Sales Hotline : 09448001653       Download App



အလုပ်ရှာနေသူများအတွက် အခွင့်အလမ်းကောင်းများရရှိနိုင်မယ့် Job Fair 2022

 

 

Strategy First University မှဦးစီး၍ ၂၀၂၂ ခုနှစ်အတွက် Job Fair Event တစ်ခုကို လာမည့် ဒီဇင်ဘာလ (၁၈) ရက်နေ့ တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါပွဲကို Strategy First University မှာ တတ်ရောက်ခဲ့ဖူးသော ကျောင်းသား/ကျောင်းသူများ၊ လက်ရှိတက်ရောက်နေသူများ၊ ပြင်ပမှကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းများကို ရှာဖွေနေသူ

များ တက်ရောက်နိုင်ကြောင်း သိရှိရသည်။

 

Strategy First ကျောင်း စတင်တည်ထောင်ချိန် (၂၀၁၀)  ခုနှစ်ကတည်းက ပံ့ပိုးကူညီခဲ့သော မိတ်ဖက် Company များအတွက် လိုအပ်နေသော လူ့စွမ်းအားအရင်းအမြစ်များကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များအတွက်လည်း ပိုမို ကောင်းမွန်သော အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေးအတွက် အဆိုပါပွဲကို ကျင်းပခြင်းဖြစ်သည်။ 

 

Job Fair 2022 တွင် အောက်ဖော်ပြပါ မိတ်ဖက်အဖွဲ့အစည်းများ ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်_

 

1. AYA Bank

2. AYA SOMPO Insurance

3. Blazon Group

4. Capital Connect Limited (Citizens Pay), A member of CDSG group

5. Cho Cho Co., Ltd.

6. City Holdings Company Limited.

7. DKSH Myanmar

8. Grand Guardian Nippon Life Insurance Co., Ltd

9. Lwin Oo Htwe Trading Co.,ltd

10. Myanmar CP Livestock Co.,Ltd

11. Myanmar Kaido Co.,Ltd

12. Myanmar Oasis Company Limited.

13. Prudential Myanmar Life Insurance

14. Shop App MM

15. "Shwe Taung Mining Co,. Ltd. Shwe Taung Cement Co,. Ltd."

16. "Shwe Taung - High Tech Concrete Co,. Ltd. High Tech Precast Co,. Ltd."

17. Unilever Myanmar Company Limited

18. Yoma Strategic Holdings

 

ပါဝင်ကြမည့် လုပ်ငန်းများမှ ခေါ်ယူမည့် လစ်လပ်ရာထူးများ နှင့် ထပ်မံပါဝင်မည့် လုပ်ငန်းအဖွဲ့အစည်းများ  ကို Strategy First University ၏ ဖော်ပြပါ Telegram Link မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ 

 

Telegram Group ???? https://t.me/+tGMNanDTHQ9mMTFl

 

အဆိုပါနေ့တွင် Job Fair Event အပြင် Strategy First University မှ ဆရာကြီး၊ ဆရာမကြီးများ၊ ဖိတ်ကြားထားသော လုပ်ငန်းများမှ အတွေ့အကြုံရှိ ပညာရှင်များမှ Career Development နှင့် သက်ဆိုင်သော ဟောပြောပွဲများပါကျင်းပပေးသွားမည်ဖြစ်သည်။

 

ထို့အပြင် အထူးအစီအစဥ်အနေဖြင့် Job Fair တွင်လာရောက်မည့် ကျောင်းသားကျောင်းသူများနှင့် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရှာဖွေနေသူများအတွက် Strategy First University တွင်သင်တန်းများ ပြန်လည်တက်ရောက်နိုင်သော Discount Coupon များကိုလည်း ကံစမ်းမဲဖောက်ပေးသွားမည်ဖြစ်သည်။

 

ပွဲအစီအစဥ်အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်သည်_

 

ကျင်းပမည့်နေ့ရက် - ဒီဇင်ဘာလ (၁၈) ရက်၊ ၂၀၂၂ ခုနှစ် (တနင်္ဂနွေနေ့)

 

ကျင်းပမည့်အချိန် - နံနက် (၉) နာရီ မှ ညနေ (၅) နာရီအထိ

 

ကျင်းပမည့်နေရာ - SFU Teaching Center 3 (Sule) အမှတ် (၁၄၂-၁၄၆) ဆူးလေးဘုရားလမ်း၊ ကျောက်တံတားမီးသတ်ရှေ့၊ ကျောက်တံတားမြို့နယ်။

 

တက်ရောက်လိုသူများ အနေဖြင့် အောက်ဖော်ပါပြ လင့်ခ်မှတစ်ဆင့် စာရင်းပေးသွင်းထားနိုင်သည်။

 

Registration Link  ???? https://forms.office.com/r/EXtNY6jhgk

 

အသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါ မူရင်းပို့စ်တွင် ဝင်ရောက်ဖတ်ရှုနိုင်သလို ဖုန်းနံပါတ်  09250717166~68,  09444555614 များသို့လည်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်သည်။

 

Strategy First University Job Fair 2022 > https://bit.ly/3iW5IoB

 

Strategy First University Page မှ ကူးယူဖော်ပြပါသည်။

 

Latest Post Local News Read 559 times