ဂျပန်နိုင်ငံမှာ Fully-funded ပညာသင်ဆုဖြင့် ကျောင်းတက်ရောက်လိုသော မြန်မာနိုင်ငံက ကျောင်းသား၊ ကျောင်းသူများ စောင့်မျှော်နေတဲ့ MEXT Scholarship လျှောက်လွှာကို မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) က စတင် လက်ခံပေးနေပါပြီ။
MEXT Scholarship ကို အောက်ပါ ပရိုဂရမ် (၄) ခုအတွက် ဧပြီလ (၂၂) ရက်နေ့မှ စတင်၍ စာရင်းသွင်းနိုင်ပြီဖြစ်ပြီး လျှောက်လွှာပုံစံများ၊ အရည်အချင်းသတ်မှတ်ချက်များနှင့် လိုအပ်ချက်များအပါအ၀င် အသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါ သက်ဆိုင်ရာ Link တွေမှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
1. Undergraduate Students Program - undergraduate.html?
2. College of Technology Students Program - technology.html?
3. Specialized Training College Students Program - specialized.html?
4. Research Students Program - research.html?
လျှောက်ထားရမည့်ပုံစံ
အဆင့် (၁) - သက်ဆိုင်ရာ Google Form များအား ဧပြီလ (၂၂) ရက်နေ့မှ မေလ (၁၃) ရက်နေ့ ညနေ (၃) နာရီအထိသာ ဖြည့်စွက်ပါ။
Undergraduate - https://docs.google.com/forms
College of Technology - https://docs.google.com/forms/
Specialized Training College - https://docs.google.com/forms
Research - https://docs.google.com/forms/
အဆင့် (၂) - သတ်မှတ်ထားတဲ့ လျှောက်လွှာပုံစံနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းတွေကို MAJA ရုံးခန်း (အမှတ် 2B(4)၊ နှင်းဥယျာဉ်အိမ်ရာ၊ သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့) သို့ လူကိုယ်တိုင်/ ကိုယ်စားဖြစ်စေ၊ စာတိုက်/ အမြန်ချောပို့များမှတဆင့်ဖြစ်စေ မေလ (၂၁) ရက်နေ့၊ ညနေ (၃) နာရီ နောက်ဆုံးထားပြီး ပေးပို့လျှောက်ထားရပါမယ်။
လျှောက်လွှာအား စိစစ်ပြီး သတ်မှတ်ချက်နှင့် ပြည့်စုံတဲ့ လျှောက်ထားသူတွေကို မေလ (၂၂) ရက်နေ့မှာ ရေးဖြေစာမေးပွဲဖြေဆိုခွင့် ရရှိကြောင်း ကြေညာပေးမှာဖြစ်ပြီး မေလ (၃၀) ရက်နေ့မှာ ပရိုဂရမ်အလိုက် အောက်ပါအတိုင်း ရေးဖြေစာမေးပွဲ ဖြေဆိုရပါမယ်။
Undergraduate Students ဖြေဆိုရမယ့် ဘာသာရပ်များ - Japanese Language and Mathematics A or B
College of Technology Students ဖြေဆိုရမယ့် ဘာသာရပ်များ - Japanese Language and Mathematics B
Specialized Training College Students ဖြေဆိုရမယ့် ဘာသာရပ်များ - Japanese Language and Mathematics A
မေလ (၃၁) ရက်နေ့တွင် Research ပရိုဂရမ်လျှောက်ထားသူတွေအတွက် ရေးဖြေစာမေးပွဲ ကျင်းပပါမယ်။
Research Students Program ဖြေဆိုရမည့် ဘာသာရပ်များ - English Language and Basic Japanese or Japanese Language N2 Level
အသေးစိတ် သိရှိလိုပါက MAJA Page တွင် သွားရောက် စုံစမ်းနိုင်ပါတယ်။
=====================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။