Sales Hotline : 09448001653       Download App



ဂျပန်နိုင်ငံက နာမည်ကြီးတက္ကသိုလ် (၁၈) ကျောင်း ပါဝင်မယ့် Online Education Fair

 

Okayama University (Global Network Project to Promote Study in Japan) ၊ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးနှင့် မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) တို့မှ ကြီးမှူးပြီး "Online Study in Japan Fair 2024 For Myanmar" ကို အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ 

 

ဂျပန်နိုင်ငံကို ပညာတော်သင် သွားဖို့ စိတ်ဝင်စားသူတွေ၊ Scholarship လျှောက်ပြီး ကျောင်းတက်ချင်သူတွေ၊ ဂျပန်ထိပ်တန်းတက္ကသိုလ်တွေနဲ့ တိုက်ရိုက်ဆွေးနွေးချင်သူတွေ၊ အလုပ်အကိုင်အခွင့်အလမ်းအကြောင်း မေးမြန်းချင်သူတွေအတွက် တက်ရောက်သင့်တဲ့ ပညာရေးပြပွဲဖြစ်ပါတယ်။ 

 

ဒီပွဲကို ဩဂုတ်လ ၂၉ ရက်နေ့၊ မနက် (၁၀) နာရီကနေ နေ့လည် (၁၂) နာရီအထိ တစ်ကြိမ်၊ ဩဂုတ်လ ၃၀ ရက်နေ့၊ မနက် (၁၀) နာရီကနေ ညနေ (၅) နာရီအထိ တစ်ကြိမ် အွန်လိုင်းကနေတဆင့် (၂) ရက်တိုင်တိုင် ကျင်းပသွားမှာဖြစ်ပါတယ်။  

 


 

ပွဲမှာ ပါဝင်သွားမယ့် ဂျပန်နိုင်ငံမှ နာမည်ကြီးတက္ကသိုလ် (၁၈) ခု

  1. Asia University
  2. Eikei University of Hiroshima
  3. International University of Japan
  4. Josai International University
  5. Josai University
  6. Kanazawa University
  7. Kumamoto University
  8. Kyoto University
  9. Kyoto University of Advanced Science
  10. Musashino University
  11. Niigata University
  12. Ritsumeikan Asia Pacific University
  13. Ritsumeikan University
  14. Shizuoka University
  15. Tokyo International University
  16. Toyo University
  17. Tsuda University
  18. Okayama University

 

ပွဲကို တက်ရောက်ပြီး ဖော်ပြပါတက္ကသိုလ်အသီသီးရဲ့ ကျောင်းဝင်ခွင့်အချက်အလက်တွေ၊ စကော်လားရှစ်အစီအစဉ်တွေ၊ ရွေးချယ်တက်ရောက်နိုင်တဲ့ ဘွဲ့ကြို/ဘွဲ့လွန်သင်တန်းတွေအပြင် ကျောင်းပြီးပါက ရရှိနိုင်မယ့် အလုပ်အကိုင်အခွင့်အလမ်းတွေထိပါ တိုက်ရိုက်မေးမြန်းနိုင်မှာဖြစ်ပါတယ်။ 


 
ပွဲအသေးစိတ်အချက်အလက်

“Online Study in Japan Fair 2024 For Myanmar" ရဲ့ Special Website ကိုတော့ ဇူလိုင်လ ၂၉ ရက်နေ့မှ စတင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 

>> https://www.okayama-u.ac.jp/user/myanmar/prepare2024.html

 

Online General Information Seminar (တက္ကသိုလ်တစ်ခုချင်းစီရဲ့ မိတ်ဆက်ခြင်း အစီအစဉ်)

နေ့ရက် - ဩဂုတ်လ ၂၉ ရက်နေ့ 

အချိန် - မနက် (၁၀) နာရီကနေ နေ့လည် (၁၂) နာရီအထိ

 

Online Grpup Consultation (တက္ကသိုလ်အကြောင်း တိုက်ရိုက်မေးမြန်းနိုင်မယ့် အစီအစဉ်)

နေ့ရက် - ဩဂုတ်လ ၂၉ ရက်နေ့၊ ၃၀ ရက်နေ့

အချိန် - မနက် (၁၀) နာရီကနေ ညနေ (၅) နာရီအထိ

 

အိမ်ထဲက အိမ်ပြင်ထွက်စရာမလိုဘဲ သက်ဆိုင်ရာ ဂျပန်တက္ကသိုလ်အသီးသီမှ တာဝန်ရှိသူတွေကို ကျောင်းနဲ့ပတ်သက်ပြီး သိလိုသမျှ မေးမြန်းနိုင်မယ့် အခွင့်အရေးရှိတာမို့ စိတ်ဝင်စားရင် အောက်ကလင့်ခ်ကနေတဆင့် အခမဲ့ စာရင်းပေးသွင်းပြီး တက်ရောက်နိုင်ပါတယ်။ 


>> https://docs.google.com/forms

 

Local News Read 42 times