ရန်ကုန်နိုင်ငံတကာကျောင်းစျေးကွက်မှာ သင့်ကျောင်းက Rank ဘယ်လောက်လဲ?

International School တစ်ကျောင်းအနေနဲ့ မိမိကျောင်းရဲ့ လက်ရှိအခြေအနေကို သိရှိထားရုံတင်မကဘဲ၊ စျေးကွက်ထဲမှာ အခြားကျောင်းတွေနဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ ဘယ်လို Position မှာ ရှိနေသလဲဆိုတာ နားလည်ထားဖို့လည်း အရေးကြီးပါတယ်။

ဒါကြောင့် ကျောင်းတစ်ကျောင်းချင်းစီအတွက် သီးသန့်ပြင်ဆင်ထားတဲ့ School Market Position Snapshot မှာ သင့်ကျောင်းရဲ့ လက်ရှိ စျေးကွက်အဆင့်သတ်မှတ်ချက်ကို အလွယ်တကူ မြင်တွေ့နိုင်အောင် အဓိက Market Indicators (၃) ခုကို ဖော်ပြထားပါတယ်။

ဒီ Snapshot မှာ - 

- Estimated Student Enrolment Rank – ကျောင်းသားအရေအတွက်အပေါ် အခြေခံပြီး ရန်ကုန် International School စျေးကွက်အတွင်း သင့်ကျောင်းရဲ့ အဆင့်သတ်မှတ်ချက်ကို ဖော်ပြထားပါတယ်။

- Estimated Market Value Rank – ကျောင်းသားအရေအတွက်နဲ့ ကျောင်းလခတို့အပေါ် အခြေခံပြီး သင့်ကျောင်းရဲ့ စျေးကွက်တန်ဖိုး အဆင့်သတ်မှတ်ချက်ကို ဖော်ပြထားပါတယ်။

- Fee Tier Position – ကျောင်းလခအဆင့်သတ်မှတ်ချက် (၅) ခုဖြစ်တဲ့ Elite၊ Premium၊ Mid-Range၊ Value၊ Budget ဆိုတဲ့ Fee Tier Structure အတွင်း သင့်ကျောင်းက ဘယ် Tier ထဲမှာ ပါနေလဲဆိုတာ ဖော်ပြထားပါတယ်။

Market Position Snapshot နမူနာပုံစံ

ဒါကြောင့် သင့်ကျောင်းက ရန်ကုန်မြို့ရှိ International School (၁၄၇) ကျောင်းအနက် ဘယ်အဆင့်မှာ ရှိနေသလဲ၊ ကျောင်းသားအရေအတွက်နဲ့ စျေးကွက်တန်ဖိုးအရ အဆင့်သတ်မှတ်ချက် ကွာခြားချက် ရှိ/မရှိ၊ Fee Tier ကရော ဘယ်ထဲပါနေလဲဆိုတာကို တစ်နေရာတည်းမှာ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပါတယ်။

ဒီ Snapshot ကို MMRD Industry Insight နှင့် Myanmar Education Guide တို့ ပူးပေါင်းထုတ်ဝေထားတဲ့ "4th Yangon International Schools Industry Report 2026–2027" မှ အချက်အလက်တွေကနေတဆင့် အခြေခံပြီး ပြင်ဆင်ပေးထားပါတယ်။

ဒီလို Market Position ကို သိရှိထားခြင်းက ကျောင်းရဲ့ လက်ရှိအခြေအနေကို ပိုမို နားလည်စေတဲ့အပြင်၊ ကျောင်းရဲ့ Competitive Positioning၊ Pricing Strategy၊ Growth Direction နဲ့ Market Opportunity တွေကို ပြန်လည်သုံးသပ်ရာမှာလည်း အထောက်အကူပြုနိုင်ပါတယ်။

Market Position Snapshot ဟာ ကျောင်းအဆင့်အတန်း၊ ပညာရေးအရည်အသွေး၊ Accreditation သို့မဟုတ် Academic Performance ကို သတ်မှတ်ပေးထားတာ မဟုတ်ဘဲ၊ ရန်ကုန် International School စျေးကွက်အတွင်း သင့်ကျောင်းရဲ့ Market Positioning ကို နားလည်နိုင်ဖို့အတွက်သာ ရည်ရွယ်ထားပါတယ်။

ရန်ကုန် International School စျေးကွက်ကို ဒီထက်ပိုပြီး အသေးစိတ် သိချင်တယ်ဆိုရင်တော့ သင့်ကျောင်း Snapshot နှင့်အတူ Full Report ကို အောက်တိုဘာ (၁၆) ရက်နေ့အထိ မူရင်းစျေး (၁၂) သိန်းအား (၉) သိန်းကျပ်ခွဲဖြင့်သာ ဝယ်ယူနိုင်မှာဖြစ်ပြီး Report GPT ကိုပါ လက်ဆောင် ရရှိဦးမှာ ဖြစ်ပါတယ်။ 

Report Preview > https://www.edge.com.mm/report.html

အသေးစိတ်အချက်အလက်များကို သိရှိလိုပါက [email protected] သို့ အီးမေးလ်ပေးပို့ပြီးဖြစ်စေ၊ 09765404028 သို့ ဖုန်းဆက်ပြီးဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ 

Latest Post Local News Read 13 times