Sales Hotline : 09448001653       Download App



နည်းပညာစိတ်ဝင်စားသူများအတွက် ကမ္ဘာကျော် Huawei ကုမ္ပဏီမှ အခမဲ့သင်တန်းများ

 

 

ခေတ်မီစမတ်ဖုန်းများနဲ့ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာတွေကို   ခေတ်နဲ့အညီတီထွင်ဆန်းသစ် ထုတ်လုပ်နေတဲ့ ကမ္ဘာကျော်နာမည်ကြီး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Huawei ကုမ္ပဏီက ဖွင့်လှစ်သင်ကြား ပို့ချတဲ့ သင်တန်းတွေကို အခမဲ့ တက်ရောက်လေ့လာလို့ရမယ့်အပြင် သင်တန်းပြီးဆုံးရင်လည်း ကုမ္ပဏီက အသိအမှတ်ပြုတဲ့ Free Certificate ပါရရှိမယ်ဆို လူတိုင်း စိတ်ဝင်စားကြလိမ့်မယ်လို့ ထင်ပါတယ်။

 

Huaweiကုမ္ပဏီက ကမ္ဘာတစ်ဝှမ်းက  ကျောင်းသား/ကျောင်းသူတွေနဲ့  ပညာရပ်ဆိုင်ရာစိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ဖို့ သင်တန်း ၂၅၀ ကျော်ကို အခမဲ့ဖွင့်လှစ်ပေးထားတာပါ။ 

 

ဒီ E-Learning အခမဲ့အွန်လိုင်းသင်တန်းတွေဟာဆိုရင် အားလပ်ချိန်တွေမှာ သက်တောင့်သက်သာ တက်ရောက်နိုင်ပြီးတော့ လူငယ်များအတွက် အသက်မွေးဝမ်းကြောင်းဆိုင်ရာ လမ်းကြောင်းအတွက်လည်း ပိုမိုလေ့လာ သင်ယူနိုင်တဲ့ အခွင့်အလမ်းကောင်း တစ်ခုပဲဖြစ်ပါတယ်။ 

 

သင်တန်းတွေမှာဆိုရင်  နည်းပညာဆိုင်ရာ  သင်တန်းတွေသာမကပဲ  Public Safety,   Finance,Transportation,  Healthcare,  AIနဲ့   Educationစ တဲ့ဘာသာရပ်ဆိုင်ရာသင်တန်းအမျိုးအစားတွေလည်း စုံစုံလင်လင်ပါရှိ ပါသေးတယ်။ 

 

သင်တန်းတွေနဲ့ပတ်သက်တဲ့  အသေးစိတ်အကြောင်းအရာအချက်အလက်တွေကို   အောက်မှာဆက်လက် ဖော်ပြပေးထားပါတယ်_

Advertisement

Click Here - Zebra

 

Huawei Free Online Courses 2023:

 

သင်ကြားပို့ချပေးသော အဖွဲ့အစည်း - Huawei

 

သင်တန်းအရေအတွက် - 250+

 

သင်ယူရမည့်ပုံစံ - By Online

 

တက်ရောက်နိုင်သူများ - All Students

 

သင်တန်းတွေတက်ရောက်ရင် ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မလဲ_

 

  • Video Lectures တွေကို ကြည့်ရှုခွင့် အခမဲ့ ရရှိနိုင်ခြင်း

  • သင်တန်း Registration Fee ပေးသွင်းစရာ မလိုခြင်း

  • အင်တာနက်ရှိရုံဖြင့် မည်သည့်သင်တန်းကိုမဆို ကြိုက်တဲ့အချိန်တက်ရောက်နိုင်ခြင်း

  • သင်တန်းများအားလုံးမှာ Deadline မရှိသောကြောင့် တစ်နှစ်ပတ်လုံး တက်ရောက်နိုင်ခြင်း

  • သင်တန်းပြီးဆုံးပါက Huawei မှ Officially ပေးအပ်သော အသိအမှတ်ပြု Digital Certificate ရရှိခြင်း

  • လုပ်ငန်းခွင်ဆိုင်ရာ တိုးတက်မှုအတွက် အခွင့်အလမ်းကောင်းများ ရရှိနိုင်ခြင်း

 

တက်ရောက်လေ့လာနိုင်သည့် သင်တန်းအမျိုးအစားများ

  •    WLAN

  •    Big Data

  •    Security

  •    LTE

  •    IoT

  •    5G

  •    Transmission

  •    Access

  •    Datacom

  • Routing & Switching

  •    Storage

  •    Cloud Computing

  •    Cloud Service

  •    AI

  •    Data Center

  •    Intelligent Computing

  •    Network Energy

  •    GaussDB

  •    Kunpeng

  •    Video Conference

  •    Enterprise Communication

  •    Video Surveillance

  •    Contact Center

  •    Public Safety

  •    Finance,

  •    Transportation,

  •    Healthcare

  •    Education

 

သင်တန်းကို ဘယ်သူတွေ လျှောက်ထားနိုင်လဲ_

 

  • မည်သည့်နိုင်ငံသားမဆို လျှောက်ထားနိုင်ပါတယ်

  • အသက်အရွယ်၊ ပညာအရည်အချင်း ကန့်သတ်ချက်မရှိပါ

  • အင်္ဂလိပ်စာတော့ အသင့်အတင့်ကောင်းမွန်ဖို့လိုအပ်ပါမယ်

 

ဘယ်လိုလျှောက်ထားရမလဲ_

 

သင်တန်းတက်ရောက်လိုသူတွေအနေနဲ့ Huawei Talent’s official website ကို အရင်သွားပါ။ E-Learning Link ကို Click လုပ်ပါ။ ကိုယ်တက်ချင်တဲ့ သင်တန်းအမျိုးအစားကို ရွေးချယ်ပါ။ သင်တန်းတက်ရောက်ဖို့ အတွက် အကောင့် register လုပ်ဖို့လိုအပ်ပါတယ်။ သင့်မှာ အကောင့်ရှိပြီးသားဆို ချက်ချင်း တက်လို့ရပေမယ့် အကောင့်မရှိသေးရင်တော့ သူဖြည့်ခိုင်းတဲ့ အချက်အလက်တွေကို အဆင့်ဆင့် ဖြည့်သွားပြီး Account Create  လုပ်လိုက်ရုံပါပဲ။ ပြီးရင်တော့ ကိုယ်တက်ချင်တဲ့ သင်တန်းကို စပြီး တက်လို့ရပါပြီ။

 

Application Link နဲ့ Official Website Link ကို အောက်မှာ ဖော်ပြပေးထားပါတယ်_

 

Application Link > https://bit.ly/3ZDa584 


Official Website Link > https://bit.ly/3zh4bPb

Latest Post Vocational Read 662 times