Sales Hotline : 09448001653       Download App



အင်္ဂလိပ်စာ Listening Skill တိုးတက်ဖို့ လေ့ကျင့်ရန် အကောင်းဆုံး ဝက်ဘ်ဆိုဒ် (၅) ခု

 

 

အင်္ဂလိပ်စာကို လေ့လာတဲ့နေရာမှာ အရေး၊ အဖတ်၊ အပြော၊ အကြား စွမ်းရည် (၄) မျိုးစလုံးမှာ ကောင်းမွန်စွာ တက်မြောက်မှသာ အင်္ဂလိပ်စာတော်တယ် တတ်တယ်လို့ သတ်မှတ်လို့ရမှာပါ။ တစ်ခုတည်းမှာ ထူးချွန်နေရုံနဲ့ ပြီးပြည့်စုံတဲ့ တက်မြောက်မှုလို့ ခေါ်ဆိုလို့မရပါဘူး။

 

အင်္ဂလိပ်စာလေ့လာတဲ့နေရာမှာ တော်တော်များများ အားနည်းကြတာက Listening Skill ပါ။ Speaking ကောင်းကောင်း ပြောတတ်ပြီး တစ်ဖက်ကပြန်ပြောတာကို နားလည်ဖို့ကလည်း အရေးကြီးပါတယ်။ 

 

ဒီတစ်ခါမှာတော့ သင်တန်းတက်စရာလည်း မလို အိမ်မှာပဲ ပုံမှန်အချိန်လေးပေးပြီး မိမိရဲ့ Listening Skill ကို တိုးတတ်အောင် လေ့ကျင့်နိုင်တဲ့ Podcast များရရှိနိုင်တဲ့ ဝက်ဘ်ဆိုဒ် (၅) ခုအကြောင်း ဖော်ပြပေးချင်ပါတယ်။

 

ဒီဝက်ဘ်ဆိုဒ်တွေဟာဆိုရင် လေ့ကျင့်ဖို့အတွက် အချိန်ပေးရတာဖြစ်လို့ ပုံမှန် အချိန်လေးတစ်ခုတော့ သတ်သတ်မှတ်မှတ်ပေးပြီး လေ့ကျင့်ဖို့လိုပါတယ်။ ဒါမှသာ မိမိရဲ့ Listening Skill လည်း ပုံမှန်ထက် အများကြီး တိုးတက်ကောင်းမွန်လာမှာပါ။

 

  1. Down to Business English

 

ESL/EFL တက်ရောက်နေသူများအတွက် အထူးသင့်တော်ပါတယ်။တိုက်ရိုက်ဝင်နားထောင် လေ့လာလို့ရပါတယ်။  သတင်းပြောဆိုသူတွေက အချင်းချင်းပြောဆိုဆွေးနွေးကြပြီး ၄င်းတို့ရဲ့ ပြောဆိုချက်ထဲမှာ အသုံးဝင်တဲ့ Phrases တွေ၊ Grammar Rules တွေ၊ အသုံးဝင်တဲ့ ဝေါဟာရတွေ၊ ယဥ်ကျေးမှုနဲ့ သက်ဆိုင်တဲ့ အရာတွေပါဝင်ပြီး ကိုယ်နားထောင်ချင်တဲ့ အကြောင်းအရာကို ရွေးချယ်လေ့လာနိုင်ပါတယ်။ ဒီဝက်ဘ်ဆိုဒ်ကတော့ အင်္ဂလိပ်စာကို အဆင့်မြင့် လေ့လာနေတဲ့သူတွေအတွက် အကြားစွမ်းရည်ကို ပိုပိုပြီး တိုးတက်အောင် လုပ်နိုင်ဖို့အတွက် အထူးသင့်လျော်ပါတယ်။

 

Website Link > https://downtobusinessenglish.com/


 

  1. IELTS Podcast

 

IELTS စာမေးပွဲဖြေဖို့ ပြင်ဆင်နေသူတွေအတွက် မဖြစ်မနေ နားထောင်သင့်တဲ့ ဝက်ဘ်ဆိုဒ်တစ်ခုပါ။ ဒီ ဝက်ဘ်ဆိုဒ်မှာဆိုရင် စာမေးပွဲဖြေဆိုဖို့အတွက် လမ်းညွှန်ချက်တွေ၊ စာမေးပွဲမှာ မေး‌လေ့မေးထရှိတဲ့ မေးခွန်းပုံစံတွေ၊ စာမေးပွဲဖြေဆိုပုံ နည်းလမ်းတွေကို ပြောပြပေးထားတဲ့အတွက် IELTS ဖြေမယ့်သူတွေ၊ ဖြေဖို့ အစီအစဥ်ရှိတဲ့သူတွေ အတွက် အရမ်းကို အကျိုးရှိစေပါတယ်။

 

Website Link > https://www.ieltspodcast.com/


 

 

  1. Podcastsinenglish

 

ဒီဝက်ဘ်ဆိုဒ်မှာဆိုရင်တော့ စိတ်ဝင်စားစရာကောင်းပြီး ဘဝနဲ့ဆိုင်တဲ့ Real Life Topic တွေကို podcast အနေနဲ့ တင်ပေးထားတာကို တွေ့ရှိရမှာပါ။ Level အနေနဲ့လည်း Beginner ကနေစပြီးLevel 1,2,3,Business အစရှိတဲ့ အဆင့်လိုက် အသီးသီးခွဲပေးထားတာဖြစ်တဲ့အတွက် နားထောင်မယ့်သူတွေအတွက် ကိုယ်ကျွမ်းကျင်တဲ့ အဆင့်ကစပြီး နားထောင်သွားလိုက်ရုံပါပဲ။ တစ်ချို့ အသံဖိုင်တွေမှာ လေ့ကျင့်ခန်းလုပ်ဖို့အတွက် Video File တွေပါ ပါပါတယ်။

 

Website Link > https://podcastsinenglish.com/


 

  1. English Class 101 

 

ဒီမှာဆိုရင်တော့ ကိုယ့်အီးမေးလ်နဲ့အရင်ဝင်ပြီး Register လုပ်ရမှာပါ။ ဒီဝက်ဘ်ဆိုဒ်မှာဆိုရင် အကြောင်းအရာအမျိုးမျိုးကို Topic အလိုက်ခွဲပြီး တင်ဆက်ပေးထားပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာကို ဝင်ပြီး နားထောင်လိုက်ရုံပါပဲ။ Listening Skill လေ့ကျင့်ဖို့အတွက် အတော်ကောင်းမွန်တဲ့ ဝက်ဘ်ဆိုဒ်လို့ ပြောလို့ရပါတယ်။ ပျော်စရာကောင်းပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေကို အသံဖိုင်၊ ဗီဒီယိုဖိုင်တွေနဲ့ တင်ပေးထားတာမို့ လေ့လာကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။

 

Website Link > https://www.englishclass101.com/


 

  1. Ted Podcasts

 

Ted Talk ကိုတော့ လူတိုင်းကြားဖူးကြမယ်ထင်ပါတယ်။ Ted Podcasts ကိုတော့ တော်တော်များများ သိပ်သတိမထားမိကြပါဘူး။ ဒီမှာဆိုရင်လည်း Topic အမျိုးမျိုးပါဝင်ပြီး ရွေးချယ်စရာ စုံစုံလင်လင်ရှိတာကြောင့် ကိုယ်ကြိုက်တဲ့ ကိုယ်ကြိုက်တဲ့ Topic ကို ဝင်ရောက်နားထောင်နိုင်ပါတယ်။

 

Website Link > https://www.ted.com/podcasts

 

Knowledge Latest Post Read 1424 times