Sales Hotline : 09448001653       Download App



အင်္ဂလိပ်စာကို Level အလိုက် ကျွမ်းကျင်အောင် လေ့လာနိုင်မယ့် Youtube Channel (၉)ခု

 

 

Education Guide Myanmar စာဖတ်ပရိသတ်ကြီးထဲမှာ အင်္ဂလိပ်စာလေ့လာနေကြတဲ့သူတွေ ရှိကြမှာပါ။ ကိုယ်က အင်္ဂလိပ်စာကို လေ့လာချင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် သင်တန်းမတတ်နိုင်တာ၊ အချိန်မပေးနိုင်တာတွေ ရှိလာတဲ့အခါ Self Learning နဲ့ လေ့လာနိုင်မယ့် Youtube Channel တွေရှိပါတယ်။

 

အခုတစ်ခေါက်မှာတော့ စာလေ့လာရာမှာ  အသုံးလည်းဝင် လေ့လာလို့လည်း အဆင်ပြေတဲ့ Youtube Channel (၉) ခုကို ဖော်ပြပေးလိုက်ပါတယ်။ စာလေ့လာမယ့်သူတွေအတွက် ကိုယ်နဲ့ကိုက်ညီတဲ့ Level က စတင်လေ့လာနိုင်ဖို့အတွက် Beginners, Intermediate နဲ့ Advanced ဆိုပြီး အမျိုးအစား (၃) ခွဲခြားဖော်ပြပေးထားပါတယ်။

 

For Beginners

=======

 

  1. Speak English With Mr. Duncan

 

Mr.Duncan ကတော့ အင်္ဂလန်နိုင်ငံမှနေပြီး သူ့ရဲ့ Youtube Channel ကနေ တစ်ပတ်သုံးရက် တစ်ကမ္ဘာလုံးကို အင်္ဂလိပ်စာ အခမဲ့ သင်ကြားပေးနေသူပါ။ သင်ခန်းစာတွေအများကြီးကို သင်ကြားရမှာပါ။ သူ့ရဲ့ ဗီဒီယိုတွေက လေ့လာရတာ ပျော်ဖို့ကောင်းပြီး ပေါ့ပေါ့ပါးပါးပါပဲ။ သဘာဝနှင့် ပတ်သက်သော အကြောင်းအရာများ၊ ဘန်းစကားများ၊ သတင်းများ၊ ဖက်ရှင်အကြောင်းများ စတဲ့အကြောင်းအရာတွေကို စကားပြောပုံစံဦးစားပေးပြီး သင်ကြားပေးပါတယ်။

 

Link > https://www.youtube.com/@EnglishAddict

 

 

  1. Easy English

 

အင်္ဂလိပ်စာကို အခုမှစတင်လေ့လာမယ့် Beginners သမားတွေအတွက် တော်တော်လေးအဆင်ပြေပါတယ်။ ဗီဒီယိုတစ်ခုချင်းစီတိုင်းမှာ တကယ့် လက်တွေ့ဘဝနေ့စဥ် ပြောဆိုဆက်ဆံနေရတဲ့ အခြေအနေမျိုးမှာ ဘယ်လို အပြန်အလှန် ပြောကြဆိုကြမလဲ ဆိုတာကို အသံထွက်မှန်မှန်နဲ့ တင်ဆက်ရိုက်ကူးပေးထားတာပါ။ လူတွေရဲ့ မတူညီတဲ့ Topic အမျိုးမျိုးကိုလည်း အပျင်းပြေ နားထောင်ရင်း စာလည်းလုပ်လို့ရမယ့် Channel တစ်ခုပါ။ ကာတွန်း Animation လေးတွေနဲ့မို့ ကြည့်ရတာလည်း ပျော်စရာကောင်းမှာပါ။

 

Link > https://www.youtube.com/@easyenglish551


 

  1. BBC Learning English 

 

ဒီ Channel ကိုတော့ တော်တော်များများ သိကြမှာပါ။ ဗြိတိသျှအဖွဲ့အစည်းတစ်ခုရဲ့ Learning Channel တစ်ခုဖြစ်ပြီး အင်္ဂလိပ်စာကိုမှ British လေသံ၊ လေယူလေသိမ်း နဲ့ လေ့လာချင်သူတို့အတွက် အထူးသင့်တော်ပါတယ်။ နေ့တိုင်း မတူညီတဲ့ Topic အမျိုးမျိုးအောက်ကနေ  သင်ခန်းစာအသစ်တွေ တင်ပေးပါတယ်။ တကယ်စိတ်ဝင်စားစရာပြီး အကျိုးရှိစေမှာမို့ အားလပ်ချိန်လေးမှာ လေ့လာကြည့်ဖို့ အကြံပြုချင်ပါတယ်။

 

Link > https://www.youtube.com/@bbclearningenglish


 

  1. English with Jennifer

 

အမေရိကန် အင်္ဂလိပ်စာကိုမှ ကြိုက်နှစ်သက်ပါတယ်ဆိုသူတွေ ဒီ Channel ကို အခုပဲ Subscribe လုပ်လိုက်ပါ။ ဆရာမ Jennifer ရဲ့ သင်ခန်းစာတွေက ရှင်းလင်းလွယ်ကူပြီး Category အလိုက် ခွဲခြားဖော်ပြပေးထားတာမို့ လေ့လာရလွယ်ကူစေမှာပါ။ သဒ္ဒါ၊ ဝေါဟာရ၊ အသံထွက်၊ အရေး၊ အဖတ်၊ အပြော၊ အကြား စွမ်းရည် အကုန်လုံးအတွက် တစ်နေရာတည်းမှာ ပြည့်ပြည့်စုံစုံ လေ့လာနိုင်ပါတယ်။

 

Link > https://www.youtube.com/@Englishwithjennifer




 

For Intermediate Learners

===========

 

  1. EnglishClass101.com 

 

English 101 နဲ့ဆို သင်က မြန်မြန်ဆန်ဆန်ပဲ Advance Level ကို ရောက်ရှိမှာပါ။ ရွေးချယ်လေ့လာစရာ သင်ခန်းစာ ဗီဒီယိုပေါင်း ရာနှင့်ချီ ရှိပါတယ်။ အင်္ဂလိပ်စာကို ယေဘုယျအားဖြင့် အခြေခံသဘောသိပြီးသား သူတွေအတွက် ပိုသင့်တော်ပါတယ်။ 

 

Link > https://www.youtube.com/@EnglishClass101

 

  1. On the go with EF

 

စာလည်းလေ့လာမယ် ကမ္ဘာလည်းပတ်မယ်ဆိုရင်တော့ သေချာပေါက် ဒီ Channel ကို Subscribe လုပ်လိုက်ပါ။ စာလေ့လာနေစဥ်အတွင်းမှာပဲ သင့်ကို အားလပ်ရက်ခရီးစဥ်ထဲသို့ ရောက်ရှိသွားသလို ခံစားရစေမှာပါ။ ကမ္ဘာအနှံ့က မတူညီတဲ့ နေရာဒေသ၊ လူမျိုးတွေရဲ့ ယဥ်ကျေးမှု၊ ဘာသာစကားတွေကို တဝကြီး လေ့လာရမှာပါ။

 

Link > https://www.youtube.com/@efinternationallanguagecam9393


 

  1. VOA Learning English 

 

နိုင်ငံတကာသတင်းနှင့်အသံလွှင့်ဌာနဖြစ်သော Voice of America ရဲ့ အင်္ဂလိပ်စာ လေ့လာနိုင်မယ့် ကောင်းမွန်တဲ့ Channel တစ်ခုပါ။ ရိုးရှင်းတဲ့ ဘာသာစကားအသုံးအနှုန်း နဲ့ အရှိန်ဖြေးဖြေး တင်ဆက်ပေးနေတဲ့ စာတန်းထိုး တီဗီသတင်းတွေကို နေ့စဥ် တင်ဆက်ပေးနေပါတယ်။ အမေရိကန် ဘာသာစကားလေ့လာရန် အထူးသင့်တော်ပါတယ်။ ဘာသာစကားလည်း တိုးတတ်လာမယ့် အပြင် လက်ရှိကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပေါ်နေတဲ့ နောက်ဆုံးရ သတင်းတွေကိုလည်း အချိန်နဲ့ တပြေးညီ သိရှိနိုင်မှာဖြစ်ပါတယ်။

 

Link > https://www.youtube.com/@voalearningenglish


 

For Advanced Learners

==============

 

  1. Rachel’s English 

 

Rachel က ဂန္တဝင်အော်ပရာအဆိုတော် တစ်ဦးဖြစ်ပြီး အင်္ဂလိပ်အသံထွက်ကို ကျွမ်းကျင်ပိုင်နိုင်သူတစ်ဦးဖြစ်ပါတယ်။ ကျောင်းသားတွေပြောဆိုဆက်ဆံတဲ့နေရာမှာ ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ယုံကြည်မှုအပြည့်နဲ့ ပြောနိုင်ဆိုနိုင်ဖို့ရာ သူမရဲ့တာဝန်ဖြစ်တယ်လို့ ခံယူထားသူပါ။ သင်က အင်္ဂလိပ်စာကို အလယ်အလတ်အဆင့် ကျွမ်းကျင်တတ်မြောက်ပြီးသူ ဖြစ်တယ်ဆိုရင်တော့ ရေချယ့်ရဲ့ သင်ခန်းစာတွေကို ပျော်ပျော်ကြီး လေ့လာကြည့်လိုက်ပါတော့။

 

Link > https://www.youtube.com/@rachelsenglish

 

  1. Business English Pod

 

သင်ရဲ့ လုပ်ငန်းခွင်မှာပုံမှန်ပြောနေဆိုနေကြထက်  လေးနက်တဲ့အင်္ဂလိပ်စာဘာသာစကားကို အသုံးပြုရတော့မယ်ဆိုရင်တော့ လုပ်ငန်းခွင်သုံးအင်္ဂလိပ်စာ ဘာသာစကားများကို တင်ဆက်ပေးနေတဲ့ Business English Pod ကိုသာ အားကိုးလိုက်ပါ။ ဘယ်လိုအခြေအနေမျိုးမှာ ဘယ်လိုအသုံးအနှုန်းမျိုး သုံးစွဲရမယ်ဆိုတာကို ဘဏ္ဍာရေး၊ ဥပဒေနှင့် စီးပွားရေးစသည့်စတဲ့ အကြောင်းအရာ Topic အမျိုးမျိုးနဲ့ အသေးစိတ်သင်ပေးထားတာဖြစ်လို့ အခုပဲ Subscribe လုပ်ထားဖို့ လိုပါမယ်။

 

Link > https://www.youtube.com/@BusinessEnglishPod

 

Knowledge Latest Post Read 1298 times