

Advertisement 

Click Here > San Brotherhood 

လျှောက်ထားဖို့ ဘာစာရွက်စာတမ်းတွေလိုအပ်မလဲ_

 

  • Online Application Form 

  • Personal Statement (Essay at least 250 words)

  • Letter of Recommendation

  • Proof of  Language Proficiency

  • Academic Transcripts

  • Financial Proof (Bank Statement)

 

ဒီစာရွက်စာတမ်းတွေအားလုံးကိုတော့ အောက်မှာပေးထားတဲ့ အီးလ်မေးလ်ကို ပို့ပေးဖို့ လိုအပ်ပါတယ်။

 

Email > [email protected] 

 

ဘာအကျိုးကျေးဇူးတွေရမှာလဲ_

 

ကျောင်းလျှောက်ထားရာတွင် Registration Fee Free ပါ။ ကျောင်းစရိတ်အတွက် တစ်နှစ်ကို ဒေါ်လာ ၃၀,၀၀၀ (USD 30,000 = MMK 63,000,000/-) ရရှိမှာပါ။ Textbook Scholarship အတွက်က ကျောင်းတက်နေတဲ့ စာသင်နှစ်အားလုံးအတွက် ဒေါ်လာ ၄၀,၀၀၀ (USD 40,000 = MMK 84,000,000/-) ရရှိမှာပါ။ 



ဘယ်လိုလျှောက်ထားရမလဲ_

 

University of Dayton ရဲ့ Official Website ကို သွားလိုက်ပါ။ ပြီးရင် Undergraduate International Admission ဆိုတဲ့ အပိုင်းကို သွားပါ။ Scholarship အောက်က Admission Application မှာ အကောင့်ရှိပြီးရင် တစ်ခါတည်း လျှောက်လို့ရပါတယ်။ အကောင့်မရှိသေးရင်တော့ Sign Up လုပ် New Application ကို နှိပ်ပြီး လိုအပ်တဲ့ အချက်အလက်တွေကို သေချာဖြည့်ပေးပါ။ လိုအပ်တဲ့ စာရွက်စာတမ်းတွေကိုလည်း တစ်ခါတည်း ဖြည့်ဖို့ လိုအပ်ပါတယ်။ အားလုံးပြည့်စုံသွားပြီဆိုရင်တော့ Submit လုပ်လိုက်ရင် ရပါပြီ။

 

လျှောက်ထားရမယ့် နောက်ဆုံးရက်_

 

Application Deadline 

> 2023 May 1st for Fall Term

> 2023 November 1st for Spring Term ဖြစ်ပါတယ်။ 

 

အသေးစိတ်အချက်အလက်တွေကိုတော့ အောက်မှာပေးထားတဲ့ လင့်ခ်ကနေ သွားရောက် လေ့လာနိုင်ပါတယ်_

 

Scholarship Link (Application Link) 

> https://bit.ly/3Kj2RkU 

 

Official Website Link 

> https://udayton.edu/

International Latest Post Read 1365 times