Sales Hotline : 09448001653       Download App



အင်္ဂလန်နိုင်ငံ Open University မှ Free Certificate ပါရယူနိုင်တဲ့ သင်တန်းပေါင်း (၁၀၀၀)

 

 

အင်္ဂလန်နိုင်ငံက နာမည်ကြီးတက္ကသိုလ်တစ်ခုဖြစ်တဲ့ Open University က ဖွင့်လှစ်ပေးထားတဲ့ အခမဲ့အွန်လိုင်းသင်တန်းများဟာ အနာဂတ်အလားအလာကို မြှင့်တင်လိုသူတိုင်းအတွက်သင့်တော်ပါတယ်။ 

 

Open University ရဲ့ အွန်လိုင်းသင်တန်းများတွင် လက်ရှိမှာကျောင်းသားပေါင်း ၁၇၀,၀၀၀ ကျော်စာရင်းသွင်းတက်ရောက်နေပြီး ကျန်းမာရေး၊ အားကစား၊ စိတ်ပညာ၊ ပညာရေး၊ ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေး နှင့် သမိုင်းစတဲ့ ဘာသာရပ်များကို သင်ကြားပို့ချပေးနေပါတယ်။

 

ဒီသင်တန်းတွေကိုတက်ရောက်ခြင်းအားဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းမှာအထောက်အကူပြုစေမယ့်ကျွမ်းကျင်မှုများနဲ့ အသိပညာအသစ်များကို ရရှိနိုင်တဲ့အခွင့်အလမ်းတွေကို သေချာပေါက်ရရှိစေမှာပါ။ 

 

နိုင်ငံတကာ တက္ကသိုလ်များနှင့် ဆက်စပ်ပြီး စရိတ်စကကြီးကြီးမားမား ကုန်ကျမှုမရှိပဲ ကမ္ဘာ့အဆင့်မီ ပညာရေးကို ရယူလိုတဲ့ ကျောင်းသားများအတွက် အထူးသင့်တော်ပါတယ်။ 

 

ဒါဆိုသင်တန်းတွေနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို အောက်မှာဆက်ကြည့်လိုက်ကြရအောင်_

 

  • University: Open University, United Kingdom

  • Number of Courses: 1,000

  • Online Learning Platform: OpenLearn

  • Deadline: Open Now

Advertisement

Click Here> Great Modern Aluminium

 

ဒီသင်တန်းတွေကဘာအကျိုးကျေးဇူးတွေရရှိနိုင်မလဲ_

  • သင်တန်းပြီးဆုံးလျှင်သင်တန်းဆင်းလက်မှတ်(Certificate)အခမဲ့ရရှိနိုင်ခြင်း

  • တက္ကသိုလ်မှအသိအမှတ်ပြု Online Digital Badge ပါရှိခြင်း

  • Registration Fee အခမဲ့ဖြင့် တက်ရောက်နိုင်ခြင်း

  • ရွေးချယ်စရာ သင်တန်းအမျိုးအစားပေါင်း ၁၀၀၀ နီးပါးရှိခြင်း

  • စာရင်းသွင်းပြီးတာနှင့်တစ်ပြိုင်နက်တက်ရောက်နိုင်ခြင်း

  • အချိန်ကန့်သတ်ချက်မရှိခြင်း

  • အွန်လိုင်းသင်တန်းဖြစ်သောကြောင့် အင်တာနက်နှင့် Device တစ်လုံးရှိရုံဖြင့် အချိန်မရွေးနေရာ မရွေးတက်ရောက်နိုင်ခြင်း

 

ရွေးချယ်တက်ရောက်နိုင်သည့် ဘာသာရပ်နယ်ပယ်များ_

  • Health, Sports & Psychology

  • Education & Development

  • History & The Arts

  • Science, Maths & Technology

  • Languages

  • Money & Business

  • Nature & Environment

  • Society, Politics & Law

 

Open University မှသင်တန်းများမှာ တစ်ကမ္ဘာလုံးမှနိုင်ငံသားတိုင်းတက်ရောက်နိုင်ပြီး အသက်ကန့်သတ်ချက်၊ ပညာအရည်အချင်း ထောက်ခံချက်များ ဘာမှမလိုအပ်ပါဘူး။ 

 

ဒီပရိုဂရမ်ကို ဘယ်လိုလျှောက်ထားရမလဲ_

  • Open University ရဲ့ Official Website ကိုသွားပြီး ကိုယ်စိတ်ဝင်စားတဲ့သင်တန်းအမျိုးအစားကို ရှာဖွေပါ။

  • သင်တန်းလင့်ခ်ကို နှိပ်ပြီး သင်တန်းရဲ့ ဖော်ပြချက်အကျဥ်းချုပ်နှင့် လိုအပ်ချက်များနဲ့ အခြား သက်ဆိုင်ရာ အချက်အလက်များကို ဖတ်ရှုပါ။

  • Course Requirement များနှင့်ကိုက်ညီပါက “Apply Now or Enroll” ကိုနှိပ်ပြီး စာရင်းပေးသွင်းပါ။

  • လျှောက်လွှာဖောင်မှာ ကိုယ်ရေးကိုယ်တာအချက်အလက်များအပါအဝင် အခြားလိုအပ်သော အချက်အလက်များကို ပြည့်စုံစွာဖြည့်သွင်းပါ။

  • လျှောက်လွှာဖြည့်ပြီးပါက စာရင်းပေးသွင်းခြင်းအတွက် Confirmation ကိုစောင့်ဆိုင်းပါ။

  • ပြီးရင်တော့ သင်တန်းစတင်တက်ရောက်လို့ရပါပြီ။

 

အောက်မှာပေးထားတဲ့လင့်ခ်ကနေ သင်တန်းအမျိုးအစားတွေကို ဝင်ရောက်ရှာဖွေပြီး ကိုယ်စိတ်ဝင်စားတဲ့ အတန်းကို စာရင်းပေးသွင်း လျှောက်ထားနိုင်ပါတယ်

 

Apply Link >

https://www.open.edu/openlearn/free-courses/full-catalogue 

 

Open University ရဲ့ Official Website Link မှတစ်ဆင့်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်

Official Website Link >

https://www.open.edu/openlearn/free-courses/full-catalogue

Latest Post University / College Read 849 times