Sales Hotline : 09448001653       Download App



လူငယ်များအတွက် Soft Skills for Youth Development Term 4 သင်တန်းဖွင့်လှစ်

 

 

Megga Education မှ ၂၀၂၂ ခုနှစ်အတွက် Soft Skills for Youth Development Term 4 စတုတ္ထအပတ်စဥ် သင်တန်းကို အောက်တိုဘာလ (၁၅) ရက်နေ့မှာ စတင်ဖွင့်လှစ်သင်ကြားသွားမှာ ဖြစ်တဲ့အတွက် လျှောက်လွှာများကို စတင်လက်ခံနေပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ 

 

အသက် ၁၄ နှစ်မှ ၂၆ နှစ်ကြား ပညာအရည်အချင်း အနိမ့်ဆုံး (၉) တန်းရှိသော လူငယ်များလျှောက်ထားနိုင်ပါတယ်။ လူငယ်များရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ အတွေးခေါ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအပြင် အလုပ်ခွင်ဝင်ရောက်ရာမှာ လိုအပ်တဲ့ အရည်အချင်းတွေ မြှင့်တင်ပေးဖို့ရာ ရည်ရွယ်ချက်ဖြင့် အဆိုပါသင်တန်းကို ဖွင့်လှစ်ပို့ချပေးခြင်း ဖြစ်ပါတယ်။ 

 

သင်တန်းကြေးမှာ အခမဲ့ဖြစ်ပြီး သင်တန်းသူ/သား ဦးရေ အယောက် (၃၀) လက်ခံသင်ကြားသွားမှာပါ။ သင်တန်းကာလအားဖြင့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၁၅) ရက်နေ့မှ နိုဝင်ဘာလ (၂၀) ရက်နေ့အထိ (၆)ပတ်တိတိ ကြာမြင့်မှာပါ။ 

 

သင်တန်းချိန်ကတော့ နံနက် (၉း၀၀)နာရီမှ နေ့လည် (၁၂း၀၀)နာရီဖြစ်ပြီး စနေ၊ တနင်္ဂနွေ (တစ်ပတ်ကို နှစ်ရက်) တက်ရောက်ရမှာပါ။ သင်တန်းကို မြန်မာလိုပြောဆို ဆွေးနွေးသင်ကြားသွားမှာ ဖြစ်တဲ့အတွက် မြန်မာလို ပြောနိုင်ဆိုနိုင်ဖို့ လိုအပ်ပါတယ်။

 

လျှောက်ထားလိုသူများ အနေဖြင့် အောက်ဖော်ပြပါ Google Form တွင် လျှောက်လွှာဖြည့်သွင်းပြီး စက်တင်ဘာလ (၂၅) ရက်နေ့ ညနေ ၅ နာရီ နောက်ဆုံးထားပြီး ပေးပို့ရပါမယ်။ ပြည်နယ် နဲ့ တိုင်းဒေသ အသီးသီးမှ လူငယ်များကို လျှောက်ထားရန် တိုက်တွန်းထားပြီး နယ်အစုံမှ လူငယ်များကို ရွေးချယ်လက်ခံကာ မိုဘိုင်းဒေတာ အင်တာနက်အခက်အခဲရှိသူများကိုလည်း လိုအပ်ရင် ကူညီသွားဖို့ လျာထားပါတယ်။ 

 

လျှောက်ထားရန်လင့်ခ် > https://bit.ly/3QH329H (Google Form)

 

သင်တန်းကို Zoom Platform မှ အဓိကသင်ကြားသွားမှာဖြစ်ပြီး သင်ထောက်ကူပစ္စည်းတွေအတွက် အခြားသော ပလက်ဖောင်းများကို အသုံးပြုခြင်း၊ သင်တန်းကို မတူညီတဲ့ လုပ်ဆောင်မှု (Activity) ပေါင်းများစွာဖြင့် အတွေ့အကြုံမှ သင်ယူခြင်း၊ ပူးပေါင်းပါဝင်ခြင်းဆိုင်ရာ ချဥ်းကပ်မှုများ နဲ့ အခြားသော နည်းလမ်းတွေကို အသုံးပြုပြီး သင်ကြားပေးသွားမှာဖြစ်တဲ့အတွက် ပါဝင်တက်ရောက်သူများ အနေနဲ့လည်း တက်ကြွစွာ ပူးပေါင်းပါဝင် သင်ယူဆွေးနွေးနိုင်ဖို့ အထူးလိုအပ်ပါတယ်။ 

 

သင်တန်းနဲ့ ပတ်သက်ပြီး သိရှိလိုသော အသေးစိတ်အကြောင်းအရာများကို ဖုန်းနံပါတ် 09448021331 (သို့မဟုတ်) အီးမေးလ် [email protected] (သို့မဟုတ်) Megga Education ရဲ့ Facebook Page Messenger ကနေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Credited From Megga Education Facebook Page

 

 

Local News Read 365 times