မြန်မာဘွဲ့ရကျောင်းသား/သူတွေအနေနဲ့ ထိုင်းမှာ Master တက်ဖို့ စဉ်းစားနေတယ်ဆိုရင် Mae Fah Luang တက္ကသိုလ်ကနေ ပေးအပ်ချီးမြှင့်မယ့် Boon Rawd Scholarship 2026 ကို လျှောက်ထားနိုင်ပါတယ်။
ရွေးချယ်လျှောက်ထားနိုင်တဲ့ မဟာဘွဲ့ပရိုဂရမ်ပေါင်း (၂၀) နီးပါး ရှိပြီး ပညာသင်ဆုရရင် ကျောင်းစရိတ်အပြင် နေထိုင်စားသောက်စရိတ်ကိုပါ ထောက်ပံ့ပေးသွားမယ့် Fully-funded Scholarship ဖြစ်ပါတယ်။
ဒီတက္ကသိုလ်ရဲ့ သုတေသနနဲ့ နည်းပညာပိုင်းမှ ကောင်းမွန်တဲ့ ပညာရေးစနစ်ကြောင့် နိုင်ငံတကာမှာလည်း နာမည်ကြီးသလို ထိုင်းနိုင်ငံမှာဆိုရင်လည်း အဆင့် (၄) ရထားတဲ့ အစိုးရတက္ကသိုလ် ဖြစ်ပါတယ်။
ဒီလို နာမည်ကြီးထိပ်တန်းတက္ကသိုလ်မှာ ပညာသင်စရိတ်ကို ပူပန်စရာမလိုဘဲ တက်ရောက်လိုတယ်ဆိုရင် အောက်ကလင့်ခ်ကနေတဆင့် ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ထက် နောက်မကျစေဘဲ လျှောက်ထားရပါမယ်။
> https://applicant.mfu.ac.th/registeren/login
ဘယ်ပရိုဂရမ်တွေ လျှောက်ထားနိုင်လဲ?
ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်လဲ?
ရွေးချယ်မယ့်သူဦးရေ
ဘယ်သူတွေ လျှောက်ထားလို့ရလဲ?
ဘာစာရွက်စာတမ်းတွေ တင်ပြရမလဲ?
ပညာသင်ဆု ရရှိသူတွေကို ၂၀၂၆ ခုနှစ်၊ မေလမှာ တက္ကသိုလ်ဝက်ဘ်ဆိုက်ဒ်ကနေတဆင့် ကြေညာမှာဖြစ်သလို တစ်ဦးချင်းစီကို အီးမေးလ်ကနေတဆင့် အကြောင်းပြန်ပေးသွားမှာ ဖြစ်ပါတယ်။
ပညာသင်ဆုအကြောင်း ဖတ်ရှုရန် > https://drive.google.com/file
တက္ကသိုလ်ဝက်ဘ်ဆိုက်ဒ် > https://en.mfu.ac.th/admission/admission-guide.html
====================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။