India Education Fair 2026 ကို လာမယ့် မတ်လ (၂၇) နှင့် (၂၈) နေ့တို့တွင် ရန်ကုန်မြို့ India Centre မှာ တစ်ကြိမ်၊ မတ်လ (၃၀) ရက်နေ့တွင် မန္တလေးမြို့ Mingalar Mandalay Hotel တွင် တစ်ကြိမ် ပြုလုပ်မှာဖြစ်ပါတယ်။
ဒီပွဲမှာ အိန္ဒိယထိပ်တန်းတက္ကသိုလ်ပေါင်း (၂၀) ကျော် ပါဝင်ပြသသွားမှာဖြစ်ပြီး မြန်မာကျောင်းသား၊ ကျောင်းသူတွေအတွက် အထူးပညာသင်ဆုအခွင့်အရေးတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
အဆိုပါပွဲက တက္ကသိုလ်ပေါင်း (၁,၀၀၀) ကျော်နှင့် ကောလိပ်ပေါင်း (၄,၂၀၀) ကျော်ရှိတဲ့ အိန္ဒိယနိုင်ငံက ကျယ်ပြန့်လှတဲ့ ပညာရေးကွန်ရက်ကြီးကို မိတ်ဆက်ပေးမှာဖြစ်ပြီး ကျောင်းသားကျောင်းသူတွေအတွက် စျေးနှုန်းသက်သာတဲ့ ကမ္ဘာ့အဆင့်မီပညာရေးဆီကို လျှောက်လှမ်းနိုင်မယ့် တံခါးပေါက်ပဲဖြစ်ပါတယ်။
ပါဝင်မယ့်တက္ကသိုလ်/ကောလိပ်များ
ဘယ်သူတွေတက်ရောက်သင့်လဲ?
ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မလဲ?
ဒီပညာရေးပွဲက အခမဲ့ဖြစ်တာကြောင့် စိတ်ဝင်စားတဲ့ ရန်ကုန်နှင့် မန္တလေးက ဘယ်သူမဆို အောက်ကလင့်ခ်မှာ စာရင်းပေးသွင်းပြီး သွားရောက်လေ့လာလို့ရပါတယ်။
Indian Education Fair 2026 (Yangon)
နေ့ရက် - မတ် (၂၇) သောကြာနေ့၊ မတ် (၂၈) စနေနေ့
အချိန် - မနက် (၁၀) နာရီမှ ညနေ (၅) နာရီအထိ
နေရာ - Indian Centre Yangon (အမှတ် ၆၅၄-၆၆၆)၊ ကုန်သည်လမ်းနှင့် ရွှေဘုံသာလမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့)
Indian Education Fair 2026 (Mandalay)
နေ့ရက် - မတ် (၃၀) တနင်္လာနေ့၊
အချိန် - မနက် (၁၀) နာရီမှ ညနေ (၅) နာရီအထိ
နေရာ - Mingalar Mandalay Hotel (၇၃ လမ်း၊ သဇင်လမ်းနှင့် ငုရွှေဝါလမ်းထောင့်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့)
=======================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။