တက္ကသိုလ်ဝင်တန်းပြီးထားသူများအတွက် SMVTI မှ ဖွင့်လှစ်မည့် သင်တန်း (၈) ခု

SMVTI Vocational Training Institute မှ Engineering & Technology Course (၅) ခုနှင့် Hospitality & Tourism Course (၃) ခုအတွက် သင်တန်းသား၊ သင်တန်းသူသစ်များ ခေါ်ယူနေပါပြီ။ 

Courses for Engineering & Technology

1. Electrical Technology
2. Electronics (Computer & Networking)
3. Residential Air-conditioning
4. Mechatronics (Basic Servicing)
5. General Welding

Courses for Hospitality & Tourism

1. Front Office Operations
2. Housekeeping Operations
3. Restaurant Operations

လျှောက်ထားနိုင်သည့်သူများ

  • စနစ်ဟောင်းတက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ
  • စနစ်သစ် Grade (12) အောင်မြင်ပြီးသူများ
  • စနစ်ဟောင်းတက္ကသိုလ်ဝင်တန်း ဖြေဆိုဖူးသူများ
  • စနစ်သစ် Grade (12) ပြီးမြောက်ကြောင်းလက်မှတ်ရရှိထားသူများ
  • အစိုးရနည်းပညာအထက်တန်းကျောင်း ( G.T.H.S ) အောင်မြင်သူများ
  • အ​ခြေခံပညာနှင့် စက်မှု၊စိုက်ပျိုး​၊မွေးမြူ​ရေးအထက်တန်း​ကျောင်း ပြီး​မြောက်​ကြောင်း လက်မှတ်ရရှိထားသူများ လျှောက်ထားနိုင်ပါသည်။

သင်တန်းကာလမှာ (၆) လဖြစ်ပြီး ပြီးဆုံးသည်အထိ တက်ရောက်နိုင်ပါက သင်တန်းပြီးဆုံးကြောင်း အသိအမှတ်ပြုလက်မှတ် (Certificate) ရရှိပါမည်။ သင်တန်းပြီးဆုံးပါက သက်ဆိုင်ရာ လုပ်ငန်းခွင်သို့ ဝင်ရောက်လုပ်ကိုင်နိုင်မည့် သင်တန်းသား၊ သင်တန်းသူများကို ဦးစားပေး လက်ခံသွားပါမည်။

သင်တန်းလျှောက်ထားခြင်း

လျှောက်လွှာလက်ခံမည့်ရက် - (၁၈-၂-၂၀၂၆) မှ (၁၈-၃-၂၀၂၆) ထိ 

အင်တာဗျူးဖြေဆိုရမည့်ရက် - (၁၈-၃-၂၀၂၆)

အင်တာဗျူးရလဒ်ထွက်မည့်ရက် - (၁၉-၃-၂၀၂၆)

ကျောင်းအပ်လက်ခံမည့်ရက် - (၂၀-၃-၂၀၂၆)

သင်တန်းဖွင့်လှစ်မည့်ရက် - (၄.၅.၂၀၂၆)

သင်တန်းလျှောက်လွှာများကို စင်္ကာပူ-မြန်မာသက်မွေးပညာသင်တန်းကျောင်း (အမှတ် ၁၂၃၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်) တွင် နံနက် (၉) နာရီခွဲမှ (၄) နာရီအတွင်း ရုံးဖွင့်ရက်များတွင် လျှောက်ထားနိုင်သည်။

လိုအပ်သည့် စာရွက်စာတမ်းများ

  • ပညာရေးအထောက်အထားမိတ္တူ
  • အမှတ်စာရင်းမိတ္တူ
  • မှတ်ပုံတင်မိတ္တူ
  • ပတ်စ်ပို့ဓာတ်ပုံ (၃) ပုံ
  • ရပ်ကွက်ထောက်ခံစာမူရင်း
  • ရဲစခန်းထောက်ခံစာမူရင်းတို့ကို ပူးတွဲ တင်ပြရပါမည်။

လျှောက်လွှာတင်သည့်အချိန် အထက်ဖော်ပြပါ စာရွက်စာတမ်းအာလုံး၏ မူရင်းတို့ကို တိုက်ဆိုင်စစ်ဆေးရန်အတွက် တစ်ပါတည်း ယူဆောင်သွားရန် လိုအပ်ပါသည်။

သင်တန်းလျှောက်ထားမှုနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက SMVTI ကျောင်းဖုန်း ၀၉-၇၈၁၀၀၂၅၇၂ ကို ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်သည်။ 

=======================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Vocational Read 423 times