အခမဲ့ တက်ရောက်နိုင်တဲ့ Public Health Management အွန်လိုင်းသင်တန်း

Manaaki New Zealand Scholarships ဆိုတာကတော့ နယူးဇီလန်အစိုးရက ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကျောင်းသားများ၊ ပညာရှင်များနှင့် ဝန်ထမ်းများကို ကာလတိုသင်တန်းတွေအတွက် အွန်လိုင်းမှဖြစ်စေ၊ နယူးဇီလန်နိုင်ငံသို့ သွားရောက်ပြီးဖြစ်စေ အခမဲ့ တက်ရောက်နိုင်ဖို့ ထောက်ပံ့ပေးတဲ့ ပညာသင်ဆုဖြစ်ပါတယ်။

ပရိုဂရမ်တွေကတော့ နိုင်ငံအလိုက် အမျိုးမျိုးရှိပြီး မြန်မာနိုင်ငံသားတွေအနေနဲ့ အောက်ပါသင်တန်းတွေကို လျှောက်ထားလို့ ရပါတယ်။ Public Health Management (Online) သင်တန်းကလွဲပြီး ကျန်တဲ့သင်တန်းတွေက ဩဂုတ်လ နောက်ပိုင်းမှ Application Form ဖွင့်မှာ ဖြစ်ပါတယ်။

  1. Public Health Management (Online)
  2. Good Governance (Online)
  3. Disaster Risk Reduction for Resilience (Online)
  4. Disaster Risk Reduction for Resilience (New Zealand)
  5. Sustainable, Resilient and Productive Agri-Food Systems (1) (New Zealand)
  6. Sustainable, Resilient and Productive Agri-Food Systems (2) (New Zealand)

Public Health Management (Online)

ကျန်းမာရေးစနစ်တွေကို ပိုမိုခိုင်မာအားကောင်းစေဖို့၊ ဝန်ဆောင်မှုပေးရာမှာ တိုးတက်ကောင်းမွန်စေဖို့နဲ့ ပြည်သူ့ကျန်းမာရေး ရလဒ်တွေကို မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်တဲ့ သင်တန်းဖြစ်ပါတယ်။ သင်တန်းတက်ရောက်ခွင့်ရရှိသူတွေက ပြည်သူ့ကျန်းမာရေး အစီအစဉ်တွေကို စီမံခန့်ခွဲဖို့အတွက် လက်တွေ့ကျတဲ့ နည်းလမ်းတွေကို သိရှိခွင့် ရရှိမှာဖြစ်ပါတယ်။

သင်တန်းအမည် - Public Health Management (ပြည်သူ့ကျန်းမာရေး စီမံခန့်ခွဲမှု)

သင်ကြားမယ့်ပုံစံ - အွန်လိုင်း 

သင်တန်းကာလ - ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်မှ နိုဝင်ဘာလ (၂၀) ရက် အထိ

လျှောက်လွှာပိတ်ရက် - ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂) ရက်

လျှောက်ထားနိုင်သူများ အရည်အချင်းသတ်မှတ်ချက်

  • မြန်မာနိုင်ငံသားဖြစ်ရပါမယ်။ 
  • ပြည်သူ့ကျန်းမာရေးကဏ္ဍနဲ့ စီမံခန့်ခွဲရေးပိုင်းမှာ လုပ်သက် အနည်းဆုံး (၅) နှစ်ရှိတဲ့ အလယ်အလတ်အဆင့်ပညာရှင် သို့မဟုတ် အစိုးရဌာနဆိုင်ရာ အရာရှိတစ်ဦး ဖြစ်ရပါမယ်။
  • အင်္ဂလိပ်စာ Intermediate Level ရှိရပါမယ်။

လိုအပ်တဲ့ စာရွက်စာတမ်းများ

  • ပတ်စ်ပို့ (သို့) မှတ်ပုံတင်
  • ကိုယ်ရေးအကျဉ်း
  • လက်ရှိလုပ်ကိုင်နေတဲ့ ရာထူးနဲ့ တာဝန်
  • ဝန်ထမ်းဖြစ်ရင် အလုပ်ရှင်ရဲ့ ထောက်ခံချက် (https://manaaki-tstts.nz/wp-content/)
  • IELTS (သို့) TOEFL တို့လို အင်္ဂလိပ်စာအရည်အချင်းစစ် စာမေးပွဲရလဒ် (မရှိလည်းရ)

ဒီသင်တန်းကို စိတ်ဝင်စားရင် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂) ရက်နေ့ နောက်ဆုံးထားပြီး အောက်ဖော်ပြပါလင့်ခ်ကနေတဆင့် လျှောက်ထားနိုင်ပါတယ်။

> https://vuw.qualtrics.com/jfe/form/SV_8B8fBy1MTzom4Tk

အသေးစိတ်ဖတ်ရှုရန်

> https://manaaki-tstts.nz/programmes/asean/

=========================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Vocational Read 31 times