Sales Hotline : 09448001653   Find A Tutor     Download App



ဒို့အိမ်မှ အခမဲ့ ဖွင့်လှစ်သင်ကြားပေးမည့် “Introduction to Placemaking” သင်တန်း

 

 

မြို့ပြပုံဖော်သူလူငယ်များ (Young City Shapers) မှ  “Introduction to Placemaking” သင်တန်းကို လာမည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဖွင့်လှစ်ပို့ချသွားမည်ဟုသိရှိရသည်။ အဆိုပါသင်တန်းတွင် Placemaking ၏ အခြေခံသဘောတရားများ၊ ကောင်းမွန်ပြည့်စုံသောနေရာများ ဖန်တီးရာမှာ ဒီဇိုင်းလုပ်ငန်းစဥ်အကြောင်း နှင့် လူထုပူးပေါင်းပါဝင်မှုရဲ့ အရေးကြီးပုံများကို ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်းသိရှိရသည်။

 

သင်တန်းအား Zoom Application နှင့်မြန်မာဘာသာဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။ သင်တန်းတက်ရောက်ရန်စိတ်ဝင်စားပါက အောက်ပါလင့်ခ်အတိုင်းနိုဝင်ဘာလ (၁၃) ရက်နေ့ နေ့လည် (၃)နာရီ နောက်ဆုံးထားကာ စာရင်းပေးသွင်းနိုင်သည်။ 

 

Registration Link > https://forms.gle/jLRceZ7bqWRxYce1A

 

သင်တန်းမှာ လူအများအသုံးပြုနိုင်တဲ့ နေရာများအား ရပ်ရွာလူထုရဲ့ ပူးပေါင်းပါဝင်မှုနဲ့အတူ အကောင်အထည်ဖော်ရသော  လုပ်ငန်းစဉ်များကို  စိတ်ပါဝင်စားသူ အသက်၃၅နှစ်အောက် လူငယ်များအတွက် ရည်ရွယ်ခြင်းဖြစ်သည်။ 

 

သင်တန်းရက်မှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ဖြစ်ပြီး နံနက် ၉ နာရီခွဲ မှ နေ့လည် ၁၂ နာရီခွဲအထိသင်ကြားပို့ချပေးသွားမည်ဖြစ်သည်။ သင်တန်းကြေးမှာ အခမဲ့ဖြစ်သည့် အပြင် သင်တန်းသား/သူများအတွက် လိုအပ်ပါက ဖုန်းဘေ/အင်တာနက် ဘေလ်များ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

 

သင်တန်းသားဦးရေး အကန့်အသတ်ရှိပါသဖြင့် စာရင်းပေးသွင်းထားသူများ အနက်မှ တက်ရောက်ခွင့်ရသူများကိုသာ ပြန်လည်အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။ 

 

Source Form > Doh Eain Facebook Page မှပြန်လည်ကူးယူဖော်ပြပါသည်။  

 

Latest Post Local News Read 194 times