Language Schools တွေကို တစုတစည်းတည်း တွေ့ရမယ့် ပညာရေးပွဲ

Education Fair - Myanmar မှ ဦးစီးကျင်းပတဲ့ ဘာသာစကားသင်တန်းကျောင်း ပြပွဲကြီး (Advanced Studies Pwal - Language) ကို လှည်းတန်းစင်တာမှာ သုံးရက်တိုင်တိုင် ကျင်းပသွားမှာ ဖြစ်ပါတယ်။ 

ဒီပွဲကို ၂၀၂၂ ခုနှစ်တည်းက ကျင်းပလာတာ အခုဆိုရင် Season - 16 အထိ အောင်အောင်မြင်မြင် ကျင်းပခဲ့ပြီးဖြစ်ပါတယ်။

လာမယ့် Season 17 ကိုတော့ ၂၀၂၆ ခုနှစ် မေလ (၂၂) ရက်နေ့ကနေ (၂၄) ရက်နေ့အထိ၊ မနက် (၁၀) နာရီမှ ညနေ (၄) နာရီအတွင်း လှည်းတန်းစင်တာရဲ့ ပရိုမိုးရှင်းဧရိယာမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ 

ဒီပွဲမှာ ရန်ကုန်မြို့က ဘာသာစကားသင်တန်းကျောင်းတွေကို တစ်နေရာတည်းမှာ တစုတစည်းတည်း တွေ့နိုင်မှာဖြစ်ပြီး သင်တန်းအကြောင်းအရာတွေ၊ ပရိုမိုးရှင်းတွေကို တစ်ခါတည်း စုံစမ်းနိုင်ပါတယ်။ 

ဒါကြောင့်လည်း အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ ရချင်တဲ့လူငယ်တွေနဲ့ အနာဂတ်ပညာရေးလမ်းကြောင်းအတွက် ဘာသာစကားသင်တန်းကျောင်းတွေကို လေ့လာစုံစမ်းချင်တဲ့ ကျောင်းသားတွေ သွားရောက် လေ့လာသင့်ပါတယ်။ 

ဒီပွဲမှာ Language Schools အမျိုးမျိုးအပြင် နိုင်ငံခြားမှာ ကျောင်းတက်လိုသူတွေအတွက် Education Consultants တွေနဲ့ပါ တိုက်ရိုက်တွေ့ဆုံနိုင်မှာဖြစ်ပါတယ်။ ဘယ်နိုင်ငံရွေးမလဲ၊ ဘယ်ကျောင်းက သင့်တော်မလဲ၊ Visa Process ဘယ်လိုလဲ၊ ဘယ်လောက်ကုန်ကျမလဲ စတဲ့ မေးခွန်းတွေကိုလည်း မေးမြန်းနိုင်ပါတယ်။

နောက်ပြီး အထူးအနေနဲ့ ပွဲအတွင်း ကျောင်းအပ်နှံသွားသူတွေအတွက် Cash Back (၁) သိန်းအထိ ပေးမယ့် Lucky Draw ကို မဲဖောက်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီပွဲက အခမဲ့ဖြစ်သလို စာရင်းပေးသွင်းစရာလည်း မလိုတဲ့အတွက် ပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့အတူ စျေးဝယ်ထွက်ရင်း အနာဂတ်ပညာရေးအတွက် ကြိုတင် ပြင်ဆင်နိုင်ပါတယ်။

ပွဲရက်နှင့်အချိန်

ရက် - မေလ (၂၂)၊ (၂၃)၊ (၂၄) (သောကြာ၊ စနေ၊ တနင်္ဂနွေ)

အချိန် - မနက် (၁၀) နာရီမှ ညနေ (၄) နာရီအထိ

နေရာ - လှည်းတန်းစင်တာ (ပရိုမိုးရှင်းဧရိယာ)

Source - Education Fair Myanmar

Events & Exhibitions Local News Read 1258 times