Sales Hotline : 09448001653       Download App



အိမ်မှာနေရင်း The University of Edinburgh မှ Master ဘွဲ့ယူမယ်

UK က ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်တစ်ခုမှာ ကျောင်းတက်ချင်တယ်၊ အကုန်အကျလည်းမခံချင်ဘူး၊ Passport လည်းမရှိဘူးဆိုရင်တော့ ဒီနေ့ပြောပြပေးမယ့် Scholarship အခွင့်အရေးကို လက်လွှတ်ခံလို့မဖြစ်ပါဘူး။ 

 

Scholarship အစီအစဉ်ကတော့ Edinburgh Global Online Learning Masters Scholarships ဖြစ်ပြီး The University of Edinburgh မှ နိုင်ငံတကာက အတော်ဆုံးကျောင်းသား/ကျောင်းသူ အယောက် (၂၀) ကို ရွေးချယ်ပြီး Masters programme တွေကို အွန်လိုင်းကနေတဆင့် အခမဲ့သင်ကြားပေးမှာဖြစ်ပါတယ်။

 

ဒီ Scholarship မှာ The University of Edinburgh ရဲ့ 2024-2025 ပညာသင်နှစ်မှာ သင်ကြားမယ့် Online Master Programme တိုင်းကို ရွေးချယ်လျှောက်ထားနိုင်ပါတယ်။ 

 

Scholarship လျှောက်မယ့်သူဟာ -

  • The University of Edinburgh မှာ Online Master Programme အတွက် ဝင်ခွင့်ရရှိထားသူဖြစ်ရပါမယ်။ 
  • Bachelor Degree ကို အမှတ်များများနဲ့ ထူးချွန်အောင်မြင်ထားသူဖြစ်ရပါမယ်။ 
  • English language proficiency results ကောင်းရပါမယ်။ 
  • တခြား Master Programme တွေကို မ Join ဖူးသူဖြစ်ရပါမယ်။ 

 

Academic Merit ကို အခြေခံပြီး ရွေးချယ်မှာဖြစ်တဲ့အတွက် ကိုယ်က ကျောင်းပြင်ပလှုပ်ရှားမှုတွေမှာ အားနည်းတဲ့သူဆိုရင်တောင် အမှတ်ကောင်းပြီး စာတော်ရင် Scholarship ရနိုင်ခြေများပါတယ်။  

 

စိတ်ဝင်စားလို့ လျှောက်ချင်တယ်ဆိုရင်တော့ အောက်က အချက် (၃) ချက်ပါတဲ့ Personal Statement တစ်စောင်ရေးရပါမယ်။ 

(a) the specific elements of this programme that attracted you to the University of Edinburgh; 

(b) confirm how successful completion of this programme will benefit your career and personal development 

(c) how this will enable you to contribute to your community/region or country?

 

ပြီးရင် အောက်ကလင့်ခ်မှာ ဇွန်လ (၃) ရက်နေ့ နောက်ဆုံးထားပြီး ကိုယ်ရေးအချက်အလက်တွေ ဖြည့်ရမှာပါ။ Scholarship အောင်တဲ့သူတွေကိုတော့ ဇူလိုင်လလယ်လောက်မှာ ကြေညာပေးမှာဖြစ်ပါတယ်။  သင်ခန်းစာ စတင်မယ့် ရက်ကတော့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလဖြစ်ပါတယ်။ 

>> https://www.myed.ed.ac.uk/myed-progressive/

 

Scholarship အကြောင်းအသေးစိတ်ဖတ်ရှုရန်

>> https://www.ed.ac.uk/student-funding

 

International Latest Post Read 578 times