Sales Hotline : 09448001653       Download App



သင်ရိုးသစ် ဒသမတန်း(Grade-10)တွင်ရွေးချယ်ထားသည့်ဘာသာတွဲကိုကျောင်းဖွင့်ပြီး တစ်လအတွင်း ပြောင်းခွင့်ပြု

ယခုပညာသင်နှစ်တွင် သင်ရိုးသစ်ဖြင့် စတင်သင်ကြား သည့် ဒသမတန်း (Grade-10)တွင် ကျောင်းသားကျောင်းသူများ သည် ဘာသာတွဲလေးခုအနက် တစ်ခု ရွေးချယ်သင်ယူရပြီး ထို ဘာသာတွဲကို မသင်ယူလိုပါက ကျောင်းဖွင့်ပြီး တစ်လအတွင်း ဘာသာတွဲ ပြောင်းခွင့်ပြုမည်ဟု အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းက ပြောသည်။

အခြေခံပညာအထက်တန်း အဆင့် အတန်းများကို ဇူလိုင် ၂၁ ရက်က ကျောင်းစဖွင့်ခဲ့သည်။ အထက်တန်းအဆင့် သင်ရိုးသစ်အ တန်းသတ်မှတ်ချက်အရ အဋ္ဌမတန်းအောင်မြင်သူများသည် အထက်တန်းအဆင့်၏ ပထမဆုံးအတန်းဖြစ်သည့် ဒသမတန်း (Grade-10) ကို တက်ရောက်ရသည်။

သင်ရိုးသစ် ဒသမတန်း (Grade-10)၌ ဘာသာတွဲလေးခု  သတ်မှတ်ထားပြီး ထိုဘာသာတွဲ လေးခုအနက် နှစ်သက်ရာ ဘာသာတွဲတစ်ခုကို ကျောင်းအပ်နှံရေးသီတင်းပတ်တွင် ကျောင်း သားကျောင်းသူများက ရွေးချယ်ရသည်။


မူလရွေးချယ်ခဲ့သည့် ဘာ သာတွဲကို မနှစ်သက်ဘဲ ဘာသာတွဲ ပြောင်းလဲလိုပါက ကျောင်းဖွင့်ပြီး တစ်လအတွင်း တစ်ကြိမ် ပြောင်းခွင့်ပြုရန် လတ်တလော သတ်မှတ်ထားသည်ဟု ဒေါက်တာတင်မောင်ဝင်းက ဆိုသည်။

‘‘သင်ကြည့်လို့ သူအရင်ရွေးထားတဲ့ဘာသာတွဲကို မကြိုက်ဘူး၊ ဘာသာတွဲ ပြောင်းချင်တယ်ဆိုရင် ကျောင်းဖွင့်ပြီး တစ်လအ တွင်း ပြောင်းခွင့်ပြုဖို့တော့ လတ် တလော သတ်မှတ်ထားတယ်။  ဒါနဲ့ပတ်သက်လို့ ဘယ်လိုလုပ် သင့်လဲဆိုတာ အမျိုးသားပညာ ရေးမူဝါဒကော်မရှင်ကိုလည်း တင်ပြထားတယ်’’ဟု ဒေါက်တာတင် မောင်ဝင်းက ပြောသည်။

 အထက်တန်းသင်ရိုးသစ် ဘာသာတွဲ အတွဲ(၁)တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတု ဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ လူမှုရေး သိပ္ပံ(ပထဝီဝင်+သမိုင်း+ ဘောဂ ဗေဒ)၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ ကာယပညာ (သို့မဟုတ်) အနုပညာ(ပန်းချီ) (သို့မဟုတ်) အနုပညာ(ဂီတ)၊  ဘာသာရပ်များ၊ အတွဲ (၂)တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒ၊ ပထဝီဝင်+ သမိုင်း၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊  ဘဝတွက်တာကျွမ်းကျင်စရာ၊ ကာယပညာ (သို့မဟုတ်) အနုပညာ(ပန်းချီ) (သို့မဟုတ်)အနု ပညာ (ဂီတ)ဘာသာရပ်များ ပါဝင်သည်။ အတွဲ(၃)တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ ဘောဂဗေဒ၊ သိပ္ပံ (ဓာတုဗေဒ+ရူပဗေဒ+ဇီဝဗေဒ)၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်းကျင်စရာ၊ ကာယပညာ (သို့မဟုတ်) အနုပညာ(ပန်းချီ) (သို့မဟုတ်) အနုပညာ(ဂီတ)ဘာသာရပ်များ၊ အတွဲ(၄)တွင် မြန်မာစာ၊အင်္ဂလိပ်စာ၊ သင်္ချာ၊ စိတ်ကြိုက်မြန်မာစာ၊ ဘောဂဗေဒ၊ ပထဝီဝင်+သမိုင်း၊ သိပ္ပံ (ဓာတုဗေဒ+ ရူပဗေဒ+ဇီဝဗေဒ)၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ ကာယပညာ (သို့ မဟုတ်) အနုပညာ (ပန်းချီ) (သို့မဟုတ်) အနုပညာ(ဂီတ) ဘာသာရပ်များ  ပါဝင်သည်။

ဘာသာတွဲတစ်ခုစီတွင် ဘာ သာရပ် ဆယ်ခုပါဝင်သော်လည်း မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ပထဝီဝင်၊ သမိုင်း၊ ဘောဂဗေဒ၊ လူမှုရေးသိပ္ပံ၊ သိပ္ပံ၊ ပထဝီဝင်+ သမိုင်း ဘာသာရပ်များကိုသာ ကျောင်းတွင်း စစ်စာမေးပွဲစစ် ဆေးမည်ဖြစ်သည်။

 အထက်တန်းသင်ရိုးသစ် ဒွါဒသမတန်း (Grade-12)တက် ရောက်ပြီးချိန်တွင် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုရမည်ဖြစ်ပြီး  ထိုစာမေးပွဲတွင် လူမှုရေးသိပ္ပံ၊ သိပ္ပံ၊ ပထဝီဝင်+သမိုင်းဘာသာရပ်များ  ကို စာမေးပွဲဖြေဆိုရန် မလိုအပ် ကြောင်း ပညာရေးဝန်ကြီးဌာနက အသိပေးထားသည်။

သင်ရိုးဟောင်းတွင် နဝမတန်း (Grade-10)၊ ဒသမတန်း(Grade-11) အတန်းနှစ်တန်းကို အခြေခံပညာ အထက်တန်းအ ဆင့်ဟု သတ်မှတ်ခဲ့သော်လည်း သင်ရိုးသစ်၌ အထက်တန်းအဆင့်တွင် ဒသမတန်း (Grade-10)၊ ဧကဒသမတန်း (Grade-11)၊ ဒွါဒသမတန်း (Grade-12)စသည့် အတန်းသုံးတန်း တက်ရ မည်ဟု ပညာရေးဝန်ကြီးဌာနက  သတ်မှတ်ထားသည်။

အလယ်တန်းအဆင့် သင်ရိုးဟောင်းတွင် နောက်ဆုံးအတန်း ဖြစ်သည့် အဋ္ဌမတန်း (Grade-9)ကို ပြီးခဲ့သည့်နှစ်က တက်ရောက် အောင်မြင်သူများသည် ယခုနှစ် တွင် သင်ရိုးသစ် ဒသမတန်း (Grade-10)၌ တက်ရသည်။

၎င်းတို့သည် ဒသမတန်း(Grade-10) အောင်မြင်ပြီးနောက် ဧကဒသမတန်း (Grade-11)၊ ဒွါဒသမတန်း(Grade-12)တို့ကို ဆက်လက်တက်ရောက်ပြီး မှသာ အထက်တန်းအဆင့် ပြီးဆုံးမည်ဖြစ်သည်။

 

Ref: 7day.news

Latest Post News Read 7678 times