တောင်ကြီးမြို့၌ Polytechnic University ဖွင့်လှစ်နိုင်ရေးဆောင်ရွက်

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ Polytechnic University ကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင်လည်း ဖွင့်လှစ်နိုင်ရန်အတွက် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ (၃၀) ရက်နေ့၊ နံနက်ပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီးတို့နှင့်အတူ တောင်ကြီးမြို့၌ Polytechnic University ဖွင့်လှစ်နိုင်ရေးအတွက် ကြည့်ရှုစစ်ဆေးမှုများ ပြုလုပ်ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။ 

Polytechnic University တွင် ထည့်သွင်းတည်ဆောက်မည့် စာသင်ဆောင်များ၊ အလုပ်ရုံများ၊ Lab ခန်းများ၊ ကျောင်းသား၊ ကျောင်းသူအဆောင်၊ ဘောလုံးကွင်း၊ ဒုတိယပါမောက္ခချုပ်အိမ်ရာ၊ အရာရှိအိမ်ရာ၊ Recreation Centre များနှင့် ဆရာ၊ ဆရာမအိမ်ရာများ ဆောက်လုပ်မည့်မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

မြန်မာနိုင်ငံတွင် နေပြည်တော် အပါအဝင် ဗန်းမော်၊ လားရှိုး၊ ကျိုင်းတုံ၊ ပင်လုံ၊ မအူပင်၊ ထားဝယ်၊ မြိတ်၊ မြစ်ကြီးနား စသည့် မြို့ (၉) မြို့တွင် Polytechnic University အား ဖွင့်လှစ်ထားလျက်ရှိပြီး (၁၀) ခုမြောက်ကို တောင်ကြီးမြို့တွင် ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်နေသည်။
  
Source - ပြန်ကြားရေးဝန်ကြီးဌာန

Latest Post Local News Read 14 times