ဆရာ၊ ဆရာမတွေ၊ မူကြိုကျောင်းတည်ထောင်ထားသူတွေ၊ ကျောင်းစီမံခန့်ခွဲမှုကို စိတ်ဝင်စားသူတွေ၊ မိဘတွေ၊ ကျောင်းသားကျောင်းသူတွေအတွက် အွန်လိုင်းကတဆင့် တက်ရောက်နိုင်မယ့် ပညာရေးဆိုင်ရာ Free Webinar (၅) ခုကို မျှဝေပေးလိုက်ပါတယ်။
၁။ Beyond Teaching: Elevating Schools through Educational Leadership & Management
IDA-Integrated Development Academy က ဇူလိုင်လ (၂၅) ရက်၊ စနေနေ့မှာ Free Webinar လေးတစ်ခု စီစဉ်ထားပါတယ်။ ယနေ့ခေတ် ပညာရေးလောကမှာ ကျောင်းတစ်ကျောင်းရဲ့ အရည်အသွေးကို မြှင့်တင်ဖို့ဆိုရင် သင်ကြားရေးကျွမ်းကျင်မှုအပြင် ခေါင်းဆောင်မှုစွမ်းရည်၊ စီမံခန့်ခွဲမှုစနစ်နဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာတွေကိုလည်း နားလည်ထားဖို့ လိုအပ်လာပါတယ်။ ဒါကြောင့် ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့အသုံးချနိုင်တဲ့ နည်းလမ်းတွေကို သိရှိလိုသူတွေက ဒီ Webinar ကို တက်ရောက်နိုင်ပါတယ်။
> https://www.facebook.com/permalink.php?
၂။ Helping Children Manage Stress and Build Emotional Wellbeing
ဒါကလည်း IDA-Integrated Development Academy က ဇူလိုင်လ (၂၆) ရက်နေ့၊ တနင်္ဂနွေနေ့မှာ ကျင်းပပြုလုပ်မယ့် Zoom Webinar ဖြစ်ပါတယ်။ ကလေးတွေဟာ ကျောင်းဖိအား၊ မိသားစုအခြေအနေ၊ Social Pressure၊ မိဘတွေရဲ့ မျှော်လင့်ချက်၊ Screen Time နဲ့ Digital World စတဲ့ အရာတွေကြောင့် Stress ခံစားရနိုင်ပါတယ်။ ကလေးများရဲ့ စိတ်ဖိစီးမှုကို နားလည်ပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှုကို ပံ့ပိုးပေးလိုတဲ့ ကလေးပြုစုစောင့်ရှောက်သူတွေ၊ မူကြိုဆရာ၊ ဆရာမတွေ၊ မိဘတွေ တက်ရောက်လို့ရပါတယ်။
> https://www.facebook.com/permalink.php?
၃။ Understanding Autism & ADHD: Facts over Myths
Happy Learners Preschool ကနေ ဇူလိုင်လ (၂၈) ရက်နေ့ အင်္ဂါနေ့မှာ ကျင်းပပြုလုပ်မယ့် Free Webinar ဖြစ်ပါတယ်။ Autism နဲ့ ADHD အကြောင်း သိချင်သူတွေ၊ ဦးနှောက်ဖွဲ့စည်းပုံ ကွဲပြားခြားနားတဲ့ ကလေးတွေရဲ့ သဘာ၀ကို နားလည်ချင်သူတွေ၊ စာသင်ခန်းထဲမှာ ကလေးတစ်ဦးချင်းစီရဲ့ လိုအပ်ချက်ကို ပံ့ပိုးပေးချင်တဲ့ ဆရာ/ဆရာမတွေ တက်ရောက်နိုင်ပါတယ်။
> https://www.facebook.com/permalink.php?
၄။ Speak Up, Stand Out: Building Confidence in Public Speaking & Networking
MYEO ကနေ ဇူလိုင်လ (၂၆) ရက် တနင်္ဂနွေနေ့မှာ စီစဉ်ပြုလုပ်ပေးထားတဲ့ Free Webinar ကတော့ Public Speaking စွမ်းရည် တိုးတက်လိုသူတွေအတွက် ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ ဆက်သွယ်ပြောဆိုခြင်းစွမ်းရည်က အနာဂတ်အခွင့်အလမ်းတွေအတွက် မရှိမဖြစ် လိုအပ်လာပြီဖြစ်တာကြောင့် လူရှေ့ စကားပြောရမှာ ကြောက်တဲ့စိတ်ကို ဘယ်လိုကျော်ဖြတ်မလဲ၊ Confidence ရှိရှိ စကားပြောနိုင်ဖို့ ဘယ်လို လေ့ကျင့်မလဲဆိုတာတွေကို မျှဝေသွားမှာ ဖြစ်ပါတယ်။
> https://www.facebook.com/myeo.hub/
၅။ IELTS General Training
British Council ကနေ IELTS General Training ပြင်ဆင်နေသူတွေအတွက် Speaking နဲ့ Writing Task ကို လေ့ကျင့်ပေးမယ့် Free Webinar ဖြစ်ပါတယ်။ IELTS General Training Test ဖြေဆိုဖို့ ပြင်ဆင်နေသူတွေအပြင် ဝါသနာအရ အင်္ဂလိပ်စာလေ့လာချင်သူတွေလည်း တက်ရောက်နိုင်ပါတယ်။
> https://www.facebook.com/BritishCouncilMyanmar
မိမိစိတ်ဝင်စားတဲ့ Webinar ကို သက်ဆိုင်ရာ ပေးထားတဲ့ Link တွေမှာ ဝင်ရောက်ကြည့်ရှုပြီး စာရင်းပေးသွင်းနိုင်ပါတယ်။
==============================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။