Sales Hotline : 09448001653       Download App



ကိုရီးယားသမ္မတနိုင်ငံ KOREATECH မှ ကြီးမှူးကျင်းပသော 2020 International TVET Online Seminar

ကိုရီးယားသမ္မတနိုင်ငံ၊ Korea University of Technology and Education (KOREATECH) မှ ကြီးမှူး၍ 2020 International TVET Online Seminar ကို Changes and Challenges in TVET in the Post-Pandemic Era ခေါင်းစဉ်ဖြင့် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် (၇ ၃၀) တွင် Video Conferencing ဖြင့် ကျင်းပခဲ့ရာ ပညာရေးဝန်ကြီး ဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုင်းကျော်နိုင်ဦး တက်ရောက်ခဲ့ပါသည်။

TVET Online Seminar သို့ President of KOREATECH (Former Vice-Minister of Employment and Labor, Korea) မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါကြောင်း နှင့် အဆိုပါ TVET Online Seminar တွင် ၂၁ရာစုအတွက် နည်းပညာ၊သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍ အတွက် သင်ကြားသူ ၊ သင်ယူသူများအတွက် ရရှိထားရမည့် အရည်အသွေးဆိုင်ရာကိစ္စရပ်များ၊ လေ့ကျင့်သင်ကြားပေးသူ (Training Instructors) များအတွက် Compulsory Maintenance Education နှင့်စပ်လျဉ်းသော အရေးပါမှုများ၊ Covid-19 Pandemic ကာလအတွင်း နှင့် ကာလအလွန်တွင် STEP ( Smart Training Education Platform) ၏ အရေးပါမှုများ၊ Lifelong Learning Education တိုးတက်ဖွံ့ဖြိုးစေရေး Online ဖြင့် ဆောင်ရွက်ရန် လိုအပ်သည့် အစီအမံများ၊ Smart Blended Training ၏ အရေးပါလာပုံနှင့် လက်ခံကျင့်သုံးနိုင်ရေး ဆောင်ရွက်ရမည့် ကိစ္စရပ်များ အပေါ် ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍ ဖွံ့‌ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများအား အပြန်အလှန်သိရှိနားလည်ရန်နှင့် အတွေ့အကြုံ ဖလှယ်နိုင်ရန်အတွက် သက်ဆိုင်ရာနိုင်ငံများ အလိုက် တင်ပြဆွေးနွေးရာ ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစို င်းကျော်နိုင်ဦးမှ လက်ရှိ မြန်မာနိုင်ငံတွင် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများ၊ စီမံအုပ်ချုပ်မှုစနစ်မြှင့်တင်ရေး ဆိုင်ရာ မဟာဗျူဟာ ချမှတ်အကောင်အထည်‌ ဖော်ဆောင်ရွက်နေမှုများ၊ ချမှတ်ထားသော မဟာဗျူဟာ အ‌ကောင်အထည်ဖော်နိုင်မှု အခြေ အနေအား ဘဏ္ဍာရေးနှစ်များအလိုက် လေ့လာဆန်းစစ်ရေး အစီအစဉ်များ ချမှတ်ဆောင်ရွက်‌ နေမှုများ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍဖွံ့ ဖြိုးတိုးတက်စေရန် အ‌ရေးပါ လှသည့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်ပအဖွဲ့အစည်းများ၊ ပုဂ္ဂလိကဏ္ဍနှင့် ပူးပေါင်းပါဝင်မှုမြှင့်တင်ရေးဆောင်ရွက်နေမှုများ၊ Covid -19 Pandemic ကာလ အတွင်း ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် ဦးစားပေးအစီအမံ များ နှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် သူများ၏ မေးမြန်းမှုများ အပေါ်တွင် ပြန်လည်ဆွေးနွေးခဲ့ပါသည်။

ကိုရီးယားသမ္မတနိုင်ငံ၊ Korea University of Technology and Education (KOREATECH) မှ ကြီးမှူး၍ 2020 International TVET Online Seminar သို့ ကိုးရီးယားသမ္မတနိုင်ငံ၊ KOREATECH နှင့် Human Resources Development Institute (HRDI) မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ စသည့် နိုင်ငံများမှ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍဆိုင်ရာဆောင်ရွက်နေသည့် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါ သည်။

Source: tvetmyanmar.gov.mm

Latest Post News Read 329 times