မြန်မာနိုင်ငံမှာ အမျိုးသားသင်ရိုးသင် ပုဂ္ဂလိကကျောင်းမှာဖြစ်ဖြစ်၊ နိုင်ငံတကာသင်ရိုးသင် ပုဂ္ဂလိကကျောင်းမှာဖြစ်ဖြစ် ဆရာ၊ ဆရာမအလုပ် လုပ်ကိုင်လိုသူတိုင်းမှာ ရှိကိုရှိထားရမယ့် Green Card (သို့) ပုဂ္ဂလိကကျောင်းဆရာမှတ်ပုံတင်အကြောင်းကို မျှဝေပေးသွားပါမယ်။
၂၀၂၃ ခုနှစ် ပုဂ္ဂလိကပညာရေးဥပဒေအရ ကိုယ်ပိုင် (သို့) ပုဂ္ဂလိကကျောင်းတွေဟာ ပုဂ္ဂလိကကျောင်းဆရာမှတ်ပုံတင် ကိုင်ဆောင်ထားတဲ့ ဆရာ၊ ဆရာမတွေကိုသာ အလုပ်ခန့်ခွင့် ရှိပါတယ်။
ဒါကြောင့် ပုဂ္ဂလိကကျောင်းဆရာမှတ်ပုံတင်ဆိုတာဘာလဲ၊ ဘယ်လိုလူတွေလျှောက်လို့ရလဲ၊ ဘယ်မှာ ဘယ်လိုလျှောက်ရမလဲဆိုတာ ပြောပြပေးပါမယ်။
Green Card (သို့) ပုဂ္ဂလိကကျောင်းဆရာမှတ်ပုံတင်
Green Card ဆိုတာက ကိုယ်ပိုင် (သို့) ပုဂ္ဂလိကကျောင်းတွေမှာ ကျောင်းဆရာအဖြစ် ဆောင်ရွက်လိုသူတိုင်း လျှောက်ထားရမယ့် အစိမ်းရောင် မှတ်ပုံတင်ကတ်လေးတစ်ခုပဲ ဖြစ်ပါတယ်။
ဒါကြောင့်လည်း Green Card လို့ခေါ်ကြတာဖြစ်ပြီး ပုဂ္ဂလိကပညာရေးဥပဒေအရ သတ်မှတ်အရည်အချင်းနဲ့ ပြည့်စုံတဲ့ ဆရာ၊ဆရာမတွေကိုသာ ပညာရေးဝန်ကြီးဌာနက ထုတ်ပေးတာဖြစ်ပါတယ်။
ဒီကတ်လေးရပြီဆိုမှ ပုဂ္ဂလိကကျောင်းတွေမှာ တရားဝင် စာသင်ကြားပြီး အသက်မွးဝမ်းကြောင်းပြုနိုင်မှာ ဖြစ်ပါတယ်။ ကတ်ပုံစံကတော့ QR code ပါဝင်တဲ့ Smart card အမျိုးအစားဖြစ်ပြီး ကတ်ကို စစ်ဆေးကြည့်ရုံနဲ့ ကိုင်ဆောင်ထားသူရဲ့ ကိုယ်ရေးအချက်အလက်ကို သိရှိနိုင်အောင် လုပ်ထားပါတယ်။
ကိုယ်ပိုင် (သို့) ပုဂ္ဂလိကကျောင်းအမျိုးအစား
လျှောက်ထားရမယ့်ပုံစံ
မြန်မာနိုင်ငံသားဆိုရင် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးထံမှာ လျှောက်လွှာထုတ်ယူပြီး လျှောက်ထားနိုင်ပါတယ်။
နိုင်ငံခြားသားဆိုရင် သက်ဆိုင်ရာ ကိုယ်ပိုင် (သို့) ပုဂ္ဂလိကကျောင်းရဲ့ ထောက်ခံချက်နဲ့ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးထံမှာ လျှောက်လွှာထုတ်ယူပြီး လျှောက်ထားနိုင်ပါတယ်။
လျှောက်ထားသူများအတွက် သတ်မှတ်အရည်အချင်း
(က) ပြည်တွင်း (သို့) ပြည်ပတက္ကသိုလ်တစ်ခုခုမှ သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ်အလိုက် မဟာဘွဲ့၊ ပါရဂူဘွဲ့ (သို့) ပညာရေးဘွဲ့ ရရှိသူ၊
(ခ) ပြည်တွင်း (သို့) ပြည်ပတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး ဆရာအတတ်ပညာဆိုင်ရာ ဒီပလိုမာ (သို့) လက်မှတ်ရရှိသူ၊
(ဂ) ပြည်တွင်း (သို့) ပြည်ပတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး ဝန်ကြီးဌာနက ဖွင့်လှစ်တဲ့ ပုဂ္ဂလိကဆရာအတတ်ပညာ ရက်တိုသင်တန်းဆင်းလက်မှတ်ရရှိသူ၊
(ဃ) အထက်ပါ သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံမှုမရှိသော်လည်း ပြည်တွင်း (သို့) ပြည်ပ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး တက္ကသိုလ်၊ ကောလိပ် (သို့) အခြေခံပညာကျောင်းမှ ဆရာဖြစ်စေ၊ နိုင်ငံတော်မှ ခွင့်ပြုထားသည့် ဘာသာရပ်ဆရာဖြစ်စေ ဆောင်ရွက်ခဲ့ပြီး သင်ကြားမှုအတွေ့အကြုံ အနည်းဆုံး ငါးနှစ်ရှိသူ။
ပြင်ဆင်ထားရမယ့် စာရွက်စာတမ်းများ
အကျူံးဝင်သက်တမ်း
ပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လက်မှတ်သက်တမ်းက စတင်ထုတ်ပေးတဲ့နေ့ကနေစပြီး (၃) နှစ်အထိ အကျူံးဝင်ပါတယ်။ ပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လက်မှတ် သက်တမ်းကို တိုးမြှင့်ချင်တယ်ဆိုရင် ခွင့်ပြုသက်တမ်း မကုန်ဆုံးမီ (၃) လ ကြိုတင်ပြီး လျှောက်ထားရပါမယ်။
ကုန်ကျစရိတ်
မြို့နယ်ပညာရေးမှူးရုံးမှာ လူတွေ့စစ်ဆေးပြီးနောက် ပုဂ္ဂလိကကျောင်းဆရာအဖြစ် မှတ်ပုံတင်ခွင့် ရရှိသူက သတ်မှတ်ထားတဲ့ မှတ်ပုံတင်ကြေးနဲ့ နှစ်စဉ်ကြေး ပေးသွင်းရပါမယ်။ မှတ်တ်ပုံတင်ကြေးမှာ ငွေကျပ် (၁) သိန်းဖြစ်ပြီး နှစ်စဉ်ကြေးမှာ ငွေကျပ် (၅) သောင်း ဖြစ်ပါတယ်။
လျှောက်ရမယ့်ကာလ
ပုဂ္ဂလိကကျောင်းဆရာမှတ်ပုံတင်ကတ်ကို ပညာသင်နှစ်တိုင်း ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ကာလအတွင်းမှာပဲ လျှောက်ထားလို့ရမှာဖြစ်ပြီး ပုံမှန်ကတော့ ဩဂုတ်လမှာ ခေါ်ယူလေ့ရှိပါတယ်။
=====================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။