တက္ကသိုလ်ဝင်တန်းမအောင်မြင်သူများအတွက် Polytechnic Institute ဖွင့်လှစ်ရန် စီစဉ်

တက္ကသိုလ်ဝင်တန်းဖြေဆိုပြီး အောင်မြင်မှုမရှိခဲ့သူများ တက်ရောက်နိုင်ရေးအတွက် Polytechnic Institute ကို ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း စကစခေါင်းဆောင်က ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးစဉ် ထည့်သွင်းပြောကြားခဲ့သည်။

Polytechnic University များသည် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများသာ ရွေးချယ်ခွင့်ရှိသည့်အတွက် တက္ကသိုလ်ဝင်စာမေးပွဲမအောင်မြင်သူများအနေဖြင့် Polytechnic နည်းပညာများ သင်ကြားခွင့် မဆုံးရှုံးစေရန် Polytechnic Institute ကို ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရသည်။ 

Polytechnic Institute တွင် ပထမ (၁) နှစ် အောင်မြင်ပြီးပါက Certificate ပေးအပ်မည်ဖြစ်ပြီး နောက်ထပ် (၂) နှစ် တက်ရောက်အောင်မြင်ပြီးပါက Diploma ဘွဲ့ပေးအပ်မည်ဖြစ်သည်။ ထိုမှတဆင့် ထူးချွန်အဆင့်ဖြင့် အောင်မြင်သူများသည် Polytechnic University ဒုတိယနှစ် (သို့) တတိယနှစ်သို့ ပေါင်းကူးပြီး ဆက်လက်တက်ရောက်နိုင်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှ စတင်ပြီး ကွန်ပျူတာနှင့် နည်းပညာကို ပေါင်းစပ်ထားသည့် Polytechnic University များကို နေပြည်တော် အပါအဝင် ဗန်းမော်၊ လားရှိုး၊ ကျိုင်းတုံ၊ ပင်လုံ၊ မအူပင်၊ ထားဝယ်၊ မြိတ်တို့တွင် ဖွင့်လှစ်နိုင်ခဲ့သည်။

ထို့အပြင် စိုက်ပျိုးမွေးမြူရေးနယ်ပယ်နှင့် စက်မှုနယ်ပယ်တို့တွင် ကျွမ်းကျင်သူများ ပိုမိုပေါ်ထွက်လာစေရန် အခြေခံပညာအလယ်တန်းအဆင့်ပြီးမြောက်သူများ တက်ရောက်နိုင်သည့် စက်မှု၊ စိုက်ပျိုးရေးနှင့် နည်းပညာအထက်တန်းကျောင်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးပြီး ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများကို မွေးထုတ်ပေးလျက်ရှိသည်။ 

အဆိုပါဆွေးနွေးပွဲတွင် နိုင်ငံတော်၏ ပညာရေးမြှင့်တင်မှုနှင့် ပတ်သက်၍ လုပ်ငန်းဆောင်တာများကို အောင်မြင်စေရန် တာဝန်ရှိသူများအားလုံး ဝိုင်းဝန်းပါဝင်ဆောင်ရွက်စေလိုကြောင်းနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ ပညာရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့သည်။

Source - ပြန်ကြားရေးဝန်ကြီးဌာန

===========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Read 110 times