သင့်အနာဂတ် တက္ကသိုလ်ပညာရေးကို ပုံဖော်ပေးမယ့် Higher Education Pwal 2025

Higher Education Pwal ဆိုတာ နိုင်ငံတကာအဆင့်မီ ပညာရေးအား အမွေပေးချင်တဲ့ မိဘတွေ၊ နိုင်ငံရပ်ခြားမှာ ပညာသင်ကြားဖို့ အိမ်မက်ရှိတဲ့ ကျောင်းသားတွေ တက်ရောက်သင့်တဲ့ ပညာရေးပြပွဲတစ်ခု ဖြစ်ပါတယ်။

ပွဲကို ရန်ကုန်မြို့ရဲ့ အချက်အချာနေရာဖြစ်တဲ့ Sedona ဟိုတယ်မှာ ဇူလိုင်လ (၁၂) ရက်နေ့နဲ့ (၁၃) ရက်နေ့၊ မနက် (၁၀) နာရီကနေ ညနေ (၄) နာရီအထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ပွဲမှာ နိုင်ငံတကာကျောင်းတွေ၊ တက္ကသိုလ်တွေ၊ Scholarship Provider တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ပြည်ပမှာ ပညာသင်ကြားနိုင်မယ့်နည်းလမ်းတွေကို သိရှိနိုင်မယ့်အပြင် ပညာရေးနယ်ပယ်မှာ နာမည်ကျော်ကြားတဲ့ ဆရာ၊ ဆရာမကြီးတွေရဲ့ Talk Show တွေကိုလည်း နားထောင်ခွင့်ရမှာ ဖြစ်ပါတယ်။

ပွဲသွားပြီး ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲ?

  • မိမိအနာဂတ်ပညာရေးအတွက် မှန်ကန်တဲ့ နိုင်ငံ၊ မေဂျာကို ရွေးချယ်နိုင်ခြင်း
  • ပညာသင်ဆု၊ ဝင်ခွင့်လိုအပ်ချက်၊ နိုင်ငံတကာပညာရေးလမ်းကြောင်းတွေကို တစ်နေရာတည်းမှာ သိရှိနိုင်ခြင်း
  • Panel Talks နဲ့ Mini Workshop တွေမှ စိတ်ဝင်စားဖွယ် ဗဟုသုတများ ရရှိခြင်း
  • ကျောင်းလခတွေကို Discount များ၊ Promotion များနဲ့ ရရှိနိုင်ခြင်း
  • Fun Activities နဲ့ Lucky Draw အစီအစဉ်တွေမှာ ပါဝင်ခွင့်ရရှိနိုင်ခြင်း

Higher Education Pwal-2025 မှာ ကြိုက်နှစ်သက်ရာ တက္ကသိုလ်တစ်ခုမှာ ကျောင်းအပ်နှံခြင်း ပြုလုပ်လိုက်တာနဲ့ Sedona ဟိုတယ်မှာ မိသားစုလိုက် Staycation နေနိုင်မယ့် အခွင့်အရေးကို မဲဖောက်ပေးမှာ ဖြစ်ပါတယ်။ 

ပွဲမှာပါဝင်သွားမယ့် နိုင်ငံတကာကျောင်းများ

  • IHM International College 
  • H&S Ticketing & Consulting 
  • Top Vision Academy  
  • KBTC International School 
  • British United College
  • GYO - Grab Your Opportunity 
  • SIS Myanmar - Singapore International School 
  • American University of Yangon 
  • The One World International School 
  • StudyHub Malaysia
  • SGInterns by ORION ECS အပြင် တခြားပြည်တွင်း၊ ပြည်ပ နိုင်ငံတကာကျောင်းတွေ၊ တက္ကသိုလ်တွေ စုံစုံလင်လင် ပါဝင်ပြသသွားမှာ ဖြစ်ပါတယ်။ 

ပွဲကို စိတ်ဝင်စားလို့ တက်ရောက်မယ်ဆိုရင် အောက်ကလင့်ခ်မှာ စာရင်းသွင်းထားပြီး အခမဲ့ သွားရောက်လေ့လာနိုင်ပါတယ်။

> https://docs.google.com/forms/d/

ပွဲစဉ်အသေးစိတ်အချက်အလက်

နေ့ရက် - ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၂) ၊ (၁၃)

အချိန် - မနက် (၁၀) နာရီမှ ညနေ (၄) နာရီအထိ

နေရာ - Sedona Hotel (Grand Ballroom)

ဖုန်းနံပါတ် - 09 952 429 555

FB Page - https://www.facebook.com/educationfairmyanmar

Events & Exhibitions Latest Post Read 796 times