Sales Hotline : 09448001653       Download App



၂၀၂၃ခုနှစ်မှာ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို ဖတ်ရှုနိုင်မယ့် Newsletter (၁၀)ခု

 

Facebook သုံးရတာ အချိန်ကုန်တယ်၊ Screen Timeများနေပြီ လျှော့သုံးဖို့ဆုံးဖြတ်လိုက်ပြီ ဒါပေမယ့် ကမ္ဘာမှာ ဘာတွေဖြစ်နေတယ်၊ နောက်ဆုံးရသတင်းတွေကိုလည်း အချိန်နဲ့တပြေးညီသိချင်တယ်၊ သူများနဲ့ စကားပြောတဲ့အခါမှာလည်း ကိုယ်က နောက်ကျမကျန်ခဲ့ချင်ဘူးဆိုရင်တော့ သေချာပေါက် အခုပြောပြမယ့် Newsletter Website လေးတွေကို Subscribe လုပ်ထားလိုက်ပါတော့။

Newsletter ဆိုတာကတော့ ကိုယ့်ရဲ့ Email ထဲကို တိုက်ရိုက်ပေးပို့တာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ Privacy အတွက်လည်း စိတ်ချရသလို Social Media ကို အချိန်ပေးပြီး တနေကုန်ကြည့်နေရသလိုမျိုး အချိန်မကုန်ပါဘူး။ မနက်ပိုင်း မနက်စာလေးစာလေး၊ ကော်ဖီလေးသောက်ရင်း အချိန် ၁၅မိနစ်လောက်ပေးပြီး မေးလ်လေးဖွင့် ပို့ထားတဲ့ သတင်းလေးတွေကို ဖတ်လိုက်တာနဲ့ ကိုယ့်အတွက် တစ်နေ့တာ အသိပညာဗဟုသုတ တိုးသွားသလိုခံစားရစေမှာပါ။

ဒါဆိုရင် အခုတစ်ခါမှာတော့ ၂၀၂၃ခုနှစ်အတွက် နောက်ဆုံးရနိုင်ငံတကာသတင်းတွေကို သိရှိနိုင်ဖို့ သင့်အနေနဲ့ Subscribe အလုပ်သင့်ဆုံး Newsletter Website 10ခုကို ဖော်ပြပေးသွားပါမယ်။

  1. Marketing Brew by Morning Brew

Marketing နဲ့ပတ်သက်တဲ့ ကမ္ဘာကနာမည်ကြီး ကုမ္ပဏီတွေရဲ့ အကြောင်းအရာတွေ၊ နည်းဗျူဟာတွေ၊ သတင်းတွေအကြောင်းသိချင်ရင် သေချာပေါက် Subscribe လုပ်ထားရမယ့် ဝက်ဘ်ဆိုဒ်ပါ။ ဈေးကွက်ရှာဖွေရေးနဲ့ ကြော်ငြာလောကကို ပုံဖော်ပေးနေတဲ့ နောက်ဆုံးရသတင်းတွေ သင့်ဆီယူဆောင် လာပေးမယ်လို့ အာမခံပါတယ်။

 

  1. The Future Party

လက်ရှိမှာ Subscribe လုပ်သူ ၂သိန်းကျော်ရှိနေပါပြီ။ နိုင်ငံတကာမှ စီးပွားရေး၊ ဖျော်ဖြေရေး နှင့်ယဥ်ကျေးမှုဆိုင်ရာသတင်းတွေကိုနည်းပညာနဲ့ဆိုရှယ်မီဒီယာရဲ့မှန်ဘီလူးသဖွယ်ခြေရာခံပေးနေတာ ဖြစ်တဲ့အတွက် သေချာပေါက် သတင်းအစုံအလင်ကို ဖတ်ရှုရမှာပါ။

 

  1. Brain Food Newsletter

Subscriber ၅ သိန်းကျော်ရှိထားပြီး တနင်္ဂနွေနေ့တိုင်း သင့်အတွက်လိုအပ်နေတဲ့ အသိပညာဗဟုသုတ တွေကို မနားတမ်းယူဆောင်လာပေးမှာကတော့ Brain Food Newsletter ပါ။

Advertisement

Click Here > Myanmar Lift Group

  1. Buffer’s Social Media Newsletter

သတင်းတွေအားလုံးက လိုရင်းတိုရှင်းနဲ့ သဘောပေါက်နားလည်လွယ်မယ်။ Instagram,Pinterest, Twitter,Facebook နဲ့တခြားနာမည်ကြီး ဆိုရှယ်မီဒီယာပေ့ချ်တွေက ခေတ်စားနေတဲ့သတင်းတွေ၊ Hit ဖြစ်နေတဲ့သတင်းတွေကို တစ်နေရာတည်းမှာ စုံစုံလင်လင်သိချင်တယ်ဆိုရင်တော့ သေချာပေါက် Subscribe လုပ်ထားလိုက်တော့နော်။

 

  1. Daily Stoic Newsletter

သင့်ရဲ့ မနက်တိုင်းကို ဘဝမှာနေထိုင်ရန်အတွက် အကောင်းဆုံးခွန်အား၊ ထိုးထွင်း သိမြင်မှု၊ ဉာဏ်ပညာတို့ကို သမိုင်းမှာ ထင်ရှားခဲ့တဲ့ နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့ လမ်းညွှန်ပြသမှုတွေ၊ အတွေးအခေါ်တွေနဲ့အတူ ဖော်ပြထားတဲ့ စာလုံးရေ ၅၀၀ ပါဝင်တဲ့ Daily Stoic Newsletter နဲ့အတူ စတင်လိုက်ပါ။

 

  1. Geekout by Matt Navarra

ဒါလည်းပဲ ဆိုရှယ်မီဒီယာ အထူးသဖြင့် Facebook ပေါ်မှာနေ့စဥ်နဲ့အမျှဖြစ်ပျက်နေတဲ့ အကြောင်းအရာ တွေကို အစုံအလင်သိရှိလေ့လာလို့ရမယ့် Newsletter ပါ။ Social Media Geek တစ်ယာက်ဖြစ်တဲ့ Matt Navarra က သင့်ဆီကို သတင်းအချက်အလက်တွေ အချိန်နဲ့တပြေးညီ ပေးပို့နေမှာပါ။

 

  1. The Tilt

သင်က သတင်းဆောင်းပါးရေးသားတဲ့ Content Writer တစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်း ပြုနေတယ်ဆိုရင်တော့ ဒီ Newsletter ကို သေချာပေါက် Subscribe လုပ်ထားလိုက်ပါ။ Content တွေအတွက် ကောင်းမွန်တဲ့ အရင်းအမြစ်တွေရရှိနိုင်သလို ကျွမ်းကျင်သူတွေထံမှ အကြံအဉာဏ် လမ်းညွှန်ချက်တွေကိုလည်း သိရှိနိုင်မှာပါ။ ဒါ့အပြင် ဆိုရှယ်မီဒီယာပလက်ဖောင်းကို အားကိုးခြင်းမရှိပဲ နာမည်ကြီးလာတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်များအကြောင်းကိုလည်း လေ့လာနိုင်မှာပါ။

 

  1. NYTimes Morning Briefing

ဒါကတော့ တော်တော်များများလည်း သိကြမယ်လို့ထင်ပါတယ်။ ကမ္ဘာကျော်နာမည်ကြီး The New York Times  သတင်းစာရဲ့ Newsletter ပါ။ ထွေထွေထူးထူးပြောနေစရာမလိုပဲ ကမ္ဘာ့သတင်းတွေကို သိချင်တယ်ဆိုရင်တော့ Subscribe လုပ်ကိုလုပ်ထားရမယ့် Newsletter ပါပဲ။

 

  1. Creator Science 

သိပ္ပံပညာရပ်နဲ့ပတ်သက်တဲ့ စမ်းသပ်မှုရလာဒ်တွေ၊ ကျွမ်းကျင်သူတွေရဲ့ အင်တာဗျူးတွေ၊ လုပ်ဆောင် ချက်များရဲ့ ရလာဒ်တွေ စတာတွေကို သိရှိလေ့လာချင်တယ်၊ သင်က သိပ္ပံပညာရပ်ကို ဝါသနာပါသူ တစ်ဦးဖြစ်တယ်ဆိုရင်တော့ ဒီ Newsletter ကသင့်အတွက်အဖိုးတန်ပါပဲ။

 

  1. Every

စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များမှအစ နည်းပညာဆိုင်ရာ သတင်းများအထိ စုံစုံလင်လင် ဖတ်ရှုချင်တယ်ဆိုရင်တော့ Every က အသင့်တော်ဆုံးပါပဲ။

 

အခုဖော်ပြသွားတဲ့ Newsletter အားလုံးဟာ တစ်ခုနဲ့တစ်ခု အမျိုးအစားချင်း အနည်းငယ်စီ ကွဲပြားတာမို့ ကိုယ်စိတ်ဝင်စားမယ့် အပိုင်းကို ရွေးချယ်ဖတ်ရှုလေ့လာနိုင်ပါတယ်။ ဒါမှမဟုတ်နိုင်ငံတကာနဲ့ပတ်သက်တဲ့ကဏ္ဍအသီးသီးကအကြောင်းအရာတွေကိုသေချာပေါက်သိချင်တယ်ဆိုရင်တော့ ဒီ Newsletter တွေအကုန်လုံးက သင့်အတွက် သေချာပေါက် အဖိုးတန်တာမို့ Subscribe လုပ်ထားဖို့ အကြံပြုပါရစေ။

 

Latest Post Knowledge Read 618 times