လုပ်ငန်းခွင်သုံး ပညာရပ်တွေကို လေ့လာချင်သူတွေ၊ ကာလတို သင်တန်းလေးတွေကို အိမ်မှာ အေးဆေးဆေးဆေး တက်ချင်သူတွေ၊ သင်တန်းကို အခမဲ့တက်ရောက်ချင်တဲ့အပြင် Certificate ပါ အခမဲ့ လိုချင်သူတွေအတွက် အသုံးဝင်မယ့် သင်ကြားရေးဝက်ဘ်ဆိုက်ဒ်တစ်ခုကို မျှဝေပေးလိုက်ပါတယ်။
သင်တန်းတွေကတော့ Self-paced Learning ပုံစံဖြစ်တဲ့အတွက် အင်တာနက်ရပြီး ဖုန်း ဒါမှမဟုတ် လက်ပ်တော့ ရှိရုံနဲ့ အချိန်မရွေး၊ နေရာဒေသမရွေး၊ အသက်အရွယ်မရွေး တက်ရောက်နိုင်ပါတယ်။ ရွေးချယ်စရာ သင်တန်းအမျိုးအစားလည်း စုံလင်တဲ့အတွက် ကိုယ်လေ့လာချင်တဲ့ သင်တန်းကို ချက်ချင်း စာရင်းသွင်းပြီး လေ့လာနိုင်ပါတယ်။
ရွေးချယ်တက်ရောက်နိုင်မယ့် သင်တန်းတွေကတော့ -
အောက်မှာဖော်ပြထားတဲ့ လင့်ခ်ကနေတစ်ဆင့် အခမဲ့လေ့လာလို့ရတဲ့ အွန်လိုင်းသင်တန်းတွေရဲ့ အသေးစိတ်အချက်အလက်တွေဖြစ်တဲ့ ကိုယ်လေ့လာချင်တဲ့ သင်တန်းအမျိုးအစား၊ သင်ကြားရမယ့် ဘာသာရပ်၊ သင်တန်းကြာချိန် စတာတွေကို ဝင်ရောက်လေ့လာရင်း Join လို့ရပါတယ်။
သင်တန်းတက်ဖို့ uniathena မှာ sign up လုပ်ပြီး ကိုယ်ပိုင်အကောင့်တစ်ခု ဖွင့်ထားဖို့ လိုပါတယ်။ ပြီးရင် ကိုယ်တက်ချင်တဲ့ သင်တန်းကို ရွေးချယ်ပြီး “Start Now” နှိပ်လိုက်ရင် စတင်လေ့လာလို့ ရပါပြီ။
သင်တန်းဆင်းလက်မှတ်ရရှိဖို့ကတော့ သင်တန်းတစ်ခုချင်းစီမှာ ပါဝင်တဲ့ သင်ခန်းစာ ဗီဒီယိုဖိုင်တွေကို လေ့လာမယ်၊ ဉာဏ်စမ်းမေးခွန်းတွေ ဖြေဆိုမယ်၊ အမှတ်ကောင်းကောင်းရမယ်ဆိုရင် Certificate ထုတ်လို့ရပါတယ်။ သင်တန်းတက်ရောက်နိုင်မယ့်ကာလကိုရော Certificate ထုတ်နိုင်မယ့် ကာလကိုပါ Lifetime သတ်မှတ်ထားတာဖြစ်တဲ့အတွက် စိတ်အေးလက်အေး လေ့လာလို့ရပါတယ်။
မှတ်ချက်။ ။ တချို့ Free Course သင်တန်းတွေမှာ Certificate Free မပေးပါဘူး။
-----------------------------------------
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။