မြန်မာနိုင်ငံရှိ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု (HRD) အစီအစဉ်ဖြင့် ဖွင့်လှစ်လျက်ရှိသည့် Online သင်တန်းများအား Hybrid ပုံစံဖြင့် စီစဉ်ဆောင်ရွက်ရန် အဆင့်မြင့်ပညာဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
မတ်လ (၁၆) ရက်နေ့တွင် အဆင့်မြင့်ပညာဦးစီးဌာနမှ (HRD) အစီအစဉ်ဖြင့် ဖွင့်လှစ်လျက်ရှိသည့် Online သင်တန်းများ (မဟာဘွဲ့၊ ရိုးရိုးဘွဲ့၊ ဘွဲ့လွန်ဒီပလိုမာ၊ ဒီပလိုမာ) သင်တန်းများအား နောင်တွင် Online ဖြင့် ဖွင့်လှစ်ခွင့်မပြုတော့ကြောင်း စာအမှတ် (၃၅၃၅) ဖြင့် ထုတ်ပြန်ခဲ့သည်။
သို့သော် များမကြာမီအချိန်တွင် စာအမှတ် (၃၅၆၃) ဖြင့် ပထမအကြောင်းကြားစာအား ပယ်ဖျက်ပြီး လက်ရှိ ဖွင့်လှစ်လျက်ရှိသည့် Online သင်တန်းများအား ဆက်လက်ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ပြီး အွန်လိုင်းနှင့် ကျောင်းတက်ရောက်မှု ပေါင်းစပ်ထားသည့် Hybrid ပုံစံဖြင့်သာ စီစဉ်ဆောင်ရွက်ရန် အကြောင်းကြားထားသည်။
ထပ်မံ၍ နောင်တွင် ဖွင့်လှစ်မည့်သင်တန်းများအတွက် ဆက်လက်ညွှန်ကြားမည်ဖြစ်ပါကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သဖြင့် နောက်ပိုင်းတွင် HRD Online သင်တန်းများအတွက် အပြောင်းအလဲများ ဖြစ်လာနိုင်သည်ဟု သုံးသပ်မိသည်။


==============================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။