မတ်လ (၂၈) ရက်နေ့ ငလျင်ဒဏ်ကြောင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (JLPT) စာမေးပွဲအား မန္တလေးတွင် ကျင်းပပြုလုပ်ရန် အခက်အခဲများ ရှိသည့်အတွက် ရန်ကုန်တွင် ပြောင်းရွှေ့ဖြေဆိုနိုင်ရန် စီစဉ်မည်ဖြစ်ကြောင်း Myanmar Association of Japan Alumni (MAJA) မှ ထုတ်ပြန်ထားသည်။
မတ်လ (၂၈) ရက်တွင် ဖြစ်ပွားခဲ့သော ငလျင်ဘဘာ၀ဘေးအန္တရာယ်ကြောင့် မန္တလေးမြို့အတွင်းရှိ JLPT စာဖြေဌာနများအဖြစ် အသုံးပြုမည့် တက္ကသိုလ်နှင့် ကျောင်းများတွင် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည်။
အဆိုပါ အဆောက်အဦးများကို ပြန်လည်စစ်ဆေးခြင်းနှင့် ပြင်ဆင်ခြင်းများအတွက် အချိန်ကြာမြင့်မည်ဖြစ်သဖြင့် မန္တလေးတွင် ဖြေဆိုရန် လျှောက်ထားသည့် စာဖြေသူများသည် ရန်ကုန်တွင် ပြောင်းရွှေ့ဖြေဆိုရမည်ဖြစ်သည်။
မန္တလေးစာဖြေဌာနများတွင် ဖြေဆိုရန် လျှောက်ထားသူများသည် ရန်ကုန်တွင် ပြောင်းရွှေ့ဖြေဆိုလိုခြင်း မရှိပါက စာမေးပွဲလျှောက်ထားမှုအား ပယ်ဖျက်နိုင်ပြီး စာမေးပွဲကြေးအား ပြန်လည်ထုတ်ယူရန် အောက်ပါလင့်ခ်မှတဆင့် လျှောက်ထားနိုင်သည်။
>> https://docs.google.com/forms/d/
ဖော်ပြပါ Google Form ကို ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၅) ရက်နေ့မှ မေလ (၁၂) ရက် ညနေ (၄) နာရီအထိ လျှောက်ထားနိုင်ပြီး စာမေးပွဲကြေးပြန်လည်လွှဲပေးမည့်ရက်အား MAJA မှ ထပ်မံကြေညာပေးမည်ဖြစ်သည်။
သတ်မှတ်ကာလအတွင်း Google Form တွင် ပယ်ဖျက်စာရင်းသွင်းမှု မလုပ်ပါက ရန်ကုန်တွင် ပြောင်းရွှေ့ဖြေဆိုမည့် စာဖြေသူများအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။ ရန်ကုန်တွင် ပြောင်းရွှေ့ဖြေဆိုမည့်သူများအတွက် ဖြေဆိုရမည့် စာဖြေဌာနနေရာများနှင့် ပတ်သက်၍ အသေးစိတ်ကို ထပ်မံကြေညာပေးသွားမည်ဟု MAJA မှ ကြေညာထားသည်။
=========================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။