ဟောင်ကောင်မှာ ဘွဲ့ကြိုတက်ရောက်လိုသူတွေအတွက် Belt and Road Scholarship

Belt and Road Scholarship ဆိုတာ ဟောင်ကောင်အစိုးအရကနေ မြန်မာအပါအဝင် Belt and Road အဖွဲ့ဝင်နိုင်ငံတွေမှ ထူးချွန်ကျောင်းသားတွေကို ပေးအပ်ချီးမြှင့်တဲ့ ပညာသင်ဆု ဖြစ်ပါတယ်။ Belt and Road Scholarship ရရင် အောက်ဖော်ပြပါ ဟောင်ကောင် အစိုးရပိုင် တက္ကသိုလ်တွေမှာ ကျူရှင်လခ ကင်းလွတ်ခွင့်နဲ့ တက်ရောက်နိုင်ပါတယ်။

  • The University of Hong Kong (HKU)
  • The Chinese University of Hong Kong (CUHK)
  • The Hong Kong University of Science and Technology (HKUST)
  • City University of Hong Kong (CityU)
  • Hong Kong Baptist University (HKBU)
  • The Education University of Hong Kong (EDUHK)
  • The Hong Kong Polytechnic University (PolyU)
  • Lingnan University

ဒါကြောင့် ဒီတစ်ပတ်မှာတော့ QS World University Rankings အရ ဟောင်ကောင်ရဲ့ ထိပ်တန်းတက္ကသိုလ်ဖြစ်ပြီး ကမ္ဘာ့တက္ကသိုလ်အဆင့် (၁၁) မှာ ရပ်တည်နေတဲ့ The University of Hong Kong (HKU) မှာ ဘွဲ့ကြိုအတွက် ပညာသင်ဆု ပေးအပ်မယ့် Belt and Road Scholarship အကြောင်း မျှဝေပေးသွားမှာဖြစ်ပါတယ်။ 

လျှောက်ထားနိုင်တဲ့ ဘွဲ့ကြိုပရိုဂရမ်များ

>> undergraduate-programmes

Scholarship - Belt and Road Scholarship 

Host University - The University of Hong Kong (HKU)

Degree Level - Bachelor

Funding - Full tuition fees

Deadline - 31 Jan 2026

သတ်မှတ်အရည်အချင်း

- မြန်မာနိုင်ငံသားဖြစ်ရပါမယ်။ 

- နိုင်ငံတကာအသိအမှတ်ပြု (၁၂) တန်းပညာရေး အောင်မြင်ပြီးသူဖြစ်ရပါမယ်။ 

- GPA အမှတ်ကောင်းရပါမယ်။

- ခေါင်းဆောင်စွမ်းရည်နဲ့ ဆက်ဆံရေး ကောင်းမွန်ရပါမယ်။

- အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်ရပါမယ်။ 

လိုအပ်တဲ့ စာရွက်စာတမ်းများ 

- HKU Admission Form

- Identification Documents

- Academic Transcripts

- Proof of Qualifications (e.g., IB Diploma, A-Levels, IGCSE, SAT scores, etc.)

- English Proficiency (TOEFL - 90 , IELTS - 6.5 )

- Personal Statement

- Motivation Letter for Scholarship

- 2-3 letters of Recommendation

- Addtional Awards and Certificates 

ပညာသင်ဆု ထောက်ပံ့ကြေး

ကျောင်းသားတွေရဲ့ အခြေအနေပေါ်မူတည်ပြီး ကျူရှင်လခ အပြည့်အ၀ ကင်းလွတ်ခွင့်အထိ ရရှိနိုင်ပါတယ်။ ပညာသင်ဆုက (၁) နှစ်စာပဲ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ ဘွဲ့ကြိုတက်ရောက်မှုကာလတစ်လျှောက်မှာ GPA ကို ထိန်းပြီး ပညာသင်ဆု ထပ်လျှောက်လို့ ရပါတယ်။ 

ပညာသင်ဆု လျှောက်ထားရမယ့်ပုံစံ

ဒီပညာသင်ဆုက ကျောင်းဝင်ခွင့်နဲ့ ပညာသင်ဆု လျှောက်လွှာကို သပ်သပ်လျှောက်ထားစရာ မလိုပါဘူး။ HKU မှာ ကိုယ်လျှောက်ချင်တဲ့ ဘာသာရပ်အတွက် ဝင်ခွင့်ရအောင် အရင် ကြိုးစားရမှာပါ။ ကျောင်းဘက်ကနေ ဝင်ခွင့်ရပြီဆိုရင် ပညာသင်ဆုအတွက် အကျုံးဝင်ပြီးသား ဖြစ်သွားမှာပါ။

တင်ပြရမယ့် စာရွက်စာတမ်းများ

- သင်က ဒီပညာသင်ဆု ဘာလို့ ရသင့်လဲဆိုတာနဲ့ ဘွဲ့ရပြီးရင် လုပ်မယ့် အစီအစဉ်ကို ရေးသားချက်

- ကိုယ်ရေးအချက်အလက် CV တစ်စောင်

- ဖော်ပြပါ အကြောင်းအရာ (၄) ခုလုံးကို ခြုံငုံရေးသားချက်

  • Academic achievements
  • Contribution to institution/ society
  • Leadership and communication abilities
  • Interest in integrating into and contributing to Hong Kong society

ဝင်ခွင့်လျှောက်လွှာရဲ့ "HKSAR Government Scholarship Fund Targeted Scholarship – Belt and Road Scholarships" အပိုင်းမှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို တင်ပြရပါမယ်။ 

စိတ်ဝင်စားရင် အောက်ဖော်ပြပါ လင့်ခ်ကနေတဆင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားလို့ရပါပြီ။

>> https://ug.hku.hk/hku-applicant

Official Website >> belt-and-road-scholarship

-------------------

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

 

 

 

 

International Latest Post Read 1589 times