Sales Hotline : 09448001653       Download App



သင်ကြားရေးနယ်ပယ်မှ ဆရာ/ဆရာမများ အခမဲ့တက်ရောက်နိုင်မည့် Teacher Training

 

Chinbridge Institute မှ သင်ကြားရေးနယ်ပယ်တွင် လက်ရှိမှာ သင်ကြားရေးပညာရပ်ဖြင့် အသက်မွေးဝမ်းကြောင်း  ပြုနေသော  ဆရာ/ဆရာမများအတွက်   ဆရာလေ့ကျင့်သင်ကြားရေးသင်တန်းအား အခမဲ့ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

Chinbridge Institute မှာ ဇွန်လ ၂၀၁၇ခုနှစ်မှစတင်တည်ထောင်ခဲ့သော သုတေသနနှင့် သင်ကြားရေးအဖွဲ့ အစည်းတစ်ခုဖြစ်သည်။ အဆိုပါသင်တန်းမှာ ဆရာ/ဆရာမများ၏ အရည်အချင်းနှင့် စွမ်းဆောင်ရည်များကို မြှင့်တင်ပေးရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်။ 

 

လက်ရှိမှာ မိမိတာဝန်ယူသင်ကြားပေးနေသော အတန်းကို ပိုမိုအသက်ဝင်အောင်၊ အပြန်အလှန်အကျိုး သက်ရောက်မှုကောင်းမွန်အောင်၊ စိတ်ဝင်စားစရာကောင်းပြီး ထိရောက်မှုဖြစ်စေအောင် စတဲ့ အချက်တွေကို အဓိကထားပြီး သင်ကြားပေးသွားမည်ဖြစ်သည်။

Advertisement 

Click Here > Sanctuary

သင်တန်းကို ဘယ်လိုလူတွေလျှောက်ထားလို့ရလဲ

 

မြန်မာနိုင်ငံသားဖြစ်ပြီး  လက်ရှိမြန်မာနိုင်ငံရှိ   အစိုးရကျောင်းမဟုတ်သော  အလယ်တန်းလွန်ကျောင်းများတွင် စာသင်ကြား နေသော ဆရာ/ဆရာမများမည်သူမဆို လျှောက်ထားနိုင်သည်။

သင်တန်းအချိန်နှင့်နေ့ရက် 

သင်တန်းကာလ - ၂၀၂၃ခုနှစ် ဇွန်လ ၁၄ရက်နေ့မှ ၁၆ရက်နေ့အထိ

သင်တန်းအချိန် - နံနက် ၉း၃၀ မှ နေ့လည် ၁၂း၃၀

သင်ကြားပေးမည့်ပုံစံ - Zoom (Online)

သင်တန်းကြေးမှာအခမဲ့ဖြစ်သည်။ လျှောက်ထားလိုသူများအနေဖြင့် အောက်ဖော်ပြပါလင့်ခ်မှတစ်ဆင့် Chinbridge Institute ၏ Official Post Link မှတစ်ဆင့် ၂၀၂၃ ဇွန်လ ၆ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားနိုင်သည်။

Official Post Link > https://shorturl.at/abd69 

သင်တန်းနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို Chinbridge Institute ၏ ဖုန်းနံပါတ်ဖြစ်သော 09 255373273 နှင့် အီးမေးလ် [email protected] သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ 

 

Credited to Chinbridge Institute Facebook Page

 

Latest Post Local News Read 1304 times