မြန်မာကျောင်းသားတွေအတွက် Prospect Burma ပညာသင်ဆုလျှောက်လွှာ စဖွင့်ပါပြီ

မြန်မာနိုင်ငံက ကျောင်းသား၊ ကျောင်းသူတွေ မျှော်လင့်နေရဆုံး Prospect Burma ပညာသင်ဆုကို ဒီဇင်ဘာ (၁) ရက်နေ့ကနေ စပြီး လျှောက်ထားလို့ ရပါပြီ။ Prospect Burma ဆိုတာ နိုင်ငံခြားမှာ ဘွဲ့ကြို၊ မဟာဘွဲ့နဲ့ ပါရဂူဘွဲ့ လျှောက်ထားလိုသူတွေကို ပညာသင်စရိတ် အပြည့်အ၀ ထောက်ပံ့ပေးသွားမယ့် အဖွဲ့အစည်း ဖြစ်ပါတယ်။

ရွေးချယ်လျှောက်ထားနိုင်တဲ့ တက္ကသိုလ်များ

Prospect Burma ပညာသင်ဆု လျှောက်မယ်ဆိုရင် အရင်ဆုံး တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရပါမယ်။  တက္ကသိုလ်ကတော့ မိမိနှစ်သက်ရာ နိုင်ငံက ဘယ်တက္ကသိုလ်မှာမဆို လျှောက်ထားလို့ ရပါတယ်။

ဒါပေမဲ့ စရိတ်ကြီးတဲ့ နိုင်ငံ၊ ကျူရှင်ခများတဲ့ တက္ကသိုလ်တွေမှာ လျှောက်မယ်ဆိုရင်တော့ လက်မခံတာမျိုး ရှိပါတယ်။ 

Prospect Burma နဲ့ ပါတနာ လုပ်ထားတဲ့ တက္ကသိုလ် (၉) ခုမှာ လျှောက်ထားမယ်ဆိုရင်တော့ ကျောင်းဘက်က ကျူရှင်ခ ကင်းလွတ်ခွင့် (သို့) ကျူရှင်ခ လျှော့ပေးတဲ့ အခွင့်အရေးကို ထပ်ဆောင်း ရရှိမှာ ဖြစ်ပါတယ်။

ပါတနာ တက္ကသိုလ်တွေကို ကြည့်ရန် >> choosing-where-you-study/

ပညာသင်ဆု အကျိုးခံစားခွင့်

- Tuition Fees

- Aacademic Materials

- Living costs (နေစရိတ်+စားစရိတ်)

- Travel Fees

ပညာသင်ဆုကို ကျောင်းသားလိုအပ်ချက်ပေါ် မူတည်ပြီး Fully-funded နဲ့ Partially-funded ဆိုပြီး နှစ်မျိုးနှစ်စား ပေးပါတယ်။

ပညာသင်ဆုကာလ

ဘွဲ့ကြို - (၄) နှစ်

မဟာဘွဲ့ - (၂) နှစ်

ပါရဂူဘွဲ့ - (၃) နှစ်

ပညာသင်ဆုက တစ်နှစ်တစ်ခါ ပြန်လျှောက်ရတာဖြစ်တဲ့အတွက် တက္ကသိုလ်တက်နေစဉ်ကာလတစ်လျှောက်လုံး  ပျမ်းမျှအမှတ် (CGPA) 3.00 နှင့်အထက် ရရှိဖို့ လိုအပ်ပါတယ်။ ပညာသင်ဆုကို အလွဲသုံးစားလုပ်တာမျိုး၊ စည်းကမ်းချိုးဖောက်တာမျိုး၊ အမှတ်တွေ နည်းတာမျိုးဆိုရင် ပညာသင်ဆု ရုတ်သိမ်းခံရပါမယ်။

ဘယ်လိုလူတွေ လျှောက်ထားလို့ရလဲ? 

- မြန်မာနိုင်ငံသား ဖြစ်ရပါမယ်။ 

- တက္ကသိုလ် တစ်ခုခုမှာ ဝင်ခွင့် လျှောက်ထားသူ (သို့) ရရှိပြီးသူ ဖြစ်ရပါမယ်။

- ငွေကြေး အခက်အခဲရှိကြောင်း ပြနိုင်ရပါမယ်။ 

- မြန်မာနိုင်ငံကို ပြန်လည်အကျိုးပြုမယ့် ရည်မှန်းချက်ကြီး ရှိရပါမယ်။

- ကိုယ်ရွေးချယ်ထားတဲ့ ပရိုဂရမ်ကို အဆုံးထိ တက်ရောက်နိုင်ရပါမယ်။

ဘာစာရွက်စာတမ်းတွေ လိုအပ်လဲ?

- တက္ကသိုလ်ဝင်ခွင့် ရရှိကြောင်း စာရွက် (ဝင်ခွင့်မရသေးရင် လျှောက်ထားဆဲဖြစ်ကြောင်း ထောက်ခံချက်)

- ထောက်ခံစာ (၂) စောင်

- အထက်တန်းအောင်လက်မှတ်နဲ့ အမှတ်စာရင်း

-  TOEFL ၊ IELTS (သို့) အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု ရလဒ်

- ပတ်စ်ပို့ / မှတ်ပုံတင်

- ငွေကြေးအချက်အလက်

- အက်ဆေး (၂) ပုဒ်

လျှောက်ထားရမယ့်ပုံစံ

အထက်ဖော်ပြပါ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို အပြည့်အစုံ ပြင်ဆင်ထားပြီး အွန်လိုင်းလျှောက်လွှာမှတဆင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့ကနေ ၂၀၂၆ ခုနှစ်၊ ဇန်န၀ါရီလ (၃၁) ရက်နေ့အထိ လျှောက်ထားနိုင်ပါတယ်။

https://prospectburma.my.site.com/onlineapplications/s/?

ပညာသင်ဆုအတွက် အင်တာဗျူးဖြေဖို့ ရွေးချယ်ခံရသူတွေကို ၂၀၂၆ ခုနှစ်၊ မေလလောက်မှာ အီးမေးလ်ကတဆင့် အသိပေး ကြေညာသွားမှာဖြစ်ပါတယ်။

ပညာသင်ဆုအကြောင်း အသေးစိတ် ဖတ်ရှုရန် >> https://students.prospectburma.org/in-person-scholarships-about/

===============================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

International Latest Post Read 5811 times