ဂျာမနီနိုင်ငံမှာ ဘွဲ့ကြိုအတွက်ပဲဖြစ်ဖြစ်၊ ဘွဲ့လွန်အတွက်ပဲဖြစ်ဖြစ် ကျောင်းစရိတ်ကင်းလွတ်ခွင့်အပြင် နေထိုင်စရိတ်အတွက်ပါ ထောက်ပံ့ကြးရရှိမယ့် SBW Berlin Scholarship အကြောင်း မျှဝေပေးချင်ပါတယ်။
SBW Berlin အဖွဲ့အစည်းကနေ နိုင်ငံတကာကျောင်းသားတွေအတွက် Berlin (သို့) Potsdam မှာ ရှိတဲ့ တက္ကသိုလ်၊ အသုံးချသိပ္ပံတက္ကသိုလ် (Fachhochschule) တို့မှာ Bachelor နဲ့ Master တက်ရောက်နိုင်ဖို့ နှစ်စဉ် ပညာသင်ဆု ပေးအပ်တာဖြစ်ပါတယ်။
ဒီပညာသင်ဆု လျှောက်ထားသူတွေက -
ဘွဲ့ကြိုတန်းအတွက် အထက်တန်းအောင်ပြီးသူများ၊ ဂျာမန် (သို့) နိုင်ငံခြား တက္ကသိုလ်တစ်ခုခုတွင် ပထမနှစ်တက်လစဖြစ်နေသူများလည်း လျှောက်ထားနိုင်ပါတယ်။ မာစတန်းလျှောက်မယ့်သူတွေက Bachelor Degree ရရှိပြီးသူများ (သို့) ရရှိခါနီးသူများ လျှောက်ထားနိုင်ပါတယ်။
ပညာသင်ဆု အကျိုးခံစားခွင့်
လိုအပ်တဲ့စာရွက်စာတမ်းများ
လျှောက်ထားရမယ့်ပုံစံ
ပညာသင်ဆုလျှောက်တဲ့အခါမှာ လျှောက်ထားသူဘက်ကနေ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်း (သို့) လူမှုရေး အဖွဲ့အစည်းတွေက ရေးပေးထားတဲ့ ထောက်ခံစာကို လျှောက်ထားသူကိုယ်စား သူတို့က [email protected] ကို ပေးပို့ရပါမယ်။
ထောက်ခံစာကို ကြည့်ပြီးတော့မှ ပညာသင်ဆုအတွက် ထိုက်တန်တယ်လို့ ယူဆရင် အီးမေးလ်ကနေတဆင့် ပညာသင်ဆုလျှောက်လွှာလင့်ခ်ကို ပြန်လည် ပေးပို့မှာ ဖြစ်ပါတယ်။ ပြီးရင် လျှောက်လွှာမှာ ကိုယ်ရေးအချက်အလက်တွေ ဖြည့်စွက်ပြီး လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ပူးတွဲတင်ပြရပါမယ်။ ပထမအဆင့်ရွေးချယ်ခံရသူတွေကို အင်တာဗျူးဖြေဖို့ အီးမေးလ်ပို့ အကြောင်းကြားပေးပါလိမ့်မယ်။
ဒီပညာသင်ဆုက Application deadline သတ်မှတ်ထားတာမျိုး မရှိတဲ့အတွက် မိမိလျှောက်ထားလိုတဲ့ တက္ကသိုလ်ရဲ့ အနီးဆုံး Intake ကို ချိန်ပြီး တစ်နှစ်ပတ်လုံး လျှောက်ထားနိုင်ပါတယ်။
အသေးစိတ်ဖတ်ရှုရန် >> https://sbw.berlin/en/portfolio-items/sbw-berlin-scholarship
=====================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။