Sales Hotline : 09448001653       Download App



ဘွဲ့မရသေးသူတွေပါ လျှောက်ထားနိုင်တဲ့ ထိုင်းနိုင်ငံ KMUTT တက္ကသိုလ်က ပညာသင်ဆုများ

 

 

ထိုင်းနိုင်ငံရဲ့ အဆင့်မြင့်ပညာရေးကျောင်း တစ်ခုဖြစ်တဲ့ King's Mongkut's University of Technology Thonburi (KMUTT) ဟာ ဆိုရင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တည်ရှိပြီး National Research Universities များထဲက တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ 

တစ်နှစ်ကို ပညာတော်သင်ဆု (၂၇၀) လောက် ပေးနေတာပါ။ အခုတစ်ခေါက်မှာတော့ KMUTT ကနေ Undergraduate နဲ့ Graduate ကျောင်းသားတွေအတွက် ပေးအပ်တဲ့ ပညာတော်သင်ဆုတွေ အကြောင်း ပြောပြပေးချင်ပါတယ်။
 

Multi-Intellectual Scholarship

=======================

ဒီ Scholarship ကတော့ ထိုင်းနိုင်ငံရဲ့ ပညာရေးတိုးတက်အောင် အဘက်ဘက်မှ ဆောင်ရွက် အားထုတ်ပေးနေတဲ့ In honor of Princess Maha Chakri Sirindhorn အတွက် အထူးသတ်မှတ်ပြီး ပေးအပ်တာပဲ ဖြစ်ပါတယ်။ ဒီပညာတော်သင်ဆုဟာဆိုရင် ထိုင်းနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နဲ့ ဗီယက်နမ်က ကျောင်းသားတွေကို ပေးအပ်တာပါ။ 

Bachelor နဲ့ Master Degree တွေအတွက် လျှောက်ထားလို့ရပါတယ်။ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်_

 

  • Tuition Fee

  • Monthly Living Expenses ( လစဥ်နေထိုင်စရိတ် )

  • Bachelor Degree ( 8,000 THB per Month )

  • Master Degree ( 10,000 THB per Month )

  • Study Equipment ( 10,000 THB per Year )

  • Health & Accident Insurance ( 2,000 THB per Year )

 

အသေးစိတ်ကိုတော့ အောက်မှာပေးထားတဲ့ လင့်ခ်ကနေ တစ်ဆင့် ဝင်ရောက် ဖတ်ရှုလို့ရပါတယ်။

> https://sfa.kmutt.ac.th/en/home

                                                  Click Here > Baho Pipe

The Greater Mekong Sub-Region Country Scholarship

===================================

ဒီပညာတော်သင်ဆုကတော့ ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို၊ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံ ( ယူနန်ပြည်နယ် တစ်ခုတည်းသာ ) မှ ကျောင်းသားတွေအတွက် ပေးတာပါ။ Master နဲ့ Doctorate Degree တွေအတွက် ဖြစ်ပါတယ်။

ဘာတွေ Cover ဖြစ်သလဲဆိုရင်တော့ သတ်မှတ်ထားတဲ့ ပညာတော်သင်ကာလအတွင်း Tuition Fee (ကျောင်းလခ)၊ Credit Fee နဲ့ Insurance Fee တွေကို ကျောင်းဘက်မှ ကုန်ချခံပေးသွားမှာပါ။ ဒါပေမဲ့ ခရီးစရိတ် ( Travel Expense) နဲ့ နေထိုင်စရိတ် ( Living Expenses) တွေကိုတော့ ပညာတော်သင်ဆုရရှိမယ့် ကျောင်းသားဘက်က ကုန်ကျခံရမှာပဲ ဖြစ်ပါတယ်။

အသေးစိတ် အချက်အလက်တွေကိုတော့ အောက်မှာပေးထားတဲ့ လင့်ခ်ကနေ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်_

> https://iadmission.kmutt.ac.th/afford/scholarship

 

General Deadline ကတော့ ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်နေ့ပါ။ တစ်ခုချင်းစီရဲ့ Deadline ကတော့ ကိုယ်လျှောက်တဲ့ ပညာတော်ဆုအပေါ်မှာ မူတည်ပြီး မတူတာမို့  King's Mongkut's University of Technology Thonburi (KMUTT)  ရဲ့ Official Website မှာ အသေးစိတ် ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။ 

 

အောက်မှာပေးထားတဲ့ အီးမေးလ်၊ လိပ်စာ၊ ဖုန်းနံပါတ်ကနေလည်း အသေးစိတ်ဆက်သွယ်စုံစမ်း မေးမြန်းလို့ ရပါတယ်_

Contact : Financial Aid Unit

Tel: +66 2470 8107, +66 2470 8098

Email: [email protected]

Website: https://sfa.kmutt.ac.th/en/home/

Scholarship showroom:

https://sfa.kmutt.ac.th/en/scholarship-for-international-student/

 

International Latest Post Read 1575 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176