၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့တွင် ကျင်းပခဲ့သော JLPT စာမေးပွဲ၏ Online Result များအား ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၃၀) ရက်နေ့တွင် စတင် ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း Myanmar Association of Japan Alumni (MAJA) မှ ထုတ်ပြန်ထားသည်။
စာမေးပွဲရလဒ်အား အောက်ပါလင်ခ်မှတဆင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၃၀) ရက်နေ့ (သောကြာနေ့) မြန်မာစံတော်ချိန် နံနက် (၇) နာရီခွဲမှစတင်၍ မတ်လ (၃၁) ရက်နေ့ (အင်္ဂါနေ့) မြန်မာစံတော်ချိန် နေ့လည် (၂) ခွဲအထိ ကြည့်ရှုနိုင်ပါမည်။
>> https://www.jlpt.jp/e/guideline/results_online.html?

ဖော်ပြပါလင့်ခ်မှတဆင့် Other countries သို့ ဝင်ရောက်၍ Test Result ကိုနှိပ်ကာ မိမိ ခုံနံပါတ်နှင့် Passcode (၈) လုံး ရိုက်ထည့် ကြည့်ရှုရပါမည်။
Passcode (၈) လုံး မပြည့်သူများ၊ လုံး၀ မဖြည့်သွင်းခဲ့သူများ၊ သတ်မှတ်ထားသည့် ဂဏန်းများ မဟုတ်ဘဲ Alphabet များ ပါ၀င်နေသည့် Passcode များ ဖြစ်ပါက Online Result ကြည့်ရှုနိုင်မည် မဟုတ်ပါ။
Passcode မေ့လျော့နေသော စာဖြေသူများအနေဖြင့် အောက်ပါ Link သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
> https://drive.google.com/file/
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ စာမေးပွဲအတွက် မှတ်ပုံတင်လျှောက်ထားခြင်းနှင့် ပတ်သက်၍ သိလိုပါက အောက်ပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်သည်။
> https://www.facebook.com/MyanmarAssociationOfJapanAlumniMAJA
=========================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။