ဂျပန်နိုင်ငံမှာ Fully-funded ပညာသင်ဆုဖြင့် ကျောင်းတက်ရောက်လိုသော မြန်မာနိုင်ငံက ကျောင်းသား၊ ကျောင်းသူများ စောင့်မျှော်နေတဲ့ MEXT Scholarship လျှောက်လွှာကို မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) က စတင် လက်ခံပေးနေပါပြီ။
MEXT Scholarship ကို အောက်ပါ ပရိုဂရမ် (၄) ခုအတွက် ဧပြီလ (၂၂) ရက်နေ့မှ စတင်၍ စာရင်းသွင်းနိုင်ပြီဖြစ်ပြီး လျှောက်လွှာပုံစံများ၊ အရည်အချင်းသတ်မှတ်ချက်များနှင့် လိုအပ်ချက်များအပါအ၀င် အသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါ သက်ဆိုင်ရာ Link တွေမှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
1. Undergraduate Students Program - undergraduate.html?
2. College of Technology Students Program - technology.html?
3. Specialized Training College Students Program - specialized.html?
4. Research Students Program - research.html?
အကျိုးခံစားခွင့်
- ထောက်ပံ့ကြေး
- နေစရာ
- ကျောင်းလခ
- အသွား-အပြန် လေယာဉ်စရိတ်
- ဗီဇာပံ့ပိုးမှု
လျှောက်ထားရမည့်ပုံစံ
အဆင့် (၁) - သက်ဆိုင်ရာ Google Form များအား ဧပြီလ (၂၂) ရက်နေ့မှ မေလ (၁၃) ရက်နေ့ ညနေ (၃) နာရီအထိသာ ဖြည့်စွက်ပါ။
Undergraduate - https://docs.google.com/forms
College of Technology - https://docs.google.com/forms/
Specialized Training College - https://docs.google.com/forms
Research - https://docs.google.com/forms/
အဆင့် (၂) - သတ်မှတ်ထားတဲ့ လျှောက်လွှာပုံစံနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းတွေကို MAJA ရုံးခန်း (အမှတ် 2B(4)၊ နှင်းဥယျာဉ်အိမ်ရာ၊ သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့) သို့ လူကိုယ်တိုင်/ ကိုယ်စားဖြစ်စေ၊ စာတိုက်/ အမြန်ချောပို့များမှတဆင့်ဖြစ်စေ မေလ (၂၁) ရက်နေ့၊ ညနေ (၃) နာရီ နောက်ဆုံးထားပြီး ပေးပို့လျှောက်ထားရပါမယ်။
လျှောက်လွှာအား စိစစ်ပြီး သတ်မှတ်ချက်နှင့် ပြည့်စုံတဲ့ လျှောက်ထားသူတွေကို မေလ (၂၂) ရက်နေ့မှာ ရေးဖြေစာမေးပွဲဖြေဆိုခွင့် ရရှိကြောင်း ကြေညာပေးမှာဖြစ်ပါတယ်
မေလ (၃၀) ရက်နေ့မှာ အောက်ပါပရိုဂရမ်အလိုက် ရေးဖြေစာမေးပွဲ ဖြေဆိုရပါမယ်။
Undergraduate Students ဖြေဆိုရမယ့် ဘာသာရပ်များ - Japanese Language and Mathematics A or B
College of Technology Students ဖြေဆိုရမယ့် ဘာသာရပ်များ - Japanese Language and Mathematics B
Specialized Training College Students ဖြေဆိုရမယ့် ဘာသာရပ်များ - Japanese Language and Mathematics A
မေလ (၃၁) ရက်နေ့မှာ Research ပရိုဂရမ်လျှောက်ထားသူတွေအတွက် ရေးဖြေစာမေးပွဲ ကျင်းပပါမယ်။
Research Students Program ဖြေဆိုရမည့် ဘာသာရပ်များ - English Language and Basic Japanese or Japanese Language N2 Level
အသေးစိတ် သိရှိလိုပါက MAJA Page တွင် သွားရောက် စုံစမ်းနိုင်ပါတယ်။
=====================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။