အင်ဒိုနီးရှားနိုင်ငံက Universitas Negeri Semarang (UNNES) တက္ကသိုလ်က မဟာဘွဲ့နဲ့ ပါရဂူဘွဲ့သင်တန်းတွေ တက်ရောက်မယ့် နိုင်ငံတကာကျောင်းသားတွေအတွက် NEXTSHIP ပညာသင်ဆု ပေးအပ်နေပါတယ်။
ဒီပညာသင်ဆုအစီအစဉ်ဟာ ထူးချွန်ပြီး သင်ယူလိုစိတ် ပြင်းပြတဲ့ နိုင်ငံတကာကျောင်သားတွေကို လျှောက်လွှာကြေးမှစပြီး ကျောင်းလခ၊ နေထိုင်စားသောက်စရိတ်အပြင် ကျောင်းသားဗီဇာနှင့် နေထိုင်ခွင့်အတွက်ပါ ထောက်ပံ့ကြေးပေးအပ်သွားမှာ ဖြစ်ပါတယ်။
ရွေးချယ်လျှောက်ထားနိုင်တဲ့ ပရိုဂရမ်များ
မဟာဘွဲ့သင်တန်းများ
- Indonesian Language Education
- English Language Education
- Art Education
- Accounting
- Economics Science
- Management
- Economics Education
- Sport Education
- Law
- Guidance and Counseling
- Early Childhood Teacher Education
- Non-formal Education
- Curriculum Development
- History Studies
- Geography Education
- Social Studies Education
- Public Health
- Biology
- Physics
- Physics Education
- Natural Science Education
- Chemistry Education
- Mathematics Education
- Civil Engineering
- Chemical Engineering
- Educational Research and Evaluation
- Elementary Education
- Vocational Education
- Professional Teacher Education
- Educational Management/Administration
ပါရဂူဘွဲ့သင်တန်းများ
- Language Education
- Art Education
- Economics Education
- Sport Education
- Law
- Guidance and Counseling Education
- Social Science Education
- Public Health
- Natural Science Education
- Mathematics Education
- Education Management
- Elementary Education
သတ်မှတ်အရည်အချင်း
- မဟာဘွဲ့သင်တန်းအတွက် အသက် (၃၅) နှစ်ထက် မကြီးသူ၊ ပါရဂူဘွဲ့သင်တန်းအတွက် အသက် (၄၀) နှစ်ထက် မကြီးသူ ဖြစ်ရမယ်။
- မဟာဘွဲ့သင်တန်းအတွက် ဘွဲ့ရရှိပြီးသူ၊ ပါရဂူဘွဲ့သင်တန်းအတွက် မဟာဘွဲ့ရရှိပြီးသူဖြစ်ရမယ်။ (မဟာဘွဲ့ရရှိပြီးသူများသည် နောက်ထပ် မဟာဘွဲ့ကို လျှောက်ထားခွင့် မရှိပါ။)
- TOEFL iBT score - 90 (သို့) IELTS score - 5.0 တို့နှင့် ညီမျှတဲ့ အင်္ဂလိပ်ဘာသာစကားအရည်အချင်းစစ်စာမေးပွဲရလဒ် ရှိရပါမယ်။
လိုအပ်တဲ့ စာရွက်စာတမ်းများ
- ပညာရေးအောင်လက်မှတ်နှင့် အမှတ်စာရင်းများ
- Statement of Purpose (SOP) တစ်စောင်
- အင်ဒိုနီးရှား သံရုံးမှ ထောက်ခံစာတစ်စောင်
- နောက်ဆုံး တက်ရောက်ခဲ့တဲ့ တက္ကသိုလ်မှ ထောက်ခံစာတစ်စောင်
- ပတ်စပို့ (ပတ်စပို့သက်တမ်းက ၂၀၂၇ ခုနှစ်၊ ဇူလိုင်လ နောက်ပိုင်းအထိ အနည်းဆုံး (၁) နှစ် သက်တမ်းရှိရမယ်)
- အွန်လိုင်းလျှောက်လွှာ (https://sm.unnes.ac.id/login)
အကျိုးခံစားခွင့်
- လျှောက်လွှာကြေး
- ကျောင်းလခ
- တက္ကသိုလ်ဖွံ့ဖြိုးရေးအတွက် ထည့်ဝင်ကြေး
- ကျောင်းအဆောင်
- ကျောင်းသားဗီဇာနှင့် ပထမနှစ်အတွက် နေထိုင်ခွင့်
- ပြည်တွင်းခရီးသွားလာမှု ထောက်ပံ့ကြေး
- နေထိုင်စားသောက်စရိတ်
နောက်ဆုံးသတ်မှတ်ရက်
ပညာသင်ဆုကို ၂၀၂၆ ခုနှစ် မေလ (၂၃) ရက်နေ့အထိ လျှောက်ထားနိုင်ပါတယ်။ မေလ (၂၆) ရက်နေ့နှင့် (၂၇) ရက်နေ့တို့မှာ ရွေးချယ်စိစစ်သွားမှာ ဖြစ်ပြီး မေလ (၃၀) ရက်နေ့မှာ ပညာသင်ဆုရရှိသူတွေကို အကြောင်းကြားပေးမှာ ဖြစ်ပါတယ်။
ဆက်သွယ်စုံစမ်းရန် > [email protected]
အသေးစိတ်ဖတ်ရှုရန် > https://unnes.ac.id/admission/en/nextship/?
========================================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။
> https://shorturl.at/ktCaP