Sales Hotline : 09448001653       Download App



နိုင်ငံတကာကျောင်း လျှောက်ထားလိုသူများအတွက် ဗဟုသုတများစွာရရှိနိုင်မယ့် Global Education Fair

 

 

နိုင်ငံတကာမှ ပညာတော်သင်ဆုများ၊ နိုင်ငံခြားကို ကျောင်းသွားတက်ဖို့ အစီအစဥ်ရှိသူများ၊ စိတ်ပါဝင်စားသူများ၊နိုင်ငံတကာကျောင်းလျှောက်ထားခြင်းနှင့် ပတ်သက်ပြီး သိရှိစုံစမ်းလိုသူများ အတွက် နိုင်ငံတကာမှ ကျောင်းများနဲ့ တိုက်ရိုက်ချိတ်ဆက်ပြုလုပ်သွားမယ့် “Edulink Myanmar Global Education Fair 2023” ကို ကျင်းပပြုလုပ်သွားမယ်လို့ သိရှိရပါတယ်။

 

ဒီပွဲမှာဆိုရင် Study in Canada, Study in the UK, Study in Singapore, Study in Australia, Study in Thailand  စတဲ့နိုင်ငံတကာ  ကျောင်းလျှောက်ထားခြင်းနဲ့   ပတ်သက်တဲ့ဆွေးနွေးခြင်းအစီအစဥ်များ၊ Visa Preparation နဲ့ပတ်သက်တဲ့ အမေးအဖြေကဏ္ဍများ၊ နိုင်ငံခြားမှာ ကျောင်းတက်ရောက်ပြီးသော   ကျောင်းသားဟောင်းများရဲ့   အတွေ့အကြုံများကို   ပြန်လည်မျှဝေပြောပြပေးတဲ့ အစီအစဥ်တွေ ပါဝင်မှာပဲ ဖြစ်ပါတယ်။

 

အဓိကအားဖြင့် ကိုယ်တတ်ချင်တဲ့ နိုင်ငံအလိုက် ကျောင်းလျှောက်တဲ့အခါ ဘာတွေလိုအပ်မလဲ၊ ဘာတွေ ကြိုတင်ပြင်ဆင်ထားဖို့လိုမလဲ၊ ကျောင်းတွေကို ကိုယ်နဲ့ အကိုက်ညီဆုံးဖြစ်အောင် ဘယ်လိုရွေးချယ်ကြမလဲ စတဲ့ အသေးစိတ်အကြောင်းအရာတွေကို သက်ဆိုင်ရာ Professional Education Counselor ကတွေက သေချာဖြေကြားပေးသွားမှာပါ။

Advertisement

Click Here > Sein Gay Har

ဒါကြောင့် လက်ရှိမှာ ဆယ်တန်း (သို့မဟုတ်) IGCSE O’Level အောင်မြင်ပြီးသော ကျောင်းသား/ ကျောင်းသူများနှင့် Scholarship များလျှောက်ထားပြီး နိုင်ငံတကာက အဆင့်မြင့်တက္ကသိုလ်တွေမှာ တက်ရောက်ဖို့ ပြင်ဆင်နေသူများအနေဖြင့် လက်မလွှတ်ပဲ အထူးတက်ရောက်သင့်ပါတယ်။

 

ဒီပွဲကို တက်ရောက်ခြင်းဖြင့် နိုင်ငံတကာကျောင်းများမှ သက်ဆိုင်ရာ Professional Education Counselor များနှင့် တိုက်ရိုက်ဆွေးနွေးခွင့် ရရှိမယ့်အပြင် Edulink Myanmar ကျောင်းသို့ လာရောက်သော သူများအတွက် အခြားအထူးအစီအစဥ်များ အနေဖြင့် ကျောင်း Application Fee များအခမဲ့ပေးခြင်း၊ Up to 50% Scholarship များပေးအပ်ခြင်း၊ စိတ်ဝင်စားဖွယ် ကံစမ်းမဲ အစီအစဥ်များလည်း ထည့်သွင်းပြုလုပ်သွားမှာ ဖြစ်ပါတယ်။


ပွဲအစီအစဥ်အသေးစိတ်ကို အောက်မှာဖော်ပြပေးထားပါတယ်_

 

ကျင်းပမည့်နေရက် - ၂၀၂၃ ဧပြီလ ၁ ရက်နေ့

ကျင်းပမည့်အချိန် - နံနက် ၉း၃၀ မှ ညနေ ၅း၀၀

ကျင်းပမည့်နေရာ -

Edulink Myanmar Office (Junction Square Level-4 or Online VLE

 

ဒီပွဲကို စိတ်ဝင်စားလို့ တက်ရောက်ချင်တယ်ဆိုရင်တော့ အောက်ဖော်ပြပါလင့်ခ်မှတစ်ဆင့် နာမည် စာရင်းပေးသွင်းထားနိုင်ပါတယ်။

 

နာမည်စာရင်းပေးသွင်းရန် >> https://forms.gle/FiXseRcebXmu4oRM6 

 

Credit to Myanmar Education Fair Facebook Page

 

Latest Post Local News Read 479 times