Sales Hotline : 09448001653    



ရုပ်ရှင်ကြည့်ရင်း အင်္ဂလိပ်စာ သင်ယူနိုင်မယ့် Netflix ဇာတ်လမ်းတွဲ (၅) ခု

 

 

Netflix မှ ထွက်ရှိထားတဲ့ ဇတ်လမ်းတွဲတွေဟာ ကမ္ဘာတစ်ဝှမ်းက လူငယ်/လူကြီးတွေရဲ့အသဲနှလုံးကို သိမ်းပိုက်စိုးမိုးထားပါတယ်။ ရုပ်ရှင်တွေကို အပျင်းပြေသဘောမျိုးနဲ့ ကြည့်တာထက် ပညာလည်းရအောင် အမြတ်ထုတ်ကြည့်ပါနော်။  

 

ကိုယ့်ရဲ့အားလပ်ချိန်ကို ရုပ်ရှင်ကြည့်ရင်း ကုန်ဆုံးမယ်လို့ စိတ်ကူးရှိရင် လေ့လာမှုတစ်ခုလည်း ဖြစ်အောင်လို့ အင်္ဂလိပ်ဘာသာစကားပါ လေ့လာလို့ ကောင်းတဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲ (၁၀) ခုကို ထုတ်နှုတ်တင်ပြပေးလိုက်ပါတယ်။  

 

  1. Black Mirror 

Black Mirror ဇာတ်လမ်းတွဲမှာ Rating 8.8 ရရှိထားတဲ့ အနာဂတ်သိပ္ပံစိတ်ကူးယဥ် ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ ဒီကားမှာဆိုရင်တော့ UK ရဲ့ လေယူလေသိမ်းတွေ၊ စကားလုံးအသစ်တွေ၊ ဗန်းစကားတွေနဲ့ ဒေသဆိုင်ရာ အသုံးအနှုန်းများစွာကို လေ့လာခွင့်ရမှာပါ။ 

 

 

  1. The Haunting of Hill House

ဒီကားကတော့ သည်းထိပ်ရင်ဖို ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားပါ။ ပုံမှန် Horror ကားတွေလို သရဲခြောက်လို့ ကြောက်ရတာမျိုး မဟုတ်ပဲ ကြည့်နေရင်းနဲ့ ကိုယ့်ဟာကိုယ် တစ်စိမ့်စိမ့် တွေးတွေးပြီး ကြောက်လာတာမျိုး၊ ကျောချမ်းလာတာမျိုးကို ထိထိမိမိခံစားရစေမှာပါ။ နိုင်ငံတကာမှာ တော်တော်ပေါက်ထားတဲ့ ဇာတ်ကားလို့ ပြောလို့ရပါတယ်။ စိတ်ဝင်စားဖို့လည်း ကောင်းပြီး လေယူလေသိမ်းအပြောအဆိုတွေပါ သေသေချာချာ လေ့လာမယ်ဆို ရုပ်ရှင်လည်းကြည့် စာလည်းရပေါ့နော်။

 

  1. The Last Kingdom

Rating 8.5 နဲ့ Rotten Tomatoes 91% အထိ ရရှိထားပါတယ်။ အူထရက်ရဲ့ သားတော်တစ်ပါး ဖြစ်ပြီး ဘီဘန်ဘာ့၊ နော်သမ်ဘရီယန်မြေရဲ့ ဆက်ခံသူအဖြစ် မွေးဖွားလာတဲ့ အင်္ဂလန်နိုင်ငံရဲ့ ဆက်ခံသူ တစ်ယောက်အကြောင်းကို ရိုက်ကူးထားတာပါ။ 

ဒီစီရီးကတော့ ဇာတ်လမ်းတွဲအနေနဲ့ ၅ ခုရှိပြီး အပိုင်း ၄၆ ပိုင်းပါရှိပါတယ်။ ဇာတ်လမ်းရှည်ပေမယ့် စီးရီးအစအဆုံး စိတ်ဝင်စားဖို့ကောင်းပြီး British Accent ကိုမှ ကြိုက်နှစ်သက်သူတွေဆို တစ်ဝကြီး လေ့လာလို့ ရမှာပါ။

 

 

  1. Chilling Adventures of Sabrina 

စပဲလ်မန်းမိသားစုရဲ့ သမီးဖြစ်တဲ့ ဆာဘရီနာဆိုတဲ့ ဆယ်ကျော်သက် ကောင်မလေးတစ်ဦးရဲ့ ဇာတ်လမ်းပါ။ သူ့နေရာကနေ ဇာတ်ကားရဲ့ ဖြစ်ကြောင်းကုန်စင်ကို ရိုက်ကူး ပုံဖော်ပြပေးထားပါတယ်။ စုန်းသွေးတစ်ဝက် လူသွေးတစ်ဝက် ရောနှောနေတဲ့ ထူးခြားတဲ့ ကောင်မလေးရဲ့ ဇာတ်လမ်းဖြစ်ပြီး ဟယ်ရီပေါ်တာကားလိုပဲ မှော်နည်းနည်းဆန်ပါတယ်။ 

၁၉၆၀ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အမေရိကန်ရုပ်ပြစာအုပ်ကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပြီး အမေရိကန် ဆယ်ကျော်သက်များ အသုံးများတဲ့ ဘန်းစကားတွေကို တစ်ဝကြီး လေ့လာရင်း ကြည့်ရှုလို့ရမယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ။

 

 

  1. The Good Fight

အမေရိကန် Legal Drama ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး IMDb Rating 8.3 အထိ ရရှိထားပါတယ်။ အမေရိကန် ရှေ့နေများရဲ့ သဘောသဘာဝများ၊ တရားရုံးများ၊ တရားဥပဒေများရဲ့ သိမှတ်စရာများ၊ လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာများကို တစ်ဝကြီး လေ့လာရမယ့်အပြင် ဇာတ်ကားတစ်ကားလုံးရဲ့ ကောင်းမွန်မှုက ပြောစရာမလိုအောင် ထူးခြားတာမို့ ကြည့်ရှုလေ့လာဖို့ တိုက်တွန်းချင်ပါတယ်။ 

 

ရုပ်ရှင်ကြည့်ရင်း ဘာသာစကားလေ့လာဖို့အတွက် နောက်ဆုံးအကြံပြုချက်ကတော့ ကိုယ် အခုရောက်ရှိနေတဲ့ အင်္ဂလိပ်စာ Level နဲ့ ကိုက်ညီမယ့် ဇာတ်ကားမျိုးကို ရွေးချယ်ကြည့်ရှုပါ။ ဇာတ်ကားတွေကို ကြည့်တဲ့အခါမှာလည်း ပြီးပြီးရော ကြည့်တာမျိုးမဟုတ်ပဲ သေချာအာရုံစိုက် ကြည့်ရှုစေချင်ပါတယ်။ 

 

ဇာတ်ကားကြည့်နေတဲ့ အချိန်မှာ တစ်ခြားအရာတွေကို အာရုံရောက်တာမျိုး ရှောင်ရှားပါ။ ကိုယ်မသိသေးတဲ့ စကားလုံးတွေ သိချင်တဲ့ စကားလုံးတွေကို စာအုပ်တစ်အုပ်နဲ့ မှတ်စုချရေးထားပါ။ ဒါဆိုရင် ဘာသာစကား Level တိုးတက်လာမှာ အသေအချာပါပဲ။ 

 

အရင်တစ်ခေါက်တုန်းက ဖော်ပြခဲ့တဲ့ “ ပိတ်ရက်မှာ ရုပ်ရှင်ကြည့်ရင်း လေ့လာနိုင်တဲ့ Netflix Series (၁၀) ခု “ အကြောင်းကိုလည်း အောက်မှာဖော်ပြထားတဲ့ လင့်ခ်ကနေ ဝင်ရောက် ကြည့်ရှုလို့ရ ပါတယ်။

>>> https://bit.ly/3j41WtV

 

ကိုယ့်ရဲ့ အင်္ဂလိပ်စာအရည်အချင်း Level ဘယ်လောက်ရှိနေပြီလဲ စစ်ဆေးကြည့်ချင်တယ်ဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့လင့်ခ်ကနေ ဝင်ရောက်ပြီး အခမဲ့စစ်ဆေးကြည့်လို့ရပါတယ်။

>>> https://bit.ly/3ZQd2mO

Knowledge Latest Post Read 964 times