သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) မှ ဖွံ့ဖြိုးမှုပညာမဟာဘွဲ့ Master of Development Studies (MDevS) နှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှု ပညာမဟာဘွဲ့ Master of Financial Management (MFM) တို့၏ First Batch သင်တန်းများကို ဒီဇင်ဘာလတွင် Online ဖြင့် ဖွင့်လှစ်သင်ကြားမည်ဖြစ်၍ ဝင်ခွင့်လျှောက်ထားနိုင်ပါသည်။
အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်-
မှတ်ချက်။ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်၌ အနည်းဆုံးလုပ်သက် (၃) နှစ်ရှိပြီး အရည်အသွေးပြည့်မီသူများကို ဦးစားပေး ရွေးချယ်သွားမည်။
သင်တန်းနှင့် သက်ဆိုင်သော လျှောက်လွှာပုံစံများကို မိမိလျှောက်ထားလိုသည့် သင်တန်းအလိုက် အောက်ဖော်ပြပါလင့်ခ်များမှ Download လုပ်၍ဖြစ်စေ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)၊ သင်တန်းရေးရာဌာနမှ လူကိုယ်တိုင်ဖြစ်စေ အောက်တိုဘာ (၁၅) ရက်မှ စတင်၍ ထုတ်ယူနိုင်ပြီး နိုဝင်ဘာ (၁၆) ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။
MDevS လျှောက်လွှာ - http://studyonline.ucms.edu.mm/?p=398
MFM လျှောက်လွှာ - http://studyonline.ucms.edu.mm/?p=389
လျှောက်ထားသည့်အခါ အောက်ဖော်ပြပါ စာရွက်စာတမ်းများ ပြည့်စုံစွာပါရှိရမည်-
မှတ်ချက်။ လျှောက်လွှာနှင့်တကွ ပူးတွဲပါစာရွက်စာတမ်းများသည် မူရင်းကို Scan ဖတ်ထားသော မိတ္တူများဖြစ်ပြီး Email (သို့မဟုတ်) Viber ဖြင့် ပေးပို့ရမည်။
ဝင်ခွင့်ရေးဖြေစာမေးပွဲကို နိုဝင်ဘာ (၂၂) ရက် (စနေနေ့) တွင် နံနက် (၉) နာရီမှ (၁၂) နာရီအထိ Online မှ ဖြေဆိုရမည်ဖြစ်ပြီး ရေးဖြေအောင်စာရင်းနှင့် လူတွေ့အချိန်စာရင်းကို နိုဝင်ဘာ (၂၇) ရက်တွင် ထုတ်ပြန်ပါမည်။
သင်တန်းများကို အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့၊ နံနက် (၉) နာရီမှ ညနေ (၅) နာရီအထိ သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းကာလမှာ (၂) နှစ်ဖြစ်ပါသည်။ သင်တန်းကြေးမှာ (၁) နှစ်ကို (၂၄၀,၀၀၀) ကျပ် ဖြစ်ပြီး (၂) နှစ်အတွက် (၄၈၀,၀၀၀) ကျပ် ကျသင့်ပါမည်။
MDevS တွင် သင်ကြားရမည့်ဘာသာရပ်များ
ပထမနှစ်
Core Modules
ဒုတိယနှစ်
Elective Modules (Any Six)
MFM အတွက် သင်ကြားရမည့်ဘာသာရပ်များ
ပထနှစ်
ဒုတိယနှစ်
ဆက်သွယ်ရန်ဖုန်းနံပါတ်နှင့် အီးမေးလ်များ-
(က) MDevS သင်တန်း
ဘောဂဗေဒဌာန၊ ဖုန်း-၀၇၂-၂၀၂၃၀၂၂၊ ၀၉-၇၇၈၁၈၆၇၄၈၊ Email- [email protected]
သင်တန်းရေးရာဌာန၊ ဖုန်း- ၀၉-၄၃၀၄၅၁၇၃၊ ၀၇၂-၂၀၂၃၁၀၅၊ Email- [email protected]
(ခ)MFM သင်တန်း
ဝါဏိဇ္ဇဗေဒဌာန၊ ဖုန်း-၀၉-၇၇၅၄၈ဝ၅၃၇၊ ၀၉-၆၈၃ဝ၅၉၅၉၅၊ Email- [email protected]
သင်တန်းရေးရာဌာနဖုန်း- ၀၉-၄၃၀၄၅၁၇၃၊ ၀၇၂-၂ဝ၂၃၁ဝ၅၊ Email- [email protected]
အသေးစိတ်သိရှိလိုပါက Website : http://studyonline.ucms.edu.mm/ နှင့် Facebook Page : University of Co-operative and Management, Sagaing တို့တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
==================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။