Sales Hotline : 09448001653       Download App



ထောက်ပံ့ကြေး မြန်မာငွေကျပ်သိန်း ၃၄၀ ရရှိနိုင်မယ့် လန်ဒန်တက္ကသိုလ်မှ ပညာသင်ဆု

 

လန်ဒန်မြို့ရဲ့ အသည်းနှလုံးတစ်ခုဖြစ်တဲ့ University College London (UCL) တက္ကသိုလ်ကြီးမှ နိုင်ငံတကာက မာစတာတန်းတက်ရောက်နေတဲ့ ကျောင်းသား/ကျောင်းသူတွေအတွက် ပညာတော်သင်ဆုအခွင့်အရေးကြီးကို ယူဆောင်လို့လာခဲ့ပါပြီ။

 

ဒီ UCL Global Masters Scholarship ပညာတော်သင်ဆုဟာဆိုရင် ၁၀၀ ရာခိုင်နှုန်းအပြည့်အဝပေးအပ်မှာဖြစ်ပြီး နိုင်ငံအရပ်ရပ်မှ ဘွဲ့လွန်တန်းတက် ရောက်နေတဲ့ မည်သည့်ကျောင်းသားမဆို လျှောက်ထားလို့ရပါတယ်။ အဓိကကတော့ လန်ဒန်တက္ကသိုလ်မှာ ဘွဲ့လွန်ဒီဂရီကို သင်ယူနိုင်ရန်ဖို့နိုင်ငံတကာမှ ဝင်ငွေနည်းတဲ့ မိသားစုနောက်ခံကလာတဲ့ ကျောင်းသားတွေကို ကူညီပံ့ပိုးပေးပို့ ရည်ရွယ်ပါတယ်။ 

 

UCL ဆိုတာ ၁၈၂၆ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တဲ့ တက္ကသိုလ်တစ်ခုဖြစ်ပြီး ဆရာ/ဆရာမ ဝန်ထမ်းပေါင်း ၁၃,၀၀၀ ကျော် နှင့် နိုင်ငံပေါင်း ၁၅၀ မှ ကျောင်းသားဦးရေ ၄၂,၀၀၀ ကျော်တတ်ရောက်နေသော ထိပ်တန်းတက္ကသိုလ်တစ်ခုပဲဖြစ်ပါတယ်။

 

ဒါဆို ပညာတော်ဆု လျှောက်ထားဖို့အတွက် ဘာလိုတွေအပ်လဲ ကြည့်လိုက်ကြရအောင်_

  • လျှောက်ထားသူက UK နိုင်ငံသားမှလွဲ၍ မည်သည့်နိုင်ငံမှမဆို International Students ဖြစ်ရမည်။

  • ငွေကြေးနွမ်းပါးသောမိသားစုအသိုင်းအဝိုင်းမှ လာသူဖြစ်ရမည်။

  • လက်ရှိမှာ Master ဘွဲ့တက်ရောက်နေသူဖြစ်ရမည်။

  • UCL တက္ကသိုလ်မှာ အချိန်ပြည့် မာစတာဘွဲ့ကို တက်ရောက်နိုင်သူဖြစ်ရမည်။

 

ရရှိနိုင်တဲ့ အခွင့်အရေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်_

  • တစ်နှစ်စာ ပညာသင်စရိတ် ပေါင် ၁၅,၀၀၀ (Euro 15,000)

  • လန်ဒန်တက္ကသိုလ်မှ ပေးအပ်သော ကျောင်းသားတွေရရှိမည့်  အခွင့်အရေးအားလုံးရရှိမည်

  • တစ်ခြားပညာတော်သင်ဆုတစ်ခုခုလျှောက်ထားပါက ကန့်သတ်ချက်အချို့ရှိမည်ဖြစ်သော်လည်း ယခုပညာတော်သင်ဆုကို လျှောက်ထားနိုင်သည် (UCL ကိုတော့ အကြောင်းကြားထားရန်လိုအပ်သည်)

 

လျှောက်ထားလိုသူအနေဖြင့် UCl ရဲ့ Student Information Service Page ဖြစ်တဲ့ Portico ကနေ Login လုပ်ပါ။ လိုအပ်တဲ့ အချက်အလက်တွေကိုဖြည့်ပါ။  သိချင်တဲ့အချက်အလက်တွေနဲ့ အခက်အခဲရှိရင် [email protected]   ကို အီးမေးလ်ပို့ပြီး ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ 

 

ပြီးရင်တော့ “View” Button ကို နှိပ်ပြီး Application Form ကိုဖြည့်စွက်ပါ။ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို attached လုပ်ပါ။ ပြီးရင် Page ရဲ့ ထိပ်ဆုံးမှာ “Funding” ဆိုတာရှိပါတယ်။ အဲဒီမှာကိုယ်နဲ့ကိုက်ညီတာကို ရွေးချယ်ပါ။ အဆင်ပြေတယ်ဆိုရင် “Check and apply” လုပ်လို့ရပါပြီ။

 

Application Deadline ကတော့ ၂၀၂၃ ဧပြီလ ၂၇ ရက်နေ့ပဲဖြစ်ပါတယ်။ လျှောက်ထားမှုရလာဒ်တွေကိုတော့ ၂၀၂၃ ဇူလိုင်လအစောပိုင်းမှာ ကြေညာပေးသွားမှာပဲဖြစ်ပါတယ်။

 

Portico Login Link > https://evision.ucl.ac.uk/urd/sits.urd/run/siw_lgn


အသေးစိတ်အချက်အလက်တွေကို ဖတ်ရှုလေ့လာချင်တယ်ဆိုရင်တော့ Official Link ဖြစ်တဲ့  https://bit.ly/3XzCfAF မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

International Latest Post Read 863 times