Sales Hotline : 09448001653    



စေတနာ့ဝန်ထမ်းလုပ်ရင်း အတွေ့အကြုံတွေ ရရှိနိုင်တဲ့ UN ရဲ့ Volunteer Program

 

 

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းမှ ထူးချွန်တဲ့ လူငယ်တိုင်းအတွက် ကမ္ဘာ့ကုလသမဂ္ဂ မှ ဖွင့်လှစ်ပေးထားတဲ့ Online Volunteer Program တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

 

UN Volunteers (UNV) လို့ ခေါ်တဲ့ ပရိုဂရမ်ဟာဆိုရင် ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ငြိမ်းချမ်းမှုနဲ့ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြင့် ဆောင်ရွက်တဲ့နေရာမှာ လူငယ်တွေအားဖြင့် တစ်ဖက်တစ်လမ်းမှ ပါဝင်နိုင်ရန် အခွင့်အရေး ပေးထားတဲ့ အစီအစဥ်တစ်ခုပါ။

 

ဒီဂျစ်တယ်ပလက်ဖောင်းကို အသုံးပြုခြင်းအားဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ ကျား/မ မရွေး၊ လူမျိုးဘာသာမရွေး အတွေ့အကြုံရှိပြီးသား ဝန်ထမ်းများရော၊ အတွေ့အကြုံ မရှိသေးတဲ့ ကျောင်းသားတွေါ UNV ရဲ့ ပရိုဂရမ်တွေမှာ ပါဝင်နိုင်ဖို့ အခွင့်အရေး ရရှိမှာပါ။

 

ဒါဆို ပရိုဂရမ်နဲ့ ပတ်သက်ပြီး အသေးစိတ်ကို ကြည့်လိုက်ကြရအောင်_

 

UN Online Volunteering Program 2023 Details:

 

  • လက်ခံခေါ်ယူသည့် အဖွဲ့အစည်း -  United Nations

  • ပရိုဂရမ်ကာလ - ပရောဂျက်တစ်ခုနှင့် တစ်ခု အချိန်ကာလမတူညီပါ

  • သွားရောက် လုပ်ကိုင်ရမည့်နေရာ - အွန်လိုင်း (Globally)

  • လျှောက်ထားရန် နောက်ဆုံးရက် - ပရောဂျက်တစ်ခုနှင့်တစ်ခု အချိန်ကာလမတူညီပါ

 

Volunteer လျှောက်ထားလို့ရတဲ့ Field တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်_

 

  1. Writing & Editing 

  2. Translation

  3. Teaching & Training

  4. Art & Design

  5. Event Organization

  6. Research

  7. Technology Development

  8. Community Organizing

  9. Project Development and management 

  10. Outreach & advocacy

  11. Administration

  12. Leadership & Strategy

  13. Healthcare Services Volunteer Management

 

ဒီ Volunteer Program ရဲ့ အကျိုးကျေးဇူးတွေကိုတော့ အောက်မှာ ဆက်ကြည့်ရအောင်ပါ_

 

  • အွန်လိုင်းပရိုဂရမ် ဖြစ်သည့်အတွက် အင်တာနက်နဲ့ လက်ပ်တော့ရှိရုံဖြင့် အလုပ်လုပ်နိုင်တာကြောင့် အလုပ်ချိန်၊ အလုပ်နေရာ Flexible ဖြစ်ခြင်း 

  • နိုင်ငံတကာမှ လုပ်ငန်းပိုင်ဆိုင်ရာ ပရော်ဖက်ရှင်နယ်တိုးတက်မှု နှင့် အတွေ့အကြုံကောင်းများ ရရှိနိုင်ခြင်း 

  • UN ၏ အထောက်အပံ့ဖြင့် ကမ္ဘာပေါ်တွင် အပြုသဘောဆောင်သော လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အပြောင်းအလဲကောင်းများကို ဖန်တီးရာ၌ တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီနိုင်ခြင်း

  • ကမ္ဘာတစ်ဝှမ်းက လူမျိုး၊ဘာသာ၊နိုင်ငံမတူညီသော အခြားစေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း လုပ်ကိုင်ရသောကြောင့် လုပ်ငန်းခွင်ပိုင်းဆိုင်ရာ ပရော်ဖက်ရှင်နယ် ကွန်ရက်ကောင်းများ တည်ဆောက်နိုင်ခြင်း


 

ဒီပရိုဂရမ်မှာ စိတ်ပါဝင်စားလို့ လျှောက်ထားချင်တဲ့သူတွေအတွက် ကျား၊မ၊ အသက်အရွယ်၊ ပညာရေးကျောနောက်ထောက်ခံ ကန့်သတ်ချက် မရှိပါဘူး။ 

 

ဒါဆိုရင်တော့ နောက်ဆုံးအဆင့်အနေနဲ့ ဘယ်လိုလျှောက်ထားရမလဲဆိုတာ ကြည့်လိုက်ကြရအောင်_

 

  • UN Online Volunteering Website ကို သွားပါ

  • Account Create လုပ်ပါ

  • အကောင့် Create လုပ်ပြီးသွားရင် ကိုယ့်ရဲ့ Profile ကို အချက်အလက် အပြည့်အစုံ ဖြည့်ပေးပါ

  • Profile ဖြည့်ပြီးရင်တော့ ကိုယ်နဲ့အဆင်ပြေမယ့် အလုပ်ကို ရှာဖွေလို့ရပါပြီ

  • ကိုယ်စိတ်ဝင်စားတဲ့ လျှောက်ထားချင်တဲ့ အလုပ်တွေ့ပြီဆိုရင်တော့ “Apply” Button ကို နှိပ်ပြီး လျှောက်ထားလို့ ရပါပြီ

  • သင့်ရဲ့ လျှောက်ထားမှု အောင်မြင်ပြီး အဖွဲ့အစည်းဘက်မှ စိတ်ဝင်စားပါက သင့်အား ဆက်သွယ်လာမည် ဖြစ်သည်။

 

UN Online Volunteering ရဲ့ Official Website နဲ့ Apply Link ကိုတော့ အောက်မှာ ဖော်ပြပေးထားပါတယ်။

 

Official Website Link > https://www.unv.org/become-online-volunteer


Apply Link > https://www.unv.org/become-online-volunteer

Vocational Latest Post Read 944 times