သင်က စာသင်ရတာ ဝါသနာပါပြီး အတွေ့အကြုံရှိသူဆိုရင် ထိုင်းနိုင်ငံရှိ အလှဆုံးတက္ကသိုလ်တွေထဲက တစ်ခုဖြစ်တဲ့ Mae Fah Luang (MFU) တက္ကသိုလ်မှာ Myanmar Lecturer အဖြစ် အလုပ်ဝင်ဖို့ အခွင့်အရေးရှိပါတယ်။ MFU တက္ကသိုလ်က ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်ထဲမှာ တည်ရှိတဲ့ Public University တစ်ခုဖြစ်ပါတယ်။
ဒီတက္ကသိုလ်က နိုင်ငံတကာအဆင့်မီတဲ့ High quality ပညာရေးစနစ်ကြောင့် နာမည်ကြီးတဲ့အပြင် ကျေးလက်ဆန်ပြီး လှပအေးချမ်းတဲ့ ကျောင်းရဲ့တည်နေရာကြောင့် နိုင်ငံရပ်ခြားမှ ကျောင်းသား/သူတွေရဲ့ စိတ်ဝင်စားမှုခံရတဲ့ ကျောင်းလည်းဖြစ်ပါတယ်။ MFU တက္ကသိုလ်က ထိုင်းနိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေထဲက နံပါတ် (၅) အဆင့်မှာရှိတဲ့အတွက် Ranking လည်းကောင်းတဲ့ ကျောင်းဖြစ်ပါတယ်။
ဒီလို နာမည်ကောင်းနဲ့ ကျော်ကြားတဲ့ တက္ကသိုလ်မှာ ဆရာအလုပ်လုပ်ပြီး ဝမ်းစာဖြည့်ချင်တယ်ဆိုရင်တော့ အောက်ပါအရည်အချင်းသတ်မှတ်ချက်တွေရှိဖို့ လိုအပ်ပါတယ်။
MFU တက္ကသိုလ်မှာ ဆရာ/ဆရာမဖြစ်ရင် ရရှိမယ့် အကျိုးကျေးဇူးတွေကတော့ -
လစာ
- တစ်လကို 26K Baht (မာစတာ)/ 38K Baht (ပါရဂူ)
သုတေသနစာတမ်းအတွက်
- Publication Award - 200K Baht
- Conference - Up to 40 K Baht
- Internal Research Grant - 10-30K Baht per year (3 grants)
လူမှုရေးထောက်ပံ့ကြေး
- ကျန်းမာရေးထောက်ပံ့မှု
- သွားကျန်းမာရေးအတွက် တစ်နှစ်ကို 5K Baht
- ကလေးတွေအတွက် ကျောင်းစရိတ်
- Personal Development အတွက် တစ်နှစ်ကို 10K Baht
- ၅ နှစ်တာအတွက် စျေးသက်သာတဲ့ နေထိုင်ဆောင် ဌားရမ်းမှုတို့ ဖြစ်ပါတယ်။
အလုပ်လျှောက်ဖို့ စိတ်ဝင်စားတယ်ဆိုရင် CV သေချာပြင်ဆင်ပြီး [email protected] ကို အီးမေးလ်ပို့ပြီး လျှောက်ထားနိုင်ပါတယ်။
Source