Sales Hotline : 09448001653       Download App



စိတ်ကျန်းမာရေးအတွက် ဗဟုသုတတွေ မျှဝေပေးမယ့် Mental Health Awareness Program

 

 

Global Shaper Yangon နဲ့ CITTA SUKHA - စိတ္တသုခ တို့မှ ပူးပေါင်းဆောင်ရွက်တဲ့ Mental Health Awareness Program ကို ယခုလာမယ့် အောက်တိုဘာလတွင် စတင်ဖွင့်လှစ်သွားမယ်လို့ သိရှိရပါတယ်။

 

စိတ်ကျန်းမာရေးဆိုတာ လူတိုင်းအတွက် မရှိမဖြစ် အလွန်အရေးပါတဲ့ အရာပါ။ ခက်ခဲပြီး မတည်ငြိမ်တဲ့ အခြေအနေတွေကြားမှာ စိတ်ပင်ပန်းနေသူတွေအတွက် စိတ်အဆင်မပြေမှု စဖြစ်ကတည်းက ဂရုစိုက်မှုတွေ မလုပ်ရင် တဖြည်းဖြည်းမထိန်းချုပ်နိုင်တော့ပဲ စိတ်ဓာတ်ကျတာ၊ စိတ်ဒဏ်ရာရတာတို့ ဖြစ်ပေါ်လာနိုင်ပါတယ်။

 

ဒါ့အပြင် စိတ်ကျန်းမာရေးဆိုတာ ခန္ဓာကိုယ် ကျန်းမာရေးလို သိသာထင်ရှားစွာ မမြင်ရတဲ့အတွက် ကိုယ်တိုင်စမ်းစစ်နိုင်ဖို့ခက်ခဲသလို ပတ်ဝန်းကျင်မှ သတိပြုမိဖို့ရန်လည်းခက်ပါတယ်။ ဒါကြောင့် ခုလိုပင်ပန်းခက်ခဲတဲ့ ကာလမှာ မိမိကိုယ်တိုင်ရဲ့ စိတ်ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်သလို ပတ်ဝန်းကျင်က ချစ်ခင်ရသူတွေရဲ့ စိတ်ကျန်းမာရေးကိုလည်း ကူညီစောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်။ 

 

ဒီ Mental Health Awareness Program ကို အခမဲ့ တက်ရောက်နိုင်ပြီး အသက် (၁၆) မှ (၂၄) နှစ်အရွယ်လူငယ်များ၊ စိတ်ကျန်းမာရေး နှင့်ပတ်သတ်ပြီး ပိုမိုသိရှိလိုသူများ၊ မိမိ၏ လူမှုပတ်ဝန်းကျင်တွင် စိတ်ပိုင်းဆိုင်ရာ အကူအညီပေးချင်သူများ၊ မိမိကိုယ်တိုင်၏ စိတ်ပိုင်းဆိုင်ရာ ခံစားမှုများကို ပိုမိုသိရှိလိုသူများ တက်ရောက်နိုင်ပါတယ်။ 

 

လူဦးရေ အယောက် (၃၀) သာလက်ခံမှာဖြစ်ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ဖော်ပြပါ လင့်ခ်သို့ ပေးပို့ လျှောက်ထားနိုင်ပါတယ်။ 

 

Registration Link - https://forms.gle/8rqhYLfKgSNLZ1XEA 

 

သင်တန်းမှာ ယခုလာမယ့် October စိတ်ကျန်းမာရေး အသိပညာပေး ရက်သတ္တပတ် မှာ စတင်မှာဖြစ်ပြီး အပိုင်း (၄) ပိုင်းပါဝင်ပါတယ်။ Zoom ကနေတဆင့်တစ်ပတ် တစ်ရက်တက်ရောက်ရမှာဖြစ်ပြီး တစ်ချိန် လျှင် (၁) နာရီကြာမြင့်မှာဖြစ်ပါတယ်။ အချိန် (၄) ချိန်လုံးအချိန်ပြည့်ပါဝင်ပေးဖို့လည်း အထူးလိုအပ်ပါတယ်။ ဒါဆို သတ်မှတ်လူဦးရေ မပြည့်ခင် အမြန်လေး လျှောက်ထားလိုက်တော့နော်။

 

 

Credited to Global Shaper Yangon Facebook Page 

Knowledge Local News Read 374 times