ဝါသနာ (သို့) စိတ်ဝင်စားမှုကနေ ကျွမ်းကျင်မှုအဖြစ် ပြောင်းလဲပြီး ကိုယ့်ကိုယ်ကိုယ် Level-up လုပ်ချင်တဲ့ လူငယ်တိုင်းအတွက် အသုံးဝင်မယ့် Myanmar Youth Platform (MYP) အကြောင်း မျှဝေပေးချင်ပါတယ်။
Myanmar Youth Platform (MYP) ဆိုတာ UNESCO Myanmar က ကျောင်းပြင်ပ ကလေးတွေနဲ့ လူငယ်တွေအတွက် ရည်ရွယ်ပြီး ဖန်တီးပေးထားတဲ့ E-Learning Platform ဖြစ်ပါတယ်။
MYP မှာ လုပ်ငန်းခွင်ဝင်ဖို့ ပြင်ဆင်ပုံ၊ ဘာသာစကား၊ စီးပွားရေး၊ အသက်မွေးဝမ်းကျောင်းပညာ၊ ဒစ်ဂျစ်တယ်ပိုင်း၊ ငွေကြေးဆိုင်ရာ ပညာရပ်တို့အပြင် Personal Development နဲ့ Health & Wellbeing တို့ကိုပါ အခဲ့ လေ့လာနိုင်ပါတယ်။
တက်ရောက်နိုင်မယ့် သင်တန်းအမျိုးအစားများ
သင်တန်းတွေ ရှာဖွေရန် > https://mmyouth.net/course
Myanmar Youth Platform (MYP) မှာ သင်ယူလေ့လာနိုင်မယ့် သင်ခန်းစာဗီဒီယို အားလုံးပေါင်း (၈၀) ကျော် ရှိပါတယ်။ စိတ်ဝင်စားရင် MYP မှာ ကိုယ်ပိုင်အကောင့်တစ်ခု ဖွင့်ပြီး မိမိကြိုက်နှစ်သက်ရာ သင်ခန်းစာတွေကို လေ့လာပါ။
အချိန်ကန့်သတ်ချက်၊ အသက်ကန့်သတ်ချက်မရှိတဲ့အတွက် ဘယ်သူမဆို အားလပ်ချိန်မှာ လေ့လာနိုင်ပါတယ်။ သင်တန်းတစ်ခုကို ပြီးဆုံးတဲ့အထိ လေ့လာပြီးရင် သင်တန်းပြီးမြောက်ကြောင်းလက်မှတ်ကိုလည်း ရယူနိုင်ပါတယ်။
ကိုယ်ပိုင်အကောင့်ဖွင့်နည်း
> https://www.facebook.com/myanmaryouthplatform/videos/1272989947860132
MYP မှာ E-Learning အပြင် ဘ၀အတွက် တိုးတက်ရာတိုးတက်ကြောင်းတွေကို ရှာဖွေနိုင်မယ့် ပညာဘဏ္ဍာတိုက်ကြီး E-library လည်းရှိပါတယ်။ MYP E-Library ရဲ့ အားသာချက်က သင်ယူမှုကို ပျင်းစရာကောင်းတယ်လို့ မမြင်စေဘဲ လူငယ်တွေရဲ့ Lifestyle နဲ့ ကိုက်ညီအောင် ပုံစံမျိုးစုံ စုစည်းပေးထားတာပါ။
စာဖတ်ရတာ ကြိုက်သူတွေအတွက် E-book၊ ဗီဒီယိုကြည့်ပြီးလေ့လာချင်သူတွေအတွက် Video၊ နားထောင်ရင်း သင်ယူချင်သူတွေအတွက် Podcast၊ လူငယ်ချင်း စကားသံတွေကို နားထောင်ဖို့ Youth Voice ဆိုပြီး ပုံစံ (၄) မျိုး ရှိပါတယ်။
================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။