ကိုရီးယားမှာ Research အတွေ့အကြုံကို ရယူနိုင်မယ့် လစာရအလုပ်သင် ပရိုဂရမ်

တောင်ကိုရီးယားနိုင်ငံက Gwangju Institute of Science and Technology (GIST) ကနေ Global Intern Program (GIP) အတွက် Research ပိုင်းကို စိတ်ဝင်စားတဲ့ နိုင်ငံတကာကျောင်းသား၊ ကျောင်းသူတွေကို လျှောက်လွှာ ခေါ်ယူနေပါတယ်။

Global Intern Program (GIP) ဆိုတာ GIST တက္ကသိုလ်ရဲ့ Research Lab တွေမှာ ဝင်ရောက်လုပ်ကိုင်ရင်း ဓာတ်ခွဲခန်းပါမောက္ခကြီးတွေထံမှ လေ့ကျင့်သင်ကြားပေးမှုနှင့် လမ်းညွှန်မှုတွေကို ရရှိနိုင်မယ့် (၈) ပတ်ကြာ လစာရအလုပ်သင် ပရိုဂရမ်ဖြစ်ပါတယ်။ 

ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တစ်ခုမှာ Research အတွေ့အကြုံကို လက်တွေ့ ရယူနိုင်မယ့်အပြင် လစာလည်းရမှာဖြစ်သလို ပရိုဂရမ်တစ်ခုလုံးအတွက် ကုန်ကျစရိတ်ကိုလည်း ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ 

ရွေးချယ်နိုင်မယ့် Research Field များ

  • Electrical Engineering and Computer Science
  • AI Convergence
  • Semiconductor Engineering
  • Natural Sciences
  • Physics and Photon Science
  • Chemistry
  • Mathematical Sciences
  • Materials Science and Engineering
  • Mechanical and Robotics Engineering
  • Environment and Energy Engineering
  • Life Sciences
  • Biomedical Science and Engineering

အကျိုးခံစားခွင့်

  • Half of Round-trip Airfare
  • Dormitory Accommodation
  • Korean Language Class
  • Cultural Class
  • Special Lectures
  • Stipend
  • Culture Exploration

ဘယ်သူတွေ လျှောက်ထားလို့ရလဲ?

  • တက္ကသိုလ်နောက်ဆုံးနှစ် (သို့) မာစတာတန်း တက်ရောက်နေသူတွေ
  • GPA (3.0) နှင့်အထက် ရရှိထားသူတွေ
  • TOEFL iBT 80 (သို့) တခြား အင်္ဂလိပ်ဘာသာစကားအရည်အချင်းစစ် စာမေးပွဲ ဖြေဆိုထားသူတွေ လျှောက်ထားနိုင်ပါတယ်။

လိုအပ်တဲ့ စာရွက်စာတမ်းများ

  • တက္ကသိုလ်တက်ရောက်နေဆဲ ထောက်ခံချက် (သို့) ဒီပလိုမာလက်မှတ် (သို့) ဘွဲ့လက်မှတ်
  • အမှတ်စာရင်းများ 
  • တခြား အတွေ့အကြုံနှင့် အောင်မြင်မှုမှတ်တမ်းများ
  • ထောက်ခံစာ
  • အင်္ဂလိပ်ဘာသာစကားအရည်အချင်းစစ်ရလဒ်
  • သုတေသနအဆိုပြုလွှာ

လျှောက်ထားရမယ့် ပုံစံ

ကိုယ်ပိုင်အကောင့်ဖွင့်ပြီး အောက်ပါ အွန်လိုင်းလျှောက်လွှာကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ (၂၇) ရက်နေ့ နောက်ဆုံးထား ဖြည့်စွက် တင်သွင်းရပါမယ်။ 

https://ipa.gist.ac.kr/ipa/html/sub03/030102.html

အသေးစိတ်ဖတ်ရှုရန်

https://ipa.gist.ac.kr/ipa/html/sub03/030101.html

====================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

International Latest Post Read 277 times