Sales Hotline : 09448001653   Find A Tutor     Download App



အင်္ဂလိပ်စာကို Self-Studyလေ့လာလိုသူတွေအတွက် အသုံးဝင်မည့် Telegram Channel (16) ခု

 

အင်္ဂလိပ်စာဘာသာစကားကို လေ့လာချင်တယ် အပြင်မှာ သင်တန်းတက်ဖို့လည်း အချိန်မရှိဘူး။ ငွေကုန်ကြေးကျလည်း မသုံးချင်သေးဘူး။ အရင်ဆုံးကိုယ်တိုင်လေ့လာကြည့်ဦးမယ်ဆိုသူတွေအတွက် အရမ်းကို အသုံးဝင်မယ့် Telegram Channel လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီ Channel တွေအကုန်လုံးဟာဆိုရင် အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ Category အမျိုးစုံကို သေချာခွဲခြမ်းစိတ်ဖြာ လေ့လာလို့ရတာကြောင့် အပြင်မှာ သင်တန်းမတက်ချင်သေးတဲ့သူတွေအတွက် သေချာလေး လေ့လာမယ်ဆိုရင် မိမိရဲ့ အင်္ဂလိပ်စာအရည်အချင်းက ထူးထူးခြားခြား တိုးတက်ကောင်းမွန်လာတာကို တွေ့ရှိရမှာပါ။

 

  1. English Language  - အင်္ဂလိပ်စာ အခြေခံရှိပြီးသားသူတွေအတွက် သင့်တော်ပါတယ်။ 

 

  1. English Slang Words Terms - အင်္ဂလိပ်စာဗန်းစကားတွေကို ဥပမာတွေနဲ့တကွသေချာလေးရှင်းပြထားပါတယ်။

 

  1. English Stories Moral Novels - အင်္ဂလိပ်ပုံပြင် အမျိုးအစားအမျိုးမျိုးကို ဖတ်ရှုလိုသူများ၊လေ့လာလိုသူများ အတွက်အထူးသင့်တော်ပါတယ်။

 

  1. Daily English Conversation - နေ့စဥ်ပြောဆိုသုံးစွဲနေတဲ့ စကားပြော အသုံးအနှုန်းတွေကိုလေ့လာလိုသူများ အတွက်အဆင်ပြေပါတယ်။

 

  1. English Idioms - Idioms တွေကိုမှ လေ့လာမှတ်သားရတာကြိုက်တဲ့သူတွေအတွက်ပါ။

 

  1. English Phrasal Verb - Phrasal Verb တွေကို သာဓကစုံစုံလင်လင်နဲ့ လေ့လာရမှာပါ။

 

  1. English Podcasts - Podcasts လေးတွေနားထောင်ရတာကြိုက်တဲ့သူတွေဒီ Channel ကိုသာ Join ထားလိုက်နော်။

Advertisement 

Click Here > Great Star Enterprise

  1. English Quizzes - ဉာဏ်စမ်း၊ပဟေဠိလေးတွေ ဖြေရတာကိုမှ ကြိုက်နှစ်သက်တဲ့သူတွေအတွက်ပါ။

 

  1. English Grammar - သဒ္ဒါပိုင်းကို  သေချာထဲထဲဝင်ဝင်  လေ့လာမယ်ဆိုရင်Join ထားသင့်ပါတယ်။ 

 

  1. English Vocabularies - အင်္ဂလိပ်စာကျွမ်းချင်ရင် Vocabပိုင်းကလည်းလုံးဝချန်ထားလို့မရတဲ့ထဲပါပါတယ်။ 

 

  1. English Collocation - ဝေါဟာရတွေရဲ့ အတွက်အဖက် ပေါင်းစပ်အသုံးပြုပုံတွေကိုဒီမှာလေ့လာပါ။ 

 

  1. English Phrases Expressions - Phrasesနဲ့Expression တွေ အမျိုးစုံလေ့လာလို့ရပါတယ်။ 

 

  1. English Proverbs - စကားပုံတွေလေ့လာမယ်ဆိုရင်တော့ Join ထားလိုက်တော့နော်။ 

 

  1. English Songs Lyrics  - သီချင်းနားထောင်ရတာကြိုက်ပြီး စာသားတွေကတဆင့် ဘာသာစကား လေ့လာဖို့အတွက် Channel ပါ။ 

 

  1. IELTS English - IELTS Learner လေးတွေအတွက်ပါ။ 

  2. TOEFL English - TOEFL ဖြေမယ့်သူတွေအတွက်ပါ။


 

Knowledge Latest Post Read 1446 times